Chapter [36]

3K 462 18
                                    

Zawgyi

နှလုံးသားထဲကလက်ဆောင်

ရာသီဥတုက ပိုပြီးအေးလာသလို သူတို့ဝတ်ရတဲ့ အနွေးထည်တွေကလည်း ပိုပြီးထူလာခဲ့တယ်။ ဒီဇင်ဘာမှာ နေ့တာတိုလာတာကြောင့် သူတို့ကျောင်းဆင်းတော့ အပြင်မှာ မှောင်နေခဲ့ပြီ။ ချီဖန်း စာသင်ဆောင်ကနေ ထွက်လာလာချင်းမှာပဲ လေအေးတစ်ဆုပ်က သူ့မျက်နှာကို လာရောက်ရိုက်ခတ်လေတယ်။ သူမော့ကြည့်လိုက်တော့ စာသင်ဆောင်ရှေ့က မီးရောင်တွေမှတဆင့် ကျဆင်းနေတဲ့ နှင်းပွင့်ဖတ်လေးတွေကို မြင်လိုက်ရတယ်။

"နှင်းကျနေတာလား?" ဖန်းကျီဖေး ကောင်းကင်အား မော့ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်တယ် : "မနက်ဖြန် ကာယချိန်ကို ဘယ်လိုလုပ်ရပါ့?"

သူ့မှာနှင်းပွင့်တွေနဲ့ ပတ်သက်ပြီး ဘာခံစားချက်မှ မရှိဘူး။ သူ့ခေါင်းထဲ ပထမဆုံး ဝင်ရောက်လာတဲ့ အတွေးကတော့ မနက်ဖြန် ကာယချိန် ဖျက်သိမ်းခံရမှာ ၈၀%သေချာသလောက်ပင်။

ချီဖန်းဟာ လည်ပင်းပေါ်က မာဖလာကို စည်းနှောင်လိုက်ပြီး ရယ်လိုက်တယ် : "စာမေးပွဲက လဝက်ပဲ လိုတော့တာကို နေ့တိုင်းဆော့ချင်နေတုန်းလား စာမေးပွဲကျရင် အန်ကယ်ဖန်းက ရိုက်မှာကို မကြောက်ဘူးလား?"

ဖန်းကျီဖေးဟာ သူ့အဖေရဲ့ လက်သံပြောင်မှုကို ပြန်စဉ်းစားရင်း တုန်လှုပ်သွားတယ် : "အရိုက်မခံချင်ပါဘူးကွာ ဒါပေမယ့် ငါစာလည်း မလုပ်ချင်ဘူး"

သူတွေဝေနေသေးပေမယ့် မခုခံနိုင်ဘူး။ ချီရှောင်ဖန်းတစ်ယောက် စာလုပ်ချင်စိတ်တွေ ဘယ်ကပေါ်ပေါက်လာလဲဆိုတာ သူနားမလည်တော့ဘူး။

ချီဖန်း ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်တယ်။ ဖန်းကျီဖေးက ဉာဏ်ကောင်းပေမယ့် စာမလုပ်ချင်တာ။ တခြားအရာတွေ မပြောနဲ့ သူကစားနေတဲ့ ဂိမ်းကိုပဲကြည့်လေ။ သူဆိုရင် နားလည်နိုင်ဖို့ အတော်လေး နောက်ကျခဲ့ရတယ်။ ဂိမ်းထဲက လုပ်ဆောင်ပုံတွေ၊ စကေးတွေ အမျိုးမျိုးကို မပြောနဲ့။ ကစားနည်းတွေ မြေပုံကြည့်တာတွေကိုတောင် မနည်းလေ့လာခဲ့ရတာ။ ဖန်းကျီဖေးကတော့ အားလုံးကို အလွတ်မှတ်မိရုံတင်မကဘူး။ ကစားနည်းတွေ စကေးသုံးတာတွေကိုတောင် ထူးထူးချွန်ချွန် တတ်မြောက်ထားတာ။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now