အပိုင်း(၄၉)

162 18 1
                                    

yg pov;
yg စိတ်အလိုမကျစွာ ကားမောင်းနေမိသည်။ ဘာလို့ဆို တစ်မနက်လုံး ဂျွန့်ကို မတွေ့ရသေးပေ။hyunaက နေမကောင်း၍ hyunaလုပ်ရမည့် အလုပ်ကို yoongiက အစားလုပ်ပေးနေရ၍ companyကို မရောက်သေးပေ။ထို့အပြင် ကားလမ်းတွေက ပိတ်နေသေးသည်။yoongi ဒီနေ့ကို တော်တော်စိတ်ပျက်နေမိသည်။အခုထိလည်း နေ့လည်စာစားချိန်ပင်ကျော်နေပြီဖြစ်သည်။အခုထိလည်း စားရမည့် အရိပ်အယောင်မတွေ့ရသေး။နောက်ထပ် ဆိုဒ်တွေထဲ ဝင်စစ်ဖို့ကျန်သေးသည်။ပုံမှန်ဆို အတွင်းရေးမှူးကိုပါ ခေါ်ခဲ့ရမည်ဖြစ်သော်လည်း ဂျွန်ပင်ပန်းမည်စိုး၍ yoongiတစ်ယောက်တည်း ထွက်လာခဲ့ခြင်း ဖြစ်သည်။yoongiမီးပွိုင့်မှာ စောင့်နေရင်း ဖုန်းက ဝင်လာသည်။
"min yoongi အခုဘယ်မှာလဲ”
"ဘာကိစ္စရှိလို့လဲ cha miriနဲ့ကိစ္စဆို ကျွန်တော်ဘာမှ ပြောစရာမရှိဘူး”
"ဘာတုန်း မင်းရဲ့အတွင်းရေးမှူးကြောင့် miriလေးကို အကြောက်အကန်ငြင်းပြနေတာလား”
yoongi ဂျွန့်နာမည်ကြားတော့ ဒေါသထွက်လာကာ
"အမေတို့ကို ဘယ်သူကပြောလဲ”
"မင်းအကြောင်းတွေငါတို့မသိဘူးလို့ ထင်နေတာလား yoongi”
"အမေတို့သိတာ ကျွန်တော်စိတ်မဝင်စားဘူး သူ့ကို ထိဖို့မစဥ်းစားနဲ့ ကျွန်တော်သည်းခံမှာမဟုတ်ဘူး”
"အိုး တကယ်လား yoongi မင်းနောက်ကျသွားပြီ ငါအခု companyရှေ့ရောက်ပြီ ဒါပဲ”
"အမေ့”
yoongiစကားထပ်ပြော၍ပင်မရတော့။ဖုန်းကချသွားသည်။yoongiကားကို ထိုနေရာမှ ​
မောင်းထွက်ကာ companyကို အမြန်ဆုံးမောင်းလာခဲ့သည်။မီးပွိုင့်တွေ ဘယ်နှခုကျော်ခဲ့လည်းကို မသိပေ။ဒဏ်ကြေးနောက်မှဆောင်ရုံပဲ။yoongiအမေက မှန်းရခက်သည်။ဂျွန့်ကို တစ်ခုခုပြောပစ်မှာ yoongi စိုးရိမ်သည်။ဘာပဲဖြစ်ဖြစ် yoongi companyကို မြန်မြန်ရောက်ဖို့သာ စိတ်ထဲရှိသည်။
company canteen၌
ဂျွန် chanyeol hyungနဲ့ baekhyun တို့နဲ့အတူထမင်းစားဖြစ်သည်။ yoongiက အပြင်မှာစားမည်ဟုပြောသဖြင့် ဂျွန်တို့၃ယောက်အေးအေးဆေးဆေးစားနေတုန်း
"မင်းက ကင်နမ်ဂျွန်ပေါ့”
ဂျွန် မော့ကြည့်လိုက်တော့ ဂျွန်ကို ကြည့်နေတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ miriကို တွေ့လိုက်ရသည်။ဂျွန်ကြောင်တောင်တောင်ဖြစ်သွားကာ
မတ်တပ်ထရပ်လိုက်ပြီး
"ဟုတ်…ဟုတ်ကဲ့ ကျွန်တော်က နမ်ဂျွန်ပါ”
"အော် အဲ့တာဆို ငါ့သားကို အပိုင်ဖမ်းနေတာမင်းပေါ့”
ဂျွန် မျက်ဝန်းလေးများက ဝိုင်းသွားကာ
"သား…သားဆိုတာက”
"အေး သားဆိုတာ ငါရဲ့သား min yoongiကို ပြောတာ”
"hyung…hyungနဲ့ဂျွန်က ဘာမှ မပတ်သတ်…”
"အို့ ဟုတ်လား အဲ့တာဆို ဘာကိစ္စငါ့သားက သူနဲ့လက်ထပ်ဖို့ငြင်းနေရတာတုန်း”
Mrs.minက အော်လိုက်တော့ ဂျွန့်ဘေးဘီကို ဝိုက်ကြည့်လိုက်တော့ canteenတစ်ခုလုံးက လူတွေက ဂျွန်တို့ကို ကြည့်နေတာကြောင့် ဂျွန်မျက်ထူပူသွားကာ နေရာကနေ မြန်မြန်ထွက်သွားချင်မိသည်။
"hyung ဘာ…ဘာလို့ငြင်းနေလဲ ဂျွန်မသိဘူး
ဂျွန်…ဂျွန်နဲ့တကယ်မပတ်သတ်ပါဘူး”
"မပတ်သတ်ဘူးဆိုရင် ဘာကိစ္စဒီလိုပုံတွေကပါထွက်လာရတာလဲ”
ဂျွန် ပုံတွေကို ကြည့်လိုက်တော့ ဂျွန့်ကို yoongi hyungက ကျောပိုးထားတဲ့ပုံတွေတွေ့လိုက်ရသည်။ပြီးတော့ သားနဲ့မူကြိုကျောင်းထဲက ထွက်လာသည့်ပုံတွေပင်ပါသေးသည်။
"ဒါ…ဒါတွေက”
"ဘာတုန်း လက်ပူးလက်ကြပ်မိတော့ ပြောစရာစကားမရှိတော့ဘူးလား ဟင်… ”
ဂျွန် ခေါင်းကိုခါရမ်းကာ စကားပင်မပြောနိုင်ဖြစ်နေသည်။
"အန်တီ ဒီကိစ္စကို CEOလာမှပဲ ပြောလိုက်ပါ အခု CEOမရှိသေးဘူး ဂျွန့်နဲ့ဘာမှမပတ်ပါဘူး အဲ့တာကျွန်တော်တို့သိတယ်”
chanyeolက ဘေးကနေမနေနိုင်ဘဲ ဝင်ပြောတော့
"မင်းတို့ဘေးဖယ်နေပါ ဒါငါတို့ကိစ္စ နမ်ဂျွန် ဘာတုန်း ရှိသမျှယောက်ျားတွေအကုန်ကို ဒီရိုးသားတဲ့မျက်နှာလေးပြပြီး မြူစွယ်နေတာလား ငါ့သားကိုလည်း ရိုးသားတဲ့ပုံပြပြီး ဆွဲဆောင်ထားတာလား ငါ့သားက အခုထိအိမ်ထောင်တောင်မကျသေးဘူး မင်းက ကလေးတစ်ယောက်အဖေ မင်းကိုမင်းငါ့သားနဲ့တန်တယ်ထင်နေတာလား”
"ဂျွန်…ဂျွန်နဲ့hyungနဲ့က ဘာမှမပတ်သက်ပါဘူး
တကယ်…တကယ်ပြောတာပါ ပုံက ဒီ…ဒီအတိုင်း အထင်လွဲနေတာပါ”
"ငါ့သားက မင်းနောက်မှာရှိတယ်ဆိုပြီး အခုလို ပြန်ပြောနေတာလား”
"အဲ့…အဲ့လိုမဟုတ်ပါဘူး”
"နောက်တစ်ခါ ငါ့သားနဲ့ပတ်သတ်ဖို့မစဥ်းစားနဲ့”
"ကျွန်တော်နဲ့ hyung တကယ်…တကယ်မပတ်သတ်ပါဘူး”
"အခုထိငါ့ကို ပြန်ငြင်းနေတုန်းလား နင် ကိုယ့်အဆင့်ကိုသိအောင်ပြပေးရမှာပေါ့ ကဲဟယ်”
ဂျွန် Mrs.min လက်ရွယ်တာ မြင်လိုက်တော့ ဂျွန့်မျက်လုံးများမှိတ်လိုက်သည်။
"ဖြောင်း”
ပါးရိုက်သံက canteenတစ်ခုလုံး ဟိန်းထွက်သွားသည်။canteenတစ်ခုလုံးဆီက တစ်အံတသြအသံတွေပါ ထွက်လာသည်။ဂျွန်လည်း လက်ဝါးက ဂျွန့်ရဲ့ပါးပေါ်ကျမလာသဖြင့်
မျက်လုံးဖွင့်ကြည့်လိုက်တော့ ဂျွန့်ရဲ့ရှေ့မှာရပ်နေတဲ့ yoongi hyungကို တွေ့လိုက်ရပြီး Mrs.minနဲ့miri မျက်နှာတွေက ကြောက်ရွံ့မှုကိုတွေ့လိုက်ရသည်။
"အမေ အခုချက်ခြင်း companyက ထွက်သွားမလား ကျွန်တော် ဆွဲထုတ်ခိုင်းလိုက်ရမလား”
yoongiရဲ့ အသံက canteenရှိလူအားလုံ ကျောစိမ့်သွားအောင် ကြောက်စရာကောင်းလှသည်။
"မင်း ငါ့…ငါ့ကို ဒီလိုလာလုပ်လို့မရဘူး”
"တကယ်လား အမေ စမ်းကြည့်ချင်လို့လား လုပ်ရလား မရဘူးလားဆိုတာ”
Mrs.minရော miriပါမျက်နှာပျက်သွားပြီ
"ကျွန်တော် ခေါင်းရှုပ်ခံပြီး မပြောချင်လို့ အသာလေးကြည့်နေတာကို အကောင်းမှတ်နေတာလား ဒီနေ့အိမ်ပြန်လိုက်တော့ နောက်နေ့မှ ပြောစရာရှိတာပြောမယ် ဒါနဲ့ miri မင်းကိုယ့်အမေနားမှာနေပြီး ရစ်သီရစ်သီလုပ်နေတာ ရပ်လိုက်ရင် ကောင်းမယ် ဘာလို့ဆို ကိုမင်းကို ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး အခုတော့ နှစ်ယောက်လုံးပြန်တော့ မဟုတ်ရင် ဆွဲထုတ်ခိုင်းမှာနော် မယုံမရှိနဲ့”
yoongiမထိတထိပြုံးကာ ဂျွန့်လက်ကို ဆွဲပြီးနေရာမှ ထွက်လာခဲ့သည်။ဂျွန်လည်း yoongiဆွဲခေါ်ရာနောက်ပဲ ယက်ကန်ယက်ကန်နဲ့ပါလာသည်။canteenက လူများလည်း သူတို့ရဲ့သူဋ္ဌေးကို မျက်လုံးအပြူးသားဖြင့်ကြည့်တာ ကျန်နေခဲ့တော့သည်။yoongiရုံးခန်းရောက်သောအခါ
ဂျွန့်အား ဆိုဖာ၌ထိုင်စေပြီး yoongiက ဂျွန့်ရှေ့တွင် ဒူးထောက်လိုက်ကာ
"ဂျွန် ဘာဖြစ်သွားသေးလဲ ဘယ်နားနာသွားသေးလဲ ဂျွန် အဆင်ပြေရဲ့လား”
yoongiအသံကြောင့် ဂျွန်အသိပြန်ဝင်ကာ yoongရဲ့ပါးကိုကိုင်လိုက်ပြီး
"hyung…hyungရဲ့ပါး”
yoongiဂျွန့််ရဲ့လက်ကို အပေါ်က ထပ်ကိုင်လိုက်ပြီး
"ကိုယ် ဘာမှမဖြစ်ဘူးဂျွန် ဒါက ပါမွှားပါ စိတ်ပူစရာမလိုဘူး”
"ဒါ…ဒါပေမယ့် ဂျွန့်ကြောင့် hyungအရိုက်ခံလိုက်ရတာလေ”
ဂျွန်ပြောရင်း မျက်ရည်များ တစ်ဖန်စီးကျလာတော့ yoongiဂျွန့်ပါးက မျက်ရည်တွေသုတ်ပေးပြီး
"ကိုယ်က တောင်းပန်ရမှာပါ ကိုယ့်အမေကြောင့် ဂျွန်ဒီလိုမျိုးကြုံတွေ့ရတာ ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ”
"hyung တောင်းပန်စရာမလိုပါဘူး ဒါတွေအကုန်လုံးက အထင်လွဲလို့ဖြစ်သွားတာပဲကို”
"ဂျွန် ဒါ…ဒါက အထင်လွဲတာမဟုတ်ဘူး ကိုယ်မင်းကို ချစ်​နေတာ အမေသိလို့ စိတ်ဆိုးသွားရုံပါ
ကိုယ့်အမေကိုပြောပြီး နောက်တစ်ခါဒီလိုမဖြစ်အောင် ကိုသတိပေးလိုက်ပါ့မယ်”
ဂျွန် လက်ကို အမြန်ပြန်ဆွဲလိုက်ပြီး
"hyung…hyungက ဒီလိုဖြစ်ပြီးတာတောင် ရှေ့ဆက်ဖို့မျှော်လင့်နေတာလား”
ဂျွန့်စကားကြောင့် yoongiမျက်နှာပျက်သွားပြီး
"ဘာဖြစ်လို့လဲ ဂျွန် ကိုယ်မင်းကို နောက်တစ်ခါ ဒီလိုအဖြစ်မျိုး မရှိအောင် ကိုကာကွယ်နိုင်တယ် ဂျွန်”
ဂျွန် ခေါင်းကို ရမ်းလိုက်ပြီး
"hyungက အဆင်သင့်ဖြစ်ပေမဲ့ ဂျွန်အတွက်တော့ အဆင်မပြေဘူး hyungမိဘတွေ ဂျွန့်ကို မုန်းနေတာ အသိသာကြီး ပြီး…ပြီးတော့ ဂျွန် hyungကို လက်ခံဖို့စိတ်ကူးမရှိဘူး”
"ဂျွန် မင်းလည်း ကိုယ့်လိုပဲဆိုတာ ကိုမသိဘူးထင်နေတာလား”
ဂျွန် ခေါင်းကိုရမ်းကာ
"ဂျွန် တကယ်တောင်းပန်ပါတယ် hyung ဂျွန်အဲ့ကိစ္စတွေမစဥ်းစားချင်ဘူး”
ဂျွန် နေရာမှထကာ ရုံးခန်းအပြင်သို့မြန်မြန်ထွက်လာခဲ့သည်။
"ကိုယ် ဘယ်လိုလုပ်ပေးမှ မင်းရဲ့ခံစားချက်တွေဝန်ခံလာမှာလဲ ဂျွန် ကိုယ်မင်းကို ချစ်တယ် အရမ်းချစ်တယ်လို့”
yoongiအော်ပြောသံကို ဂျွန်မကြားချင်ယောင်ဆောင်ကာ နေရာမှပြေးထွက်ခဲ့တော့သည်။yoongiလည်း ရုံးခန်းထဲရှိပစ္စည်းများကို ဒေါသတကြီးဖြင့် ရိုက်ခွဲကာ ကျန်နေခဲ့တော့သည်။ yoongiစိတ်ငြိမ်တော့မှ ထိုင်ခုံ၌ ဝင်ထိုင်ကာ
hyojongဆီဖုန်းခေါ်လိုက်ပြီး
"hyojong မနက်ဖြန်နေ့လည် ငါ့မိဘတွေနဲ့တွေ့မယ် မင်းတို့ရှာထားတဲ့ကိစ္စတွေ ဖိုင်နဲ့အဆင်သင့်ပြင်ထား”
yoongiပြောချင်တာ မြန်မြန်ပြောပြီး ဖုန်းချလိုက်သည်။
"မင်းကိုယ့်အပေါ်ထားတဲ့ ခံစားလျက်အမှန်တွေကို သိနေရက်နဲ့ ကိုယ်မင်းကို လွယ်လွယ်နဲ့လက်လျှော့ပေးမယ်ထင်လား ဂျွန်ငယ်”

ဂျွန် Wo Geschichten leben. Entdecke jetzt