Zawgyi
သူငယ်ချင်းကိုကြိုက်နေတာ
ညအချိန်က လူတိုင်းရဲ့ အနားယူချိန်ဖြစ်တာကြောင့် အင်တာနက်အသုံးပြုသူတွေဟာ ဖိုရမ်အား ပျင်းရိစွာ အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် လုပ်နေကြလေတယ်။ အထက်ပါပို့စ်ရှိ အကြောင်းအရာတို့ကို မြင်လိုက်ရချိန်မှာတော့ စိတ်ဝင်စားစရာ တွေ့သွားသည့်အလား သူတို့မျက်လုံးတွေဟာ ပြူးကျယ်တောက်ပလာတော့တယ်။
သူငယ်ချင်းကောင်း? ဝန်ခံတယ်? ဒါသေချာပေါက် ဈေးဗန်းခင်းရမယ့်ပို့စ်ပဲ။
ယွီမော့ ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲလိုက်ချိန်မှာတော့ ရှည်လျားသော ပြန်စာတပြုံကြီး သူ့ပို့စ်အောက်မှာ စီတန်းနေခဲ့တယ်။
1L : အစက်
2L : အစက်
.....
ယွီမော့ကတော့ ထိုအစက်တွေကို နားမလည်တာကြောင့် မျက်မှောင်ကြုတ်ရင်း အောက်ကိုဆက်ကြည့်လိုက်ရာမှာ နောက်ဆုံးတော့ ပြန်စာအရှည်ကြီးကို တွေ့လိုက်ရတယ်။
12L : ပို့စ်ပိုင်ရှင်က သူ့သူငယ်ချင်းကို ၈၀%မနာလိုနေတာပဲ ကျွတ်ကျွတ်ကျွတ် ပလတ်စတစ် ညီအစ်မတွေပါလား
မနာလိုတယ်...? ယွီမော့ ထိုအချိန်က သူဘယ်လိုခံစားနေရလဲဆိုတာ ပြန်စဉ်းစားကြည့်မိတယ်။ ကသိကအောက် နေမထိထိုင်မသာနဲ့ ဒေါသထွက်မိတာပဲရှိတာ မနာလိုတာမျိုး မခံစားမိပါဘူး။
ပို့စ်ပိုင်ရှင်မှ 12Lအား အကြောင်းပြန်သည် : ငါသူ့ကို မနာလိုတာ မဟုတ်ဘူး ပြီးတော့ ငါတို့က ယောက်ျားလေးတွေ ညီအစ်မတွေ မဟုတ်ဘူး
23L : အိုး တကယ်တော့ ယောက်ျားလေးတွေပဲ!
24L : ယောက်ျားလေး နှစ်ယောက်ကြားက သူငယ်ချင်း ဆက်ဆံရေးပဲ!
ကြည့်ရတာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ တွေ့သွားပြီ ထင်ပါရဲ့။ 23Lနဲ့ 24Lက အလျင်အမြန် စာပြန်လာကြတယ်။ ယွီမော့ အကြာကြီး စောင့်ကြည့်နေပေမယ့် ဘယ်သူကမှ သူ့မေးခွန်းကို ပြန်မဖြေကြတော့ဘူး။
ယွီမော့ မျက်မှောင်ကြုတ်ရင်း စိတ်မရှည်တော့တာနဲ့ ပို့စ်ကိုပြန်ဖျက်ဖို့ ပြင်လိုက်ပေမယ့် တစ်စုံတစ်ယောက်က ရုတ်တရက် မှတ်ချက်ဝင်ရေးလာခဲ့တယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.