Chapter [14]

3.7K 702 31
                                    

Zawgyi

တစ်စုံတစ်ယောက်အားလာကြိုခြင်း

ချီဖန်းက e-sportsတွေကို စိတ်မဝင်စားပေမယ့် ဖန်းကျီဖေးရဲ့ ဂိမ်းပြိုင်ပွဲက စနေနေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ဖန်းကျီဖေးပေးတဲ့ လက်မှတ်ကိုယူကာ သူ့အမေကို အကျိုးအကြောင်း အသိပေးပြီး ဂိမ်းပြိုင်ပွဲကိုကြည့်ဖို့ ကားငှားလာခဲ့တယ်။

ပြိုင်ပွဲကျင်းပမယ့် ကွင်းကြီးက အလွန်ကြီးမားလေတယ်။ ချီဖန်းက ပြိုင်ပွဲဝင်ကိုယ်တိုင်ပေးထားတဲ့ လက်မှတ်ကိုကိုင်ကာ နေရာရှာကြည့်တော့ စတိတ်စင်နဲ့ ၃ ၄တန်းအကွာမှာ ခုံကိုတွေ့လိုက်ရတယ်။ ပြိုင်ပွဲဝင် ကစားသမားတွေရဲ့ အမူအရာကို တစ်ဖက်မြင် ရှုထောင့်ကနေသာ မြင်နိုင်လေတယ်။ အံ့ဩဖို့ကောင်းတာက ဂိမ်းပြိုင်ပွဲကို လူတွေအများကြီး လာကြည့်ကြပြီး အများစုက အားပေးဖို့ အသင်းနာမည်တွေနဲ့ bannerတွေကိုတောင် ယူဆောင်လာကြတယ်။

ချီဖန်းက ဂိမ်းမကစားဖူးဘူး။ ဂိမ်းအပေါ် သူ့ရဲ့အမြင်ဟာ ဖန်းကျီဖေး ကစားတုန်းက ဘေးမှာတစ်ခါ ထိုင်ကြည့်ခဲ့ဖူးတာပဲရှိတယ်။ သို့သော်လည်း နေရာမှာထိုင်ရင်း စတိတ်စင်ပေါ်က ကစားသမားတွေရယ်၊ အောက်ကအားပေးနေကြတဲ့ လူအုပ်ကြီးကိုကြည့်ရင်း ချီဖန်းဟာ ဖန်းကျီဖေးဘာကြောင့် ဒီဂိမ်းအတွက် အရမ်းကို ကြိုးစားနေရတာလဲဆိုတာ ရုတ်တရက် နားလည်သွားတယ်။

စတိတ်စင်အလယ်မှ အကြီးစားစခရင်ကြီးဟာ မီးရောင်တွေ တောက်ပနေပြီး ကစားသမား တစ်ယောက်ချင်းစီကို မိတ်ဆက်ပြသနေလေတယ်။ ဖန်းကျီဖေးတို့ အသင်းရဲ့နာမည်က 'ခွင်းဖန်' လို့ပေးထားမှန်း သိလိုက်ရပြီး ကစားသမားအားလုံးကို မိတ်ဆက်ပြီးချိန်မှာတော့ စခရင်ကြီးပေါ်မှာ ဂိမ်းကိုစတင်ပြသနေပြီဖြစ်တယ်။

ချီဖန်းဟာ အဆိုပါဂိမ်းကို တစ်ခါမှ မကစားဖူးသလို ဂိမ်းရဲ့လုပ်ဆောင်ချက်တွေကိုလည်း နားမလည်ပေမယ့် အောက်ကလူအုပ်ကြီးရဲ့ အမူအရာအလိုက် ဂိမ်းရဲ့အခြေအနေကို ခန့်မှန်းနိုင်လိုက်တယ်။

ပြိုင်ပွဲတစ်ခုလုံးကို point systemနဲ့ ဆုံးဖြတ်တာဖြစ်ပြီး pointများတဲ့ အသင်းက အနိုင်ရကာ pointနည်းတဲ့ အသင်းက ရှုံးနိမ့်မှာဖြစ်တယ်။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now