Chapter [33]

2.9K 532 9
                                    

Zawgyi

စိတ်တိုနေတယ် ဒေါသတွေပုံချဖို့ ဓားစာခံတစ်ယောက်ရှာရမယ်

[အာ့ကောရဲ့နာမည်က ချီကျန်းမဟုတ်ဘဲ ချီကျန့်ဆိုလို့ ဒီအပိုင်းကနေ စပြင်လိုက်ပါတယ်နော်]

ချီဖန်းဟာ ယွီမော့ဆီက ပြန်စာကို အတော်ကြာ စောင့်ဆိုင်းနေခဲ့တယ်။ ရုတ်ခြည်းစိတ်ခံစားချက်တွေ လျော့ရဲသွားပြီး ဖန်းကျီဖေးထံမှ စာများအားကြည့်ကာ စာတစ်စောင်ပြန်လိုက်ပြီးနောက် ဖုန်းကိုအဝေးပစ်လိုက်တော့တယ်။

သူ့နှလုံးသားလေးက မသက်မသာ ခံစားနေရပြီး ပုစ္ဆာတွေတောင် ဆက်မတွက်နိုင်တော့ဘူး။ ထိုအချိန်မှာပဲ တစ်ယောက်ယောက် အပြင်ထွက်သွားသံ ကြားလိုက်ရတာကြောင့် ချီဖန်း ထွက်ကြည့်လိုက်တယ် : "အာ့ကော ဘယ်သွားမလို့လဲ?"

ချီကျန့် မျက်ခုံးပင့်ကာ ပြန်ပြောလိုက်တယ် : "ကားသွားပြိုင်မလို့လေ ဘာလို့လဲ? ရှောင်တိရော လိုက်ချင်လို့လား?"

ချီဖန်း 'ကားပြိုင်ပွဲ' ဆိုတာကိုကြားတော့ မသိစိတ်ကနေ တုန်လှုပ်သွားပြီး အမူအယာ ပျက်ယွင်းသွားခဲ့တယ်။

ဒါကိုမြင်တော့ အောက်ထပ်မှာ ရောက်နေတဲ့ ချီကျန့်က ချက်ချင်းပဲ ချီဖန်းရှိရာ အပေါ်ထပ်ဆီ ပြေးတက်လာတယ် : "ဘာဖြစ်လို့လဲ ရှောင်တိ?"

ချီဖန်း မော့ကြည့်လိုက်ပြီး ပြုံးကာခေါင်းယမ်းလိုက်ရင်း မျက်ဝန်းတောက်တောက်လေးတွေနဲ့ မေးလိုက်တယ် : "ရွှီကော(အစ်ကိုရွှီ)တို့နဲ့လား?"

ချီကျန့် သူ့ညီလေးအား စိုးရိမ်စွာကြည့်ရင်း ခေါင်းငြိမ့်လိုက်တယ် : "ဟုတ်တယ် ရွှီကွမ်းတို့က ကိုကို့ကို လှမ်းခေါ်လို့"

ချီဖန်း ပြုံးလိုက်ပြီး ချီကျန့်နဲ့အတူ အောက်ဆင်းလာလိုက်တယ် : "အာ့ကော ကျွန်တော့်ကိုလည်း ခေါ်သွားပါ"

ချီကျန့် သူ့ကိုကြည့်လိုက်ပြီး : "ဘယ်ကိုလိုက်ချင်တာလဲ အဲ့တာကလေးတွေ လိုက်ရမယ့် နေရာမဟုတ်ဘူး"

ချီဖန်းကတော့ မကြောက်ဘဲ ချီကျန့်အား အပြုံးလေးနဲ့ချွဲကာ တီတီတာတာစကား အနည်းငယ် ပြောလိုက်ရုံနဲ့ ချီကျန့်က ခေါင်းငြိမ့်ရတော့တယ် : "ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဒါပေမယ့် ကိုကိုပြောထားမယ်နော် ဟိုရောက်တာနဲ့ ကိုကို့စကားကိုပဲ နားထောင်ရမယ်"

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now