Chapter [10]

3.9K 756 23
                                    

Zawgyi

... ... အိုး

ဝမ်ဖုန်းယွီနဲ့ အလောင်းအစား လုပ်ပြီးကတည်းက ဖန်းကျီဖေးဟာ အတန်းလည်း မလစ်တော့သလို ဘယ်သူနဲ့မှတောင် စကားမပြောတော့ဘဲ စာကိုအသည်းအသန် ကြိုးစားတော့တယ်။

ပိတ်ရက်မှာတော့ ချီဖန်းဟာ ယွီမော့ရဲ့ ယူနီဖောင်းကိုကိုင်ရင်း ဗီလာဆီ ပြန်လာခဲ့တယ်။

သေချာပေါက် သူအဝတ်မလျှော်နိုင်တာကြောင့် ယူနီဖောင်းကို အိမ်တော်ထိန်းဆီ လက်လွှဲလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူ့အင်္ကျီကို ချီဖန်းလျှော်တာလား အိမ်တော်ထိန်း လျှော်တာလားဆိုတာ ယွီမော့လည်း သိမှာမှ မဟုတ်တာ။

သို့သော်လည်း ချီဖန်းက ဒီယူနီဖောင်းကို ဂရုတစိုက်လေး လျှော်ပေးဖို့ အိမ်တော်ထိန်းအန်တီကို သေချာမှာလိုက်သေးတယ်။ မဟုတ်ရင် ယွီမော့ရဲ့ ထူးထူးဆန်းဆန်း အမူအကျင့်အရ သူ့အင်္ကျီမပြောင်ဘူးဆိုပြီး ယွီမော့က သူ့ရှေ့မှာ ချီဖန်းကို ထပ်လျှော်ခိုင်းနေရင် ဘယ်နှယ့်လုပ်ရပါ့။

ချီဖန်းတွေးလေလေ ယွီမော့လိုလူမျိုးက ထိုသို့လုပ်ခိုင်းနိုင်ခြေရှိသည်ဟု စဉ်းစားမိတာကြောင့် အိမ်တော်ထိန်းအန်တီကို သတိထား လျှော်ဖွပ်ပေးဖို့ အလေးအနက် ထပ်မှာလိုက်သေးတယ်။

ချီဖန်းရဲ့ အပြုအမူကြောင့် အိမ်တော်ထိန်းအန်တီဟာ ဒီယူနီဖောင်းကို သူမလက်ထဲ ကိုင်ထားရမှာတောင် ကြောက်ရွံ့နေခဲ့တယ်။ ချီသခင်လေးက ဒီယူနီဖောင်းကို အရမ်းအလေးပေး ဂရုစိုက်နေမှတော့ တကယ့်အရေးကြီးပုဂ္ဂိုလ်ရဲ့ အင်္ကျီပဲဖြစ်ရမယ်။

ဘေးမှာထိုင်ကြည့်နေတဲ့ မေမေချီက ချီဖန်းရဲ့ အပြုအမူကိုမြင်တော့ အပြုံးလေးနဲ့ မေးလိုက်တယ် : "ဖန်းကျီဖေးရဲ့ဟာလား?"

ချီဖန်းက သူ့ထက် ဆိုဒ်ပိုကြီးတဲ့ ယူနီဖောင်းကို လျှော်ဖို့အိမ်ပြန်ယူလာတာကိုမြင်တော့ ဖန်းကျီဖေးကလွဲပြီး တစ်ခြားဘယ်သူ့ကိုမှ သူမ မတွေးမိခဲ့ဘူး။

သို့သော်လည်း ချီဖန်းက ခေါင်းခါလိုက်ပြီး မေမေချီ့အနား ဝင်ထိုင်ကာ ရှုံ့မဲ့မဲ့နဲ့ ပြန်ဖြေလိုက်တယ် : "အကျင့်မကောင်းတဲ့ သရဲတစ်ကောင်ရဲ့ဟာ"

ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်Where stories live. Discover now