Zawgyi
အားလပ်ရက်ခရီးမှအပြန်
အဆုံးမှာတော့ နှစ်ယောက်သားဟာ BBQ သွားမစားဖြစ်ကြဘူး။ တစ်ချက်ကြည့်ရုံနဲ့ ယွီမော့က အပြင်စာတွေ မစားတတ်မှန်း သိသာနေတာကို။ အသားကင်လို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားမိပြီး ယွီမော့ တစ်ခုခု ဖြစ်သွားရင် ဘယ်နှယ့်လုပ်ရပါ့မလဲ?
အဆုံးမှာတော့ ချီဖန်းဟာ ယွီမော့ကိုခေါ်ပြီး နှစ်ယောက်သား အမဲသားခေါက်ဆွဲ ဝင်စားခဲ့ကြတယ်။
နေ့လည်စာ စားပြီးချိန်မှာ လူစုရမယ့်အချိန်နီးနေပြီ။ ယွီမော့ဟာ ချီဖန်းအနောက်ကနေ တိတ်တဆိတ် လိုက်လာခဲ့တယ်။ တစ်လမ်းလုံး စကားမပြောပေမယ့် ချီဖန်းကိုသာ တစ်ချိန်လုံး ငေးကြည့်နေပြီး အမြင်အာရုံတွေ စူးရှထက်မြက်နေခဲ့တယ်။
ချီဖန်းဟာ လမ်းလျှောက်နေရင်း ယွီမော့ အကြည့်တွေကို ခံစားမိတာကြောင့် ကူကယ်ရာမဲ့စွာ ရပ်တန့်လိုက်တယ် : "ဘာဖြစ်လို့လဲ?"
ယွီမော့က အကြည့်တွေ ပြန်ရုတ်လိုက်ပြီး ခေါင်းယမ်းပြလာတယ်။
ယွီမော့ရဲ့ အမူအရာကို ချီဖန်း ဒက်ခနဲ ချက်ချင်းတန်းနားလည်လိုက်တယ်။ တကယ်တော့ ယွီမော့နဲ့ ဆက်ဆံရတာကလွယ်တယ်။ သူသဘောတူရင် ခေါင်းငြိမ့်ပြပြီး သူသဘောမတူရင် ခေါင်းခါပြလိမ့်မယ်။ တစ်ခြားသူတွေလို စကားများများစားစား ပြောနေစရာ မလိုဘူး နားလည်နိုင်တယ်။
"လူစုဖို့ တစ်နာရီလောက် လိုသေးတယ် ငါတို့..."
ချီဖန်းဟာ လူစုမယ့် နေရာကို ကြိုသွားပြီး စောင့်နေရအောင်လို့ ပြောဖို့ပြင်လိုက်ပေမယ့် ယွီမော့ရဲ့ မျက်လုံးထောင့်တွေက ဘေးတစ်နေရာရာအား ငေးကြည့်နေတာကို တွေ့လိုက်ရလေတယ်။ ချီဖန်း စကားကို ရပ်လိုက်ပြီး မြေပုံကြည့်ထားတဲ့ သူ့ဦးနှောက်ကို အလျင်အမြန် အလုပ်ပေးကာ ထိုနေရာမှာ ဘာရှိနိုင်မလဲလို့ ပြန်စဉ်းစားလိုက်တယ်... : "ငါတို့ ကျားသစ်နက်တွေ သွားကြည့်ကြမလား? တိရိစ္ဆာန်ရုံမှာ ကျားသစ်နက်တစ်ကောင် ထပ်ရောက်နေတယ်လို့ ကြားတယ် အရမ်းခန့်ညားတာပဲတဲ့"ယွီမော့ရဲ့ မျက်ဝန်းတွေထဲမှာ အံ့အားသင့်နေတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာပြီးနောက် ခေါင်းငြိမ့်ပြလာတယ်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.