Zawgyi
တနင်္လာမနက်ခင်းမှာ ချီဖန်းစောစောထပြီး ကိုယ်လက်သန့်စင်လိုက်တယ်။ ဖုန်းထဲဝင်လာတဲ့ messageအရ ယွီမော့ရောက်နေနှင့်တာကို သိလိုက်ရတယ်။ ယွီမော့ဟာ အနက်ရောင်ကားကြီးထဲမှာ ထိုင်နေပြီး အထဲဝင်လာတဲ့ ချီဖန်းကို အိတ်တစ်အိတ် ကမ်းပေးလိုက်တယ်။
ချီဖန်း ဖွင့်ကြည့်လိုက်ချိန်မှာ ပူပူနွေးနွေး ပေါက်စီ၎လုံးကို တွေ့လိုက်ရတယ်။
"မနက်စာမစားရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်"
ယွီမော့က ခပ်တည်တည် ပြောလာတယ်။ချီဖန်း ခေါင်းငြိမ့်လိုက်ရတယ်။ မနက်စာ စားလေ့မရှိတာဟာ အရင်ဘဝကတည်းက အကျင့်ဖြစ်နေတာ။ မစားချင်တာကြောင့် မဟုတ်ဘဲ အမြဲတမ်း အလုပ်ရှုပ်နေတာကြောင့် ချက်ပြုတ်ဖို့ အချိန်မပေးနိုင်သလို သူ့ဗီလာထဲကို လူစိမ်းတွေ အဝင်မခံချင်တာကြောင့်လည်း ချက်ပြုတ်ပေးဖို့ လူမငှားဖြစ်ဘဲ တဖြည်းဖြည်းနဲ့ မနက်စာစားတတ်တဲ့ အလေ့အကျင့် ပျောက်ဆုံးသွားရတော့တယ်။
"ကျောင်းရောက်မှ စားတော့မယ်" ချီဖန်း သက်ပြင်းချလိုက်ပြီး ကတိပေးလိုက်တယ်။
ယွီမော့ တွေဝေသွားပေမယ့် မျက်လုံးတွေမှိတ်ပြီး အနားယူနေတဲ့ ချီဖန်းကိုမြင်တော့ ဘာမှမပြောလိုက်တော့ဘူး။
ကျောင်းအနီးနားတဝိုက်မှာ ကားရပ်သွားခဲ့တယ်။ ပါကင်ထိုးတဲ့နေရာက ကျောင်းဂိတ်ပေါက်နဲ့ အလှမ်းဝေးတာကြောင့် ဘယ်သူမှ ကားကိုမမြင်လိုက်ကြဘူး။ ချီဖန်း သက်တောင့်သက်သာပဲ ကားထဲကထွက်ကာ ယွီမော့နဲ့အတူ ကျောင်းထဲကို ဝင်လာလိုက်တယ်။
အတန်းထဲရောက်တာနဲ့ ချီဖန်း ပေါက်စီတွေ စားနေတာကို သေချာစောင့်ကြည့်ပြီးမှ ယွီမော့ သူ့ခုံသူ ပြန်သွားခဲ့တယ်။ ဖန်းကျီဖေးကတော့ ထိုနှစ်ယောက်ထက် စောရောက်နေပြီး မနက်စာစားနေတဲ့ ချီဖန်းကို အံ့ဩရမလား နှစ်ယောက်သား အတူတူကျောင်းလာကြတာကို အံ့ဩရမလား ဝေခွဲမရဖြစ်နေခဲ့တယ်။
"မင်းတို့နှစ်ယောက် ကျောင်းပေါက်ဝမှာ တွေ့ခဲ့ကြတာလား?" ဖန်းကျီဖေး စပ်စုလိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.