Zawgyi
မပြုံးနဲ့......
"သခင်လေး"
ယွီမော့က ခေါင်းငြိမ့်လိုက်ပြီး : "ဗီလာကိုပြန်မယ်"
ဒရိုင်ဘာက ကားကိုအသာစက်နှိုးလိုက်ပြီး အလျင်အမြန် တုံ့ပြန်လိုက်တယ် : "ကောင်းပါပြီ သခင်လေး"
ဆယ်ကျော်သက်လေးကို အိမ်ထိပါ ခေါ်သွားမလို့လား?!!
ချီဖန်းက ပြုံးပြုံးလေးနဲ့ ကားထဲဝင်လိုက်ပေမယ့် သူ့နှလုံးသားထဲမှာတော့ ယွီမော့က သူနဲ့ဗီလာတစ်ဝန်းတည်းမှာနေကြောင်း သိနေတယ်လို့ တိတ်တဆိတ် ရေရွတ်နေလေတယ်။
ကားလေးကငြိမ့်ညောင်းစွာ ရွေ့လျားနေတာကြောင့် ချီဖန်းအနည်းငယ် စိတ်သက်သာရာရသွားတယ်။ သို့သော်လည်း ကားမူးတတ်တဲ့ အကျင့်က သူ့ကိုအနည်းငယ် ခေါင်းခဲစေပြီး သက်တောင့်သက်သာ မရှိဘူး ဖြစ်နေခဲ့တယ်။ ချီဖန်းဟာ သူ့ကိုယ်သူ မျက်စိမမှိတ်မိစေရန် တွန်းအားပေးတဲ့အနေနဲ့ ကားထဲက ကိုးရိုးကားယား လေထုကို ဖြိုခွင်းဖို့ စကားလမ်းကြောင်း ရှာလိုက်တယ် : "မင်းလည်းဂိမ်းပြိုင်ပွဲ လာကြည့်တာလား?"
ယွီမော့က ခေါင်းယမ်းလိုက်ပြီး : "ဟင့်အင်း"
ယွီမော့ စကားဆက်ပြောလာမှာကို စောင့်နေသောချီဖန်း : "..."
ကောင်းပြီလေ။
"မနက်ဖြန် အားလပ်ရက်ခရီးအတွက် အသင့်ပြင်ပြီးပြီလား?"
ချီဖန်းက ယွီမော့ ဆက်ဖြေနိုင်လောက်မယ့် အကြောင်းအရာကို စကားလမ်းကြောင်းလွှဲပြီး ဆက်မေးလိုက်တယ်။ယွီမော့ဟာ ခေတ္တတန့်သွားပြီးနောက် ခေါင်းငြိမ့်ပြကာ သူ့မျက်လုံးတွေက ချီဖန်းရဲ့ ဖြူဖျော့ဖျော့ မျက်နှာဆီ အကြည့်ရောက်လာပြီး တိတ်တဆိတ် မျက်ခုံးတွေ တွန့်ချိုးလိုက်တယ်။
ချီဖန်း တွေးတောလိုက်တယ်။ ယွီမော့ဟာ ထိုအချိန်တုန်းက စာရွက်ကို အလေးအနက် ကြည့်နေပြီး သေချာပေါက်ကို အတန်းခေါင်းဆောင် ပြောသမျှ ပစ္စည်းတွေ အကုန်သယ်လာမယ်ဆိုတာ ၈၀%လောက် သေချာတာကြောင့် သူပြောလိုက်တယ် : "တကယ်တော့ အများကြီး ပြင်ဆင်လာစရာ မလိုပါဘူး တိရိစ္ဆာန်ဥယျာဉ်ထဲမှာ ဈေးဆိုင်တော်တော်များများရှိတယ် ပစ္စည်းတော်တော်များများကို ဝယ်လို့ရ..."
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်မှာအာဏာရှင်ကြီးနဲ့ပူးပေါင်းခဲ့တယ်
FantasyBoth Zawgyi and Unicode.