Zawgyi
ဖော်မပြနိုင်လောက်တဲ့အရသာ
ဖန်းကျီဖေးတစ်ယောက် ယွီမော့ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို နားမလည်နိုင်တော့ဘူး။
ကျောင်းဆင်းချိန်မှာတော့ ဖန်းကျီဖေး ချီဖန်းအား နှုတ်ဆက်ကာ အိမ်ပြန်သွားတော့တယ်။
ချီဖန်း ပြန်နှုတ်ဆက်လိုက်ပြီးနောက် လွယ်အိတ်အားသိမ်းကာ ယွီမော့ဆီ လျှောက်သွားလိုက်တယ် : "ဒီနေ့တော့ မင်းကိုဒုက္ခပေးရဦးမှာပဲ"
နေ့လယ်တုန်းက ရုတ်တရက် ဒရိုင်ဘာဦးလေးက သူ့ကိုဖုန်းခေါ်လာခဲ့ပြီး ချီဖန်းအန်တီရဲ့ မိသားစုက ဒီနေ့မှာ မတော်တဆမှုတစ်ခု ဖြစ်ပျက်ခဲ့တာကြောင့် ဖေဖေချီရော မေမေချီရော အစ်ကိုနှစ်ယောက်ရော အိမ်နီးချင်းမြို့ဆီ သွားကြမှာဖြစ်ကြောင်း လှမ်းအကြောင်းကြားလာခဲ့တယ်။ ထို့ကြောင့် ချီဖန်း သူ့ဘာသာသူ အိမ်ပြန်ရမှာဖြစ်ပြီး ယွီမော့ကားနဲ့ ပြန်လိုက်လို့ရမလားလို့ messageပို့ မေးခဲ့တာဖြစ်တယ်။
ယွီမော့က ခေါင်းယမ်းကာ မတ်တပ်ထရပ်လိုက်ပြီး : "ဒုက္ခမဖြစ်ပါဘူး"
သူ ချီဖန်းရဲ့ messageကို မြင်လိုက်ရချိန်က သူ့နှလုံးသားထဲမှာ ပျော်ရွှင်မှုတွေတောင် တဖွားဖွား ပေါ်ပေါက်လာခဲ့သေးတယ်။
ယွီမိသားစုရဲ့ကားက မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာ ရပ်စောင့်နေပြီး ဒရိုင်ဘာကလည်း အရင်တစ်ခေါက်တုန်းက ဒရိုင်ဘာပဲ။ ကားထဲဝင်လာတဲ့ ချီဖန်းကိုမြင်တော့ မအံ့ဩတဲ့အပြင် အပြုံးလေးနဲ့တောင် နှုတ်ဆက်လာတယ်။
ချီဖန်း ကားထဲကိုရောက်တာနဲ့ မျက်လုံးမှိတ်ကာ နောက်ခုံကိုမှီလိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် ကြိုးစားလိုက်တယ်။ သူ ကားမူးတတ်တာကို ယွီမော့လည်း သိတာကြောင့် ဆေးသောက်ဖို့ ပြောလာခဲ့တယ်။ သူ့ဘေးနားမှာ အိပ်နေတာကို ဘာမှမပြောဘဲ ဘေးကနေ တိတ်တဆိတ်သာ ထိုင်ကြည့်နေခဲ့တယ်။
ဒီနေ့က တစ်ကိုယ်တော်သမားတွေအတွက် နေ့ထူးဖြစ်တာကြောင့်လား မသိပေမယ့် လမ်းမှာကားတွေပိတ်နေပြီး ဗီလာကို အချိန်အတော်ကြာမှ ပြန်ရောက်လာတယ်။ ယွီမော့ရဲ့ကားက လမ်းဆုံမှာ ရပ်ပေးလာပြီး ချီဖန်းလည်း ကားပေါ်က အသာဆင်းလိုက်တယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.