အပိုင်း(၄၂)

146 18 0
                                    

ဂျွန်တို့ companyတစ်ခုလုံး ဒီနေ့မှပို၍ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ဘာလို့ဆို koreaရဲ့အအောင်မြင်ဆုံးcompanyနှစ်ခုက လက်တွဲလုပ်ဆောင်မည့် projectဖြစ်၍ companyတစ်ခုလုံးစိတ်လှုပ်ရှားသည်မှာ မမှားပေ။ဂျွန် စားပွဲ၌ထိုင်ကာ စာတွေကိုပြန်စစ်နေမိသည်။
"ဂျွန် အားလုံးအဆင်သင့်ဖြစ်ပြီလား”
yoongiရုံးခန်းရှေ့ထွက်လာကာ ဂျွန့်ကို မေးလိုက်သည်။
"ဟုတ် hyung အကုန်ပြင်ဆင်ပြီးပြီ ခဏနေ သူတို့ရောက်တော့မှာ ဂျွန်ရောက်ရင်ပြောမယ်လေ hyungရုံးခန်းကပဲစောင့်နေလိုက်ပါလား”
"ရတယ် ကိုဒီနားပဲ ထိုင်နေတော့မယ် ဂျွန့်ဘေးမှာ ထိုင်ချင်လို့”
yoongiပြောပြောဆိုဆိုပဲ ခုံကိုဆွဲလိုက်ကာ ဂျွန့်ရဲ့ခုံဘေးမှာ ဝင်ထိုင်လိုက်သည်။ဂျွန် ကိုယ့်အလုပ်ကိုပဲဆက်လုပ်နေတုန်း ဖုန်းဝင်လာသည်။
"okလေ bossအခုပဲ အစည်းဝေးခန်းကို
လာလိမ့်မယ်”
ဂျွန် ဖုန်းကိုချလိုက်ပြီး
"hyung သူတို့ရောက်ပြီ အခုအစည်းအဝေးခန်းမှာ hyungကိုစောင့်နေပြီ”
yoongiလက်နှစ်ဖက်ကို ပွတ်လိုက်ပြီး
"ဂျွန် သွားကြရအောင်”
ဂျွန်ခေါင်းငြိမ့်ပြပြီး နှစ်ယောက်သား အစည်းအဝေးခန်းရှိရာ အထပ်ဆီထွက်လာခဲ့ကြသည်။အစည်းဝေးခန်းထဲသို့ yoongiဝင်လာသောအခါ တစ်ခန်းလုံးမှ လူများမတ်တပ်ထရပ်ကြသည်။jeon-park companyမှ CEOက yoongiဆီလျှောက်လာပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ hyungရဲ့အကြောင်းတွေကြားနေတာကြာပြီ အခုမှပဲလူချင်းတွေ့တော့တယ် ကျွန်တော်က Jeon-park corporationရဲ့ CEOသစ် jeon jung kookပါ”
jung kookဆိုတဲ့နာမည်က ဂျွန့်ရဲ့နားထဲ သံရည်ပူများအလား ခါးခါးသီးသီးဝင်ရောက်လာသည်။
(မဖြစ်နိုင်တာ…သူဘယ်လိုမှ မဖြစ်နိုင်ဘူး…သူမဟုတ်ပါစေနဲ့ ကျေးဇူးပြုပြီး မဟုတ်ပါစေနဲ့)
ဂျွန်စိတ်ထဲကနေ ကျိတ်ပြီးဆုတောင်းနေမိသည်။
ဂျွန် ကြည့်လိုက်တော့ ဂျွန့်ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေသည့် jungkookတွေ့လိုက်သောအခါ ဂျွန့်ရဲ့ခေါင်းတစ်ခုလုံးချာချာလည်ကာ အသက်ဘယ်လိုရှူရမည်ပင်မေ့လျော့သွားမိသည်။ကံကြမ္မာက ဂျွန့်အပေါ် ဒီလောက်ရက်စက်မှ ဖြစ်မှာလား။ဂျွန် စိတ်ထဲ၌ ငိုနေမိသည်။ဂျွန့်ရဲ့ ဖြုဖျော့နေသည့်မျက်နှာကို မြင်ရတော့ yoongiစိတ်ပူသွားကာ ဂျွန့်ရဲ့ခါးကို ဖက်လိုက်ပြီး
"ဂျွန် အဆင်ပြေရဲ့လား ကိုဆေးခန်းပို့ပေးရမလား”
"ရ…ရပါတယ် hyung ဂျွန်ထိုင်ခုံမှာ ထိုင်လိုက်ရင် သက်သာသွားမှာပါ”
"okလေ အဲ့ဒါဆို ထိုင်ခုံမှာထိုင်နေနော် ဘာမှနားထောင်မနေနဲ့”
yoongiတကယ်ဆို ဂျွန့်ကို လိုက်ပို့ချင်သော်လည်း ဂျွန်က အစည်းအဝေးဖျက်ကာလိုက်ပို့လျှင် လက်ခံမည်မဟုတ်သောကြောင့် ထိုင်ခုံစီသို့ ဂျွန့်ကို လိုက်ပို့ကာ ထိုင်ခိုင်းသည်။yoongi ထိုင်ခုံဘက်ပြန်လျှောက်လာသောအခါ သူ့ကို စိတ်ဝင်တစားကြည့်နေတဲ့ jungkookရဲ့မျက်လုံးများကို တွေ့လိုက်လေသည်။
jk pov;
jungkook ဂျွန့်ကို ဒီနေရာမှာတွေ့ရလိမ့်မည်ဟု
မထင်မိပေ။jungkookအစက ဂျွန့်ကို ချက်ခြင်းမမှတ်မိပေ။ဂျွန်က အရင်ကထက်ပိုလှလာသည်။အဲ့ဒါတော့ သေချာသည်။jungkook ဂျွန့်ကိုရုတ်တရက်တွေ့လိုက်၍ ဝမ်းသာမိသော်လည်း ဂျွန့်ကတော့ သရဲတွေ့လိုက်ရသည့်အလား မျက်နှာကဖြူဖျော့သွားသည်ကို မြင်ရတော့ jungkookဝမ်းနည်းမိသည်။ထို့အပြင် minရဲ့ CEOကို ဂျွန့်ခါးကိုဖက်ကာ စကားတိုးတိုးပြောတာကိုတွေ့လိုက်တော့ မနာလိုစိတ်က ဖြစ်လာသည်။jungkook ဂျွန့်ရဲ့အနားကိုသွားကာ
နေကောင်းလားမေးချင်သော်လည်း
ဂျွန်ခါးခါးသီးသီးငြင်းမည်သိ၍ အတင်းမသွားဖြစ်ပေ။ ထို့အပြင် အခုအစည်းဝေးက jungkookရဲ့ ပထမဆုံးprojectဖြစ်၍ ရုတ်ရုတ်သဲသဲဖြစ်ကာ အစည်းအဝေးကို မပျက်စေချင်ပေ။ထို့ကြောင့် jungkookနေရာ၌ ထိုင်၍ ဂျွန်တို့နှစ်ယောက်အား မနာလိုစိတ်အပြည့်ဖြင့် ကြည့်နေမိသည်။
yg pov;
yoongi အစည်းအဝေးတစ်လျှောက်လုံး အတွေးများနေမိသည်။အစောကအထိဂျွန်ပုံစံကနေမကောင်းသည့်ပုံမပေါ်။အစည်းဝေးခန်းကျမှ ရုတ်တရက်ဖြူဖျော့သွားသည်။ဒါ့အပြင် yoongiအား စိတ်အနှောင့်အယှက်ပေးနေသည်က တစ်ခုရှိသေးသည်။ အဲ့ဒါက jungkookပင်။အစည်းအဝေးတစ်လျှောက်လုံး jungkookက
ဂျွန့်ကိုပဲကြည့်နေသည်။အဲ့အကြည့်ကို yoongiမကြိုက်ပေ။yoongiပဲစိတ်ထင်နေလားမသိ jungkookရဲ့အကြည့်တွေက အ​ကြင်နာတွေပါ နေသည်။ဒါပေမယ့် ဂျွန်နဲ့jungkookက သိရောသိရဲ့လား yoongiမသိပေ။ပြီးတော့ jungkookက အခုအိမ်ထောင်ကျပြီး သားတစ်ယောက်ပင်ရှိသည်။yoongiတွေးနေတုန်းပဲ အစည်းအဝေးပြီးသွားကာ အကုန်ထရပ်ကုန်ကြသည်။တော်သေးသည် projectက လက်မှတ်ထိုးရုံပဲကျန်သည့်အစည်းအဝေးမလို့ပေါ့။yoongiတစ်လုံးမှမပင် သေချာခေါင်းထဲမရောက်လိုက်ပေ။ထို့နောက် CEOနှစ်ယောက် လက်မှတ်ထိုးပြီး လက်ဆွဲနှုတ်ဆက်ကာ အစည်းအဝေးက အဆုံးသတ်သွားသည်။yoongiဂျွန့်ဆီ ချက်ခြင်းလျှောက်သွားပြီး ဂျွန့်ကိုဆွဲထူကာ တံခါးဆီသို့လျှောက်လာခဲ့လိုက်သည်။
"ဂျွန်”
jungkookရဲ့ခေါ်သံကြောင့် yoongiခြေလှမ်းတွေရပ်သွားကာ ဂျွန့်ကိုကြည့်လိုက်တော့ အချိန်မရွေးမေ့လဲတော့မလိုပင်ဖြစ်နေသည်ကို တွေ့ရသည်။jungkookက ဆက်ပြီး
"ဂျွန် ကိုယ်မင်းနဲ့ခဏလောက်စကားပြောပါရစေ”
ဂျွန်က ခေါင်းရမ်းပြသော်လည်း
"ဂျွန် ကိုယ့်ကို အချိန်ခဏလေးပါပဲ”
ဂျွန်က jungkookကိုပင်မကြည့်ပဲ ဆက်ခေါင်းရမ်းပြနေသောကြောင့်
"jungkook အခုက ကိုယ်တို့အလုပ်ချိန် လုပ်စရာတွေအများကြီးရှိသေးတယ် ကိုနဲ့ကိုယ့်အတွင်းရေးမှူးကို ခွင့်ပြုပါဦး”
yoongiဂျွန့်ရဲ့ခါးလေးကို လက်ဖြင့်ဖက်က နေရာမှတွဲခေါ်လာခဲ့သည်။ဓာတ်လှေကားရောက်လာပြီး နှစ်ယောက်သား ဓာတ်လှေကားထဲဝင်လာခဲ့သည်။ဓာတ်လှေကားတံခါးပိတ်သွားသောအခါ ဂျွန့်ရဲ့ကိုယ်သေးသေးလေးက yoongiရဲ့ရင်ခွင်ထဲပြိုလဲကျလာသည်။yoongi
ဂျွန့်ကို ငုံ့ကြည့်လိုက်တော့ ဂျွန်သတိမေ့နေသည်ကိုတွေ့လိုက်ရသည်။
"ဂျွန်…နမ်ဂျွန်”

ဂျွန် Onde histórias criam vida. Descubra agora