အပိုင်း(၁၂)

131 20 0
                                    

no one pov;
"ဒေါက် ဒေါက် ဒေါက်”
အဆက်မပြတ် ထွက်ပေါ်လာသောအသံကြောင့် ဂျွန်အိပ်နေရာမှ နိုးလာသည်.ဂျွန်လည်း ခေါင်းကို ခေါင်းအုံးနဲ့ဖိပြီး
"jin hyung ဘာလို့တံခါးကို ဆက်တိုက်ခေါက်နေတာတုန်း တံခါးသော့အပိုပေးထားတယ်လေ အဲ့ဒါနဲ့ဖွင့်ဝင်ခဲ့”
စိတ်အလိုမကျစွာ လှမ်းအော်ပြီး ပြန်အိပ်ဖို့ပြင်လေသည်.ဒါပေမယ့် တံခါးခေါက်သံက ရပ်မသွားပဲဆက်တိုက်ခေါက်နေသောကြောင့် ဂျွန်အိပ်ယာကနေ မြန်မြန်ထပြီး မျက်လုံးပင်မဖွင့်နိုင်ဘဲ တံခါးရှိရာသို့ စိတ်ဆိုးဆိုးဖြင့်လျှောက်သွားကာ တံခါးကိုဖွင့်လိုက်ပြီး
"jin hyung အခုမွ မနက်၄ခွဲရှိသေးတယ် ၄ခွဲ jin”
ဂျွန်စကားပင်မဆုံးသေးဘဲ တံခါးရှေ့ရပ်နေသောသူကို ကြည့်လိုက်တော့ ဂျွန်မျက်ဝန်းလေးများဝိုင်းပြီး မေးက မြေပေါ်ကျသွားရလောက်အောင် အထိ တအံ့တသြဖြစ်သွားတော့သည်
"jungkook”
ဂျွန်တအံတသြဖြင့်ခေါ်ပြီး
"အိပ်ရင်း ယောင်ပြီး လမ်းလျှောက်လာတာလား နာရီလွဲကြည့်ပြီးရောက်လာတာလား အခုမှ ၄ခွဲရှိသေးတယ်ကို ဂျွန်အိပ်ရေးပျက်တယ်သိလား”
jungkookတစ်ယောက် ခေါင်းကို ကုတ်ကာ ရယ်ကျဲကျဲလုပ်ရင်း
"ကို ဂျွန့်ကို တစ်နေရာခေါ်သွားမလို့”
jungkookလည်း ပြောလည်းပြော ဂျွန့်ရဲ့လက်ကိုဆွဲကာ ကားဆီလျှောက်လာခဲ့သည်. ဂျွန်လည်း jungkookလက်ထဲ ယက်ကန်ယက်ကန်ဖြင့်ပါလာခဲ့ပြီး
"jungkook ဂျွန်မျက်နှာသစ်ပြီး အဝတ်အစားလေးလဲပါရစေဦး ညအိပ်ဝတ်စုံကြီးနဲ့ကို”
"ဂျွန်က ဘာဝတ်ဝတ်လှပြီးသား လာ ဒီအချိန်ထွက်မှ ဟိုကို အချိန်ကိုက်ရောက်မှာ”
ဂျွန်ဘာမှ မသိလိုက်ခင်မှာပဲ ကားက မောင်းထွက်လာခဲ့ပြီဖြစ်သည်.
"ဂျွန် အခုတစ်ရေးအိပ်လိုက်ဦး ကိုဟိုရောက်ရင် နှိုးမယ်”
"ဟုတ်”
ဂျွန် ခေါင်းကိုငြိမ့်ပြကာ မျက်လုံးမှိတ်ပြီး ခဏအတွင်း အိပ်ပျော်သွားခဲ့ပြန်သည်
…………
"ဂျွန် ထတော့ ကိုတို့ရောက်ပြီ”
jungkook အသံနဲ့အတူ ဂျွန့်အပေါ်မှာ စောင်ပါးပါးတစ်ထည်နဲ့အတူ နိုးလာခဲ့သည်
"ရောက်ပြီလား”
"အင်း ဟိုက လှေကားထစ်တတ်ပြီးရင် ရောက်ပြီ”
"ဟုတ်”
ဂျွန်လည်း စောင်ခြုံရက်နဲ့ပဲ ကားပေါ်က ထွက်လာပြီး jungkookနဲ့အတူ လမ်းလျှောက်လာခဲ့သည်.လှေကားထိပ်ရောက်သောအခါ လတ်ဆက်သော လေပြေညှင်းအေးအေးကြောင့် ဂျွန် ချက်ခြင်းလန်းဆန်းလာသည်.ပတ်ဝန်ကျင်သည် တိတ်ဆိတ်ငြိမ်သက်ပြီး ငှက်ကလေးများ၏ တေးဆိုသံကိုပင် ကြားနေရသည်.အရှေ့ရပ်ဆီမှ ပုဇွန်ဆီရောင်နေဝန်းကြီးက တောင်တန်းများကြားမှ ဂျွန်တို့ချစ်သူနှစ်ယောက်အား ချောင်းကြည့်နေလေသည်. ပန်းချီကားတစ်မျှလှပသော ရင်သပ်ရှူမောဖွယ်မြင်ကွင်းကြောင့် ဂျွန်အသက်ရှူဖို့ပင်မေ့ကာ သဘာဝအလှကို အငမ်းမရကြည့်နေမိသည်.

ထို့နောက် jungkookဆီပြေးသွားကာ ဖတ်လိုက်ပြီး "jungkook ဒီနေရာကို ဘယ်လိုလုပ်သိတာလဲဟင် ဂျွန်ဒီနေရာကို ရောက်လာတာ အရမ်းဝမ်းသာတာပဲ”"ဟုတ်လား ဂျွန်ကြိုက်တယ်ပေါ့”"အင်း အရမ်းကိုကြိုက်တာ ကျေးဇူးအရမ်းကိုတင်တယ် အခုဂျွန့်ကို ဓာတ်ပုံရိုက်ပေး ဂျွန်ဖုန်းပါမလာဘူး j...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ထို့နောက် jungkookဆီပြေးသွားကာ ဖတ်လိုက်ပြီး
"jungkook ဒီနေရာကို ဘယ်လိုလုပ်သိတာလဲဟင် ဂျွန်ဒီနေရာကို ရောက်လာတာ အရမ်းဝမ်းသာတာပဲ”
"ဟုတ်လား ဂျွန်ကြိုက်တယ်ပေါ့”
"အင်း အရမ်းကိုကြိုက်တာ ကျေးဇူးအရမ်းကိုတင်တယ် အခုဂျွန့်ကို ဓာတ်ပုံရိုက်ပေး ဂျွန်ဖုန်းပါမလာဘူး jungkookက အတင်းဆွဲခေါ်လာတာကို”
"ok ok ကိုရိုက်ပေးမယ် ပြီးမှ ဂျွန်ဆီ ပို့ပေးမယ်”
မိနစ်အနည်းငယ်ကြာ ဓာတ်ပုံရိုက်ပြီးနောက်
"ဂျွန် လာဟိုမှာထိုင်ရအောင်”ဟုဆိုကာ ကျောက်တုံးပေါ်ထိုင်နှင့်သည်. ဂျွန်လည်း jungkookဘေးထိုင်ရန်အလုပ်
"ဂျွန် လာကိုယ့်ပေါ်ထိုင်”ပြောပြောဆိုဆိုနှင့် ဂျွန့်ကို ပေါင်ပေါ်ထိုင်စေကာ jungkookက ဂျွန့်ကို သိိုင်းဖတ်ထားသောကြောင့် ဂျွန်တစ်ယောက် jungkookရဲ့ ရင်အုပ်ကြားထဲ ​ မြုပ်နေတော့သည်.ထို့နောက် နှစ်ယောက်သား တိတ်ဆိတ်စွာ နေထွက်ချိန်အလှကို ထိုင်ကြည့်နေမိသည်.
"ဂျွန် ကိုယ်မင်းကို ဒီကို ဘာလို့ခေါ်လာတုန်းသိလား”
ဂျွန်က ခေါင်းကိုရမ်းပြတော့
"ကိုယ်တို့ ပထမဆုံးချစ်သူစဖြစ်တဲ့ နေ့ကျရင် ကိုမင်းကို ဒီကိုခေါ်လာဖို့ ဆုံးဖြတ်ပြီးသားဂျွန် ကိုမင်းကိုပျော်ရွှင်အောင်ထားဖို့ကတိပေးတယ်သိလား မင်းကိုနဲ့ရှေ့ဆက်မယ့်နေ့တွေကို မျှော်လင့်ထားလိုက်ဂျွန်”
jungkookပြောပြီး ဂျွန့်ရဲ့ခေါင်းကို နမ်းလိုက်သည်. ဂျွန်လည်း ဂျွန့်ရဲ့မျက်နှာမှာ ပန်းရောင်သန်းလာသည်ကို မသိချင်ယောင်ဆောင်ရင်း
"jungkook ပြန်ရအောင် ကျောင်းသွားဖို့နောက်ကျနေမယ်”
"ok ကိုဂျွန့်ဆီမှာပဲ မနက်စာအတူစားပြီးကျောင်းသွားကြတာပေါ့”
ထို့နောက် အဆောင်ကို ပြန်လာပြီး မနက်စာစားကာ ပြင်ဆင်ပြီး ကျောင်းသို့ထွက်လာခဲ့သည်.

ဂျွန် Where stories live. Discover now