Zawgyi
မိသားစု
မေမေချီ တံခါးဖွင့်လိုက်တဲ့အချိန် အိမ်ရှေ့မှာ ရပ်နေတဲ့ သူမသားအငယ်ဆုံးလေးကြောင့် အံ့အားသင့်သွားခဲ့တယ်။
ထို့အပြင် သူမသားလေးက မျက်လုံးတွေလည်း နီရဲနေသေးတယ်!
"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ?!"
မေမေချီက ထိတ်လန့်သွားပြီး သူမသားလေးကို အိမ်ထဲဝင်စေကာ အနောက်ကို လှမ်းကြည့်လိုက်ပြီး ဘယ်သူမှလိုက်မလာတာကို တွေ့တော့မှ တံခါးကို ဖြည်းညင်းစွာ ပြန်ပိတ်လိုက်တယ် : "ဘာဖြစ်လို့လဲ အားဖန်း ကျောင်းမှာအနိုင်ကျင့်ခံရလို့လား?"မေမေချီရဲ့အသံက မကျယ်ပေမယ့် ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဖေဖေချီနဲ့ ဒုတိယအစ်ကိုက ကြားသွားခဲ့တယ်။ ချီမိသားစုရဲ့ ဒုတိယအစ်ကိုက ငေါက်ခနဲ ထရပ်လိုက်ပြီး : "ဘာဖြစ်တာလဲ မား? ရှောင်ဖန်းက အနိုင်ကျင့်ခံရတာလား?"
ချီဖန်းက ပြောစရာမဲ့သွားတော့တယ်။ မေမေချီရဲ့ မျက်လုံးထဲမှာ သူက ငိုယိုပြီး အိမ်ကိုအပြေးလာကာ အမေကိုလာရှာတဲ့ ကလေးလေး ဖြစ်နေဆဲပဲ။
"မား ကျွန်တော် အဆင်ပြေပါတယ် ဒီတိုင်း..."
ချီဖန်းက ခေတ္တရပ်တန့်လိုက်ပြီး သူ့အသံကို မတုန်ယင်စေဘဲ : "အိမ်ပြန်လာတဲ့လမ်းမှာ လေတွေအရမ်းတိုက်နေတော့ ဖုန်တွေသဲတွေ မျက်လုံးထဲ ဝင်သွားပြီး နည်းနည်းနီသွားတာပါ"မေမေချီက ချီဖန်းရဲ့ မျက်လုံးထောင့်တွေကို သေချာဂရုတစိုက် ကြည့်လိုက်ပြီး ယုံတဝက် မယုံတဝက်နဲ့ မေးလိုက်တယ် : "တကယ်လား?"
ချီဖန်းက ခေါင်းငြိမ့်ပြလိုက်တယ်။ မေမေချီက ချီဖန်းရဲ့ နဖူးလေးကို အသာတောက်လိုက်ပြီး : "ကလေးလေး အိမ်ပြန်လာချင်ရင်လည်း ဒရိုင်ဘာက လာခေါ်ပေးမှာပေါ့ တစ်ယောက်တည်း ပြန်လာတာ ဘယ်လောက်တောင် အန္တရာယ်များလိုက်သလဲ?"
ချီဖန်းက ပြုံးကာ ခေါင်းငြိမ့်လိုက်ပြီး မငြင်းဆန်ခဲ့လေဘူး။ ဒုတိယအစ်ကိုကတော့ ဘေးမှာတောင့်တောင့်ကြီး ရပ်နေပြီး သူ့ညီလေးရဲ့ နာခံနေတဲ့ အပြုအမူကြောင့် အံ့အားသင့်သွားတော့တယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.