Chapter [23]

3.3K 610 44
                                    

Zawgyi

ကျွန်တော့်ရဲ့ဂိုက်ဆရာလေး

တစ်ခဏလောက် ချီဖန်းဟာ သူ့ကိုယ်သူ အစအနောက်ခံနေရတဲ့ ဗိုင်းကောင်းကျောက်ဖိ မိန်းမပျိုလေးလို ခံစားလိုက်ရတယ်။ နားရွက်ဖျားလေးတွေ နီရဲနေပြီး လက်ကလေးတွေလည်း တုန်ယင်ကာ လူယုတ်မာကြီးဆီက ရုန်းထွက်ဖို့ သတ္တိတွေ စုစည်းနေတဲ့ မိန်းမပျိုလေးလိုမျိုး...

မဟုတ်သေးဘူး။

ချီဖန်း သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်တယ် : "ဘာတွေပြောနေတာလဲ?"

ထို့နောက် တံခါးကျယ်ကျယ်ဖွင့်ပေးလိုက်ပြီး ယွီမော့ကို အထဲဝင်ခိုင်းလိုက်တယ်။ ယွီမော့ရဲ့ ထိုအပြုအမူကြောင့် သူ့နှလုံးသားထဲက မကျေနပ်ချက်တွေ ကင်းစင်သွားပြီး ပျော်ရွှင်ကျေနပ်မှု အနည်းငယ်တောင် ခံစားလိုက်ရလေတယ်။

ယွီမော့ဟာ ဘာကြောင့်ရယ်မသိ တစ်ခုခု လစ်ဟာသွားသလို ခံစားလိုက်ရပြီး အခန်းထဲကို တိတ်တဆိတ် ဝင်လာလိုက်တယ်။

စာဆက်သင်ချိန်မှာတော့ ဘာမှထပ်မဖြစ်ပျက်ခဲ့ဘူး။ စာသင်ချိန်ကို ညနေ၆နာရီထိ ဆက်ခဲ့ပြီး အပြင်မှာ မှောင်တောင်မှောင်နေပြီ။ မေမေချီ ဖုန်းဆက်လာတာကြောင့် ချီဖန်း ဖုန်းလက်ခံ ပြောဆိုပြီးနောက် ယွီမော့ကို ကြည့်လိုက်တယ် : "ငါအိမ်ပြန်ရတော့မယ် ငါ့အမေခေါ်နေပြီ"

ယွီမော့ လက်ထဲက ဘောပင်ကို အောက်ချလိုက်ပြီး ခေါင်းငြိမ့်လိုက်တယ် : "ကောင်းပြီ"

ချီဖန်းဟာ စားပွဲပေါ်က သူ့စာအုပ်တွေကို ကောက်သိမ်းလိုက်ပြီး ယွီမော့အား စပ်စုစွာ မေးလိုက်တယ် : "မင်းမိဘတွေရော?"

ယွီမော့ ပြန်ဖြေလိုက်တယ် : "သူတို့သွားစရာ ညစာစားပွဲတစ်ခုရှိလို့ ပြန်မလာနိုင်ဘူး မင်းသူတို့နဲ့ တွေ့ချင်လို့လား?"

ချီဖန်း ခေါင်းယမ်းလိုက်တယ်။ သူပြန်မွေးဖွားလာပြီးကတည်းက ယွီမော့ဟာ ယွီမိသားစုဝင်ဆိုတာ သိခဲ့ရပြီး ယွီမော့နဲ့ တမင်တကာ သူငယ်ချင်းဖွဲ့သင့်သလားလို့လည်း စဉ်းစားမိတယ်။ ထိုမှသာ ယွီမိသားစုက သူတို့ချီမိသားစုကို ကယ်တင်ပေးနိုင်မှာလို့ တွေးခဲ့မိပေမယ့် အခုတော့... ချီဖန်း ယွီမော့အား စိုက်ကြည့်ရင်း စိတ်ထဲကနေ သက်ပြင်းချလိုက်တယ်။

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now