Chapter [17]

3.7K 652 30
                                    

Zawgyi

လူသားခေါင်းအုံး

ဖန်းကျီဖေး စာမပြန်တော့တာကိုတွေ့တော့ ချီဖန်းဖုန်းပြန်သိမ်းပြီး ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်တယ်။

တန်းခွဲ၁၂မှာ စုစုပေါင်း ကျောင်းသား၃၀ကျော်ရှိပေမယ့် ဖန်းကျီဖေး အပါအဝင် ကျောင်းသားတစ်ချို့ ရောက်မလာတာကြောင့် ဘတ်စ်ကားပေါ်မှာ ထိုင်ခုံနေရာတစ်ချို့ လွတ်နေလေတယ်။ ဆောင်းဦးရာသီ အားလပ်ရက် ခရီးကို နှစ်တိုင်းထွက်ရပေမယ့် ကျောင်းသားအများစုက ပျော်ပျော်ရွှင်ရွှင် လိုက်ပါလာကြဆဲပဲ။

ချီဖန်းဘေးမှာ ထိုင်တဲ့သူဟာ အတန်းရဲ့ အားကစားအသင်းက ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကြည့်ကောင်းကာ ဖြတ်လတ်တက်ကြွလေတယ်။ လှည့်ကြည့်လာတဲ့ ချီဖန်းကိုမြင်တော့ ထိုကောင်လေးက နှုတ်ဆက်လာခဲ့တယ်။

ချီဖန်းလည်း ပြန်ပြုံးပြလိုက်ပြီး ကားနောက်ပိုင်းကို မသိမသာ လှည့်ကြည့်လိုက်မိတယ်။ အတိအကျကိုပဲ နောက်ဆုံးတန်းမှာ တစ်ယောက်တည်းထိုင်ကာ မျက်စိမှိတ်ပြီး အနားယူနေတဲ့ ယွီမော့ကို တွေ့လိုက်ရလေတယ်။

"ဘာဖြစ်လို့လဲ? ယွီမော့နဲ့ အတူတူ ထိုင်ချင်လို့လား?"
ဘေးကကျောင်းသားဟာ ချီဖန်းကြည့်နေတဲ့ နေရာကို လှည့်ကြည့်လိုက်တော့ ယွီမော့အား တွေ့လိုက်ရလေတယ်။ အားကစားအသင်းက ကျောင်းသားဟာ အတန်းသား တော်တော်များများနဲ့ ခင်မင်ရင်းနှီးတာကြောင့် လွတ်နေတဲ့ခုံမှာ ဝင်ထိုင်လိုက်မိတာဖြစ်သော်လည်း ယွီမော့ကို လှည့်ကြည့် လှည့်ကြည့်လုပ်နေတဲ့ ချီဖန်းကိုမြင်တော့ သူ ယွီမော့နေရာကို ဝင်များလုမိတာလားလို့ တွေးတောလိုက်မိတယ်။

တစ်တန်းလုံးမှာ ယွီမော့နဲ့ စကားပြောနိုင်တဲ့သူဆိုလို့ ချီဖန်းပဲရှိတာ။ ဒါ့အပြင် ဒီလိုအားလပ်ရက် ခရီးစဉ်တွေက ရှားပါးတာကြောင့် လူတိုင်းပျော်ချင်ကြမှာပဲ!

အားကစားအသင်းက ကျောင်းသားဟာ တုံ့ဆိုင်းခြင်းမရှိ ချက်ချင်းထရပ်လိုက်ပြီး လက်ယမ်းပြလိုက်တယ် : "ရပါတယ် ငါ ယွီမော့နဲ့ နေရာလဲပေးမယ် မင်းခဏစောင့်"

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now