Zawgyi
ယွီမိသားစုကအရမ်းအာဏာကြီးတယ်
နောက်ရက်က တနင်္ဂနွေနေ့ဖြစ်တာကြောင့် ချီဖန်းတစ်ယောက် ၁၀နာရီထိုးမှ အိပ်ရာထခဲ့တယ်။ ချီမိသားစုဝင်တွေကတော့ ပြန်ရောက်မလာသေးဘဲ အန်တီတို့မိသားစုရဲ့ ပြဿနာတွေက အခုထိ ဖြေရှင်းမပြီးသေးတာကြောင့် သူတို့တွေ ရက်အနည်းငယ်လောက် ထပ်နေရဦးမှာဖြစ်ကြောင်း မေမေချီက သူ့ဆီmessage ပို့လာခဲ့တယ်။
ချီဖန်းဟာ သူ့အမေဆီက messageထဲမှ လူတစ်ယောက်ရဲ့ နာမည်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဖုန်းကိုဘေးဘက်ပစ်လိုက်တယ်။
ပြတင်းပေါက် အပြင်ဘက်မှာ နေရောင်ခြည်ဟာ ထိန်လင်းတောက်ပနေလေတယ်။ ချီဖန်း ပျင်းတိပျင်းရွဲဖြင့် ခါးကြောဆန့်လိုက်ချိန်မှာ ဖန်းကျီဖေးကသူ့ကို အပြင်ထွက် ကစားရအောင် လှမ်းခေါ်သော messageတစ်စောင် ဝင်လာခဲ့တယ်။ ချီဖန်း စဉ်းစားမိတယ်။ သူ စာကြိုးစားဖို့အတွက် လုံးပမ်းနေခဲ့ရတာ အတော်ကြာပြီဖြစ်ပြီး ခဏလောက် အပြင်ထွက် အနားယူလိုက်ရရင်လည်း ကောင်းတာပါပဲ။
နှစ်ယောက်သား ချိန်းဆိုမှုတစ်ခု လုပ်လိုက်ကြတယ်။ ထို့နောက် ဖြစ်သလို ပေါင်မုန့်တစ်လုံးကို မနက်စာအဖြစ်စားကာ အဝတ်အစားလဲလိုက်ပြီး အပြင်သွားဖို့ပြင်လိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ ဒရိုင်ဘာကလည်း ပြန်မရောက်သေးတာကြောင့် ဘတ်စ်ကားဂိတ်ဆီ ခြေကျင်လျှောက်သွားလိုက်ရတယ်။
ပိတ်ရက်ဖြစ်တာကြောင့် ဘတ်စ်ကားမှတ်တိုင်မှာ လူအနည်းငယ်သာရှိလေတယ်။ ချီဖန်း မှတ်တိုင်အောက်မှာရပ်ကာ အကြာကြီးစောင့်ဆိုင်းနေရတာကြောင့် အနည်းငယ် ပျင်းရိနေခဲ့တယ်။ အခြားဘတ်စ်ကားတစ်စီးက မှတ်တိုင်မှာ အရင်ဆိုက်ရောက်လာပြီး လူနှစ်ယောက် ကားပေါ်က ဆင်းလာကြတယ်။ ချီဖန်း ထိုနှစ်ယောက်အားကြည့်ကာ မျက်ခုံးပင့်လိုက်မိတယ်။
တစ်ယောက်က အသက်၄၀ကျော် မိန်းမတစ်ယောက်ဖြစ်ကာ အနီရဲရဲဝတ်စုံကို ဝတ်ဆင်ထားပြီး သူမဘေးက ဆယ်ကျော်သက်လေးကတော့ သူမသားဖြစ်ပုံရတယ်။ ထိုကောင်လေးကိုကြည့်ရင်း ချီဖန်း မျက်မှောင်ကြုတ်လိုက်မိတယ်။ ကောင်လေးက အမျိုးသမီးကြီးကို တစ်ခုခုပြောနေပေမယ့် ထိုအမျိုးသမီးက လက်မခံဘဲ ကောင်လေးအား အတင်းဆွဲခေါ်ကာ ဗီလာဧရိယာရဲ့ ဂိတ်တံခါးဝဆီကို လျှောက်သွားကြလေတယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.