အပိုင်း(၃၂)

148 19 3
                                    

ဂျွန် company၌ အလုပ်လုပ်သည်မှာ ၃လပင် ပြည့်ပြီဖြစ်သည်။hyungနှင့်အလုပ်လုပ်ရသည်မှာ အဆင်ပြေသည်။hyungက ဂျွန့်အပေါ်၌ စိတ်ရှည်သည်။မသိတာလည်း ရှင်းပြပေးသည်။ညနေဆိုလည်း hyungက ဂျွန့်ကို အရင်ပြန်ခိုင်းသည်။hyungအရင်ပြန်တာ တစ်ခါမှကို မမြင်ဖူးချေ။yoongi hyungကြည့်လိုက်လျှင် အလုပ်နဲ့လက်ပြက်သည်ကို မတွေ့ရ။နေ့လည် ထမင်းစားချိန်တောင် canteen၌ မတွေ့ရ။အမြဲတမ်း ရုံးခန်းထဲ ဂျွန်ယူပေးရသည်။hyungနေမကောင်းဖြစ်မှာကို ဂျွန်စိုးရိမ်နေမိသည်။ အိမ်ကမိဘများကလည်း ကိုယ့်သားကို နားရရဲ့လားတောင်သိပုံမရချေ။ဂျွန် ဘောပင်ကို ကိုက်ကာတစ်ယောက်တည်း စဥ်းစားနေတုန်း စားပွဲအားခေါက်သံကြားလိုက်ရသည်။
"နမ်ဂျွန် ကင်နမ်ဂျွန်မလား
ဂျွန်ရင်းနှီးနေတဲ့အသံကြားရလို့ မော့ကြည့်လိုက်တော့
"chanyeol hyung
ဂျွန်အကျယ်ကြီးအော်ပြီး chanyeolကို ထဖက်လိုက်သည်။
"hyung…hyungရော ဒီမှာ အလုပ်လုပ်တာလား ဂျွန်ဒီမှာ အလုပ်လုပ်တာ ကြာနေပြီ တစ်ခါမှလည်း မတွေ့ဖူးဘူး
"ကိုလည်း မင်းကို မြင်ဖူးသလိုလိုဖြစ်နေတာ ဟုတ်မဟုတ်မသေချာလို့ လာမနှုတ်ဆက်ဖြစ်တာ အလုပ်ကလည်း သိပ်မအားလို့ အဲ့တာအခုသေချာအောင်လို့လာကြည့်ကြည့်တာ တကယ်ကြီး နမ်ဂျွန်ဖြစ်နေတာပဲ အဆင်ပြေလား”
"ဟုတ် ပြေပါတယ် hyung”
yoongi pov;
yoongiလက်မှတ်တွေထိုးရင်း ဂျွန့်ကိုလှမ်းကြည့်လိုက်တော့ ဂျွန် companyက မန်နေဂျာနဲ့ စကားကို ပျော်ပျော်ရွှင်ရွှင်ပြောနေသည်ကိုတွေ့လိုက်သည်။ ဂျွန့်မျက်နှာက ပါးချိုင့်နှစ်ခုက ထင်းနေအောင် ပြုံးနေသည်ကို တွေ့လိုက်ရတော့ yoongiဒေါသတွေ ထွက်လာပြီး ဂျွန်ရှိရာသို့ ချက်ချင်းထလာကာ
"ကင်နမ်ဂျွန်”
yoongiရဲ့ အသံကြောင့် ဂျွန်ရော chanyeolပါ လန့်သွားကာ
"အခု အလုပ်လုပ်ရမယ့် အချိန်လေ နှစ်ယောက်သားဘာလို့ စကားတွေပြောနေတာလဲ”
ဂျွန် yoongiအသံကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်သွားပြီး
"boss ဒါဒါက”
"chanyeol မင်းငါ့အခန်းထဲလိုက်ခဲ့”
"ဟုတ်…ဟုတ်ကဲ့”
yoongiရော chanyeolရော ရုံးခန်းထဲဝင်သွားတော့ ဂျွန်ခြေမကိုင်မိလက်မကိုင်မိနဲ့ အပြင်၌ကျန်ခဲ့သည်။
"chanyeol မင်းကို ငါလာပြခိုင်းထာတဲ့ projectက အဆုံးသတ်ပြီးပြီလား”
"boss အဲ့…အဲ့ဒါက”
"မင်း အလုပ်ကိစ္စကျတော့ ပြီးအောင်မလုပ်ပဲ စကားလာပြောဖို့ကျ အချိန်ရတယ်ပေါ့ ဟုတ်လား”
"အပ်…အပ်ဖို့ dead lineက မနက်ဖြန်မှပါ boss မနက်ဖြန်ဆိုပြီး…ပြီးပါပြီ”
"အဲ့တာတွေ ငါစိတ်မဝင်စားဘူး ငါအခုအပြင်ကို နေ့လည်စာသွားစားမယ် မင်းအချိန်၂နာရီရမယ် ငါပြန်လာရင် အလုပ်ပြီးနေတာပဲလိုချင်တယ် ကြားလား”
"ဟုတ်ကဲ့”
chanyeolတစ်ယောက် bossဘာလို့ဒီလောက်ဒေါသထွက်နေရလဲဆိုတာ နားမလည်စွာဖြင့် ရုံးခန်းအပြင်ထွက်လာက ဂျွန့်ကို လက်ပြပြီး အလုပ်အပြီးသတ်ရန် ထွက်သွားသည်။ထို့နောက် yoongiရုံးခန်းထဲမှထွက်လာကာ ဂျွန့်ကိုကားသော့ပစ်ပေးပြီး
"မင်း ငါနဲ့နေ့လည်စာသွားစားမယ် အခုလိုက်ခဲ့”
yoongiဂျွန့်ရဲ့အပြောကို မစောင့်ဘဲ ခြေလှမ်းကြဲများဖြင့် ထွက်သွားသဖြင့် ဂျွန်ကားသော့ကိုင်ကာ နောက်မှအပြေးလိုက်လာခဲ့သည်။မြေညီထပ်ရောက်သောအခါ yoongiကားနောက်ခုံ၌ ဝင်ထိုင်သောကြောင့် ဂျွန်ဒရိုင်ဘာနေရာ၌ မြန်မြန်ဝင်ထိုင်လိုက်ရသည်။ကားက တော်တော်နဲ့မထွက်သေးသဖြင့် yoongi ဂျွန့်ကိုကြည့်လိုက်တော့ ဂျွန်မျက်နှာက နီရဲနေပြီး ကားသော့ကိုင်ကာ ဟိုကြည့်ဒီကြည့််ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"နမ်ဂျွန် မောင်းတော့လေ ဘာလုပ်နေတာလဲ”
yoongiအသံကြောင့် ဂျွန် လန့်သွားပြီး
"hyung ဂျွန်…ဂျွန်ကားမမောင်းတတ်ဘူး”
"ဘာ…အာ့ဆို အဲ့ခုံမှာ ဘာထိုင်လုပ်နေတာတုန်း”
"hyungက ရှေ့ကနေ မြန်မြန်သွားပြီး ဒေါသကလည်းထွက်နေတော့ ဂျွန်လည်း ဘာလုပ်ရမှန်းမသိတာနဲ့”
ဂျွန်ခေါင်းကိုငုံ့ကာ အင်္ကျီစကို လက်နဲ့ချေရင်း ပြန်ဖြေလိုက်သည်။yoongi ပါးစောင်ကို သွားနှင့်ကိုက်ရင်း ရယ်ချင်စိတ်ကိုထိန်းကာ ဂျွန်ရဲ့ ရှက်နေတဲ့ပုံစံက ချစ်ဖို့ကောင်းသည်ဟုတွေးမိလိုက်သည်။yoongiကားတံခါးဖွင့်ပြီး အပြင်ထွက်လာကာ
"ဆင်း ကိုယ်မောင်းမယ်”
ဂျွန်လည်း ကားပေါ်ကဆင်းပြီး နောက်ခုံမှာထိုင်ဖို့ တံခါးအဖွင့်
"နမ်ဂျွန်”
yoongiမျက်ခုံးတစ်ဖက်ပင့်ကာ
"ကိုယ်က မင်းဒရိုင်ဘာလား”
"hyung အဲ့…အဲ့လိုမဟုတ်”
"လာ ရှေ့ခန်းမှာလာထိုင်”
"ဟုတ်…ဟုတ်ကဲ့”
ထို့နောက် yoongiကားကိုမောင်းကာ နေ့လည်စာစားရန် စားသောက်ဆိုင်သို့ထွက်ခဲ့လိုက်သည်။
ဂျွန်စားသောက်ဆိုင်တအံ့တသြဖြစ်ကာ ကြည့်နေသည်။ စားသောက်ဆိုင်က ကြီးကျယ်ခန်းနားလွန်း၍ဖြစ်သည်။တံခါးအဝင်ဝ၌ ဧည့်ကြိုက
တံခါးဖွင့်ပေးသဖြင့် ဂျွန်ရော yoongiရော စားသောက်ဆိုင်ထဲ ဝင်လာသည်။ထိုစဥ် ဂျွန်က yoongiအင်္ကျီစကို လှမ်းဆွဲလိုက်ပြီး
"hyung ဆိုင်ကစျေးကြီးမယ့်ပုံပဲ အဲ့လောက်ကြီးဂျွန်မတတ်နိုင်ဘူး ခေါက်ဆွဲပြုတ်ဖြင့်ဖြင့် ဆိုင်သေးသေးမှာသွားစားရအောင်လေ”
yoongi စကားပြန်မပြောဘဲ ဂျွန့်ရဲ့လက်ကိုဆွဲကာ privateခန်းထဲဝင်လာခဲ့သည်။ထိုစဥ် ဝန်ထမ်းဝင်လာပြီး
"ဘာသုံးဆောင်မလဲ ဆရာ”
မီနူးစာရွက်ချပေးသည်။ဂျွန်လည်း စျေးနှုန်းများကြည့်ကာ မျက်ဝန်းလေးများဝိုင်း၍ မမှာနိုင်ဖြစ်နေသဖြင့် yoongiကပဲ မှာပေးလိုက်သည်။
"ပါစတာ၂ပွဲနဲ့ steak mediumတစ်ပွဲ”
ဝန်ထမ်းက မထွက်သွားသေးသဖြင့် yoongi
ကြည့်လိုက်တော့ စားသောက်ဆိုင်ဝန်ထမ်းက
ဂျွန့်ကိုပြုံးပြုံးကြီးကြည့်နေသည်ကိုတွေ့လိုက်ရသည်။ဂျွန်ကတော့သိပုံပင်မရချေ။
"နောက်ထပ်ဘာမှာဦးမလဲ ဆရာ”
"တော်ပြီ ထပ်မမှာတော့ဘူး”
ဂျွန် ဘာမှမဖြေနိုင်ခင် yoongiကပဲ လေသံမာမာဖြင့် မျက်စောင်းထိုးကာ ပြန်ဖြေလိုက်မှပဲ ဝန်ထမ်းလည်း လန့်သွားကာနေရာမှ မြန်မြန်ထွက်သွားသည်။
"ဂျွန် အစောကဝန်ထမ်းဘာလုပ်နေလည်းတွေ့လား”
"ဘာကိုလဲ hyung ဂျွန်တော့ဘာမှမတွေ့ပါဘူး သူမှာဖို့စောင့်နေတာပဲမလား”
အာ နမ်ဂျွန် နမ်ဂျွန် သူအလုပ်မှာသာ တော်တာ ကျန်တာတော့ လူကဲခတ်တော်တော်ညံ့ပါလား။ဝန်ထမ်းက သူ့ကို စိတ်ဝင်စားပုံပြနေတာတောင် မသိဘူး။ဂျွန်ကလည်း ဘယ်လိုပုံစံပဲနေနေ ဖြူဖြူစင်စင်နဲ့ သူရဲ့အလှက အမြဲထင်းနေတာပဲ။ချစ်ဖို့လည်းကောင်းသေးတယ်။yoongiသူ့ကို အိပ်ကပ်ထဲထည့်ပြီးတော့ပဲ သိမ်းထားချင်တော့တာပဲ ဘယ်သူမှ ဂျွန့်ကိုမတွေ့နိုင်အောင်။yoongiတစ်ယောက်တည်း အတွေးလွန်နေတုန်း
"hyung …yoongi hyung မှာထားတာတွေရောက်နေပြီ”
yoongiကြည့်လိုက်တော့ နောက်ဝန်ထမ်းတစ်ယောက်က လာချပေးသည်ကိုတွေ့ရသည်။
yoongi အသားကို ဓားနဲ့သေသေချာချာဖြတ်ပေးပြီ ဂျွန့်ရှေ့ချပေးတော့ ဂျွန့်မျက်နှာလေး ပန်းနုရောင်သန်းသွားကာ
"ဂျွန်တစ်ယောက်တည်း ၂ပွဲစားရမှာလား hyungကျ တစ်ပွဲတည်းရယ်”
"ကိုက တစ်ပွဲတည်းနဲ့ဝပြီ ဂျွန်ဝအောင်စား”
ဂျွန်ခေါင်းငြိမ့်ကာ စစားကြည့်တော့ တန်ဖိုးကြီးအစားအစာလို့မပြောရဘူး ပါးစပ်ပေါ်တင်အရည်ပျော်သွားပြီး စား၍လည်း တော်တော်ကောင်းသဖြင့် ဂျွန်မြန်မြန်ဆက်စားနေလိုက်သည်။
"hyung ဒီဆိုင်က အစားအသောက်က တော်တော်ကောင်းတယ်”
ဂျွန် အစားစားရင်းပြောတော့
"ဂျွန် သီးသွားဦးမယ် အစားစားရင်းစကားမပြောနဲ့”
ဂျွန်ခေါင်းငြိမ့်ရင်း အစားပဲဆက်စားနေလိုက်သည်။အစားအသောက်ကုန်တော့ အချိုတည်းဖို့ ရေခဲမုန့်လာချပေးတော့ ဂျွန်မျက်ဝန်းက အရောင်များဖြင့်လက်သွားသည်။ ဂျွန်က ဒါဆိုရေခဲမုန့်ကြိုက်တာပေါ့။
"ဂျွန် မစားတဲ့အစားအစာရှိလား”
ဂျွန် ခေါင်းငြိမ့်ပြလိုက်ပြီး
"ဟုတ် ဂျွန်ပင်လယ်စာမစားဘူး”
"ဘာလို့လဲ”
"ဘာလို့ဆို ဂျွန် ဂဏန်းတွေချစ်တယ်လေ ဂဏန်းလေးတွေက ဒီလောက်ချစ်စရာကောင်းတာကို ဂျွန်တော့မစားရက်ပါဘူး သူတို့က ဂျွန့်ရဲ့သူငယ်ချင်းတွေ”
yoongi ရယ်ရင်း
"ဂျွန်က ချစ်စရာကောင်းသားပဲ”
yoongiမှတ်ချက်ကြောင့် ဂျွန်မျက်နှာရဲသွားပြီး စကားသံတိတ်သွားကာ ခေါင်းငုံ့ပြီး ရေခဲမုန့်ဆက်စားနေလိုက်သည်။စားသောက်ပြီးသောအခါ yoongiက ရှင်းပေးပြီး နှစ်ယောက်သား အလုပ်သို့ပြန်လာခဲ့သည်။ရုံးသို့ပြန်ရောက်သော် chanyeolက ရုံးခန်းရှေ့၌ စောင့်နေပြီး
"ဆရာ”
yoongiခေါင်းငြိမ့်ပြကာ နှစ်ယောက်သားရုံးခန်းထဲ ဝင်ကာ အလုပ်ကိစ္စပြောကြသည်။
"chanyeol နောက်တစ်ခါ အလုပ်ချိန်ဆို အလုပ်ပဲလုပ်ကြားလား ငါနောက်တစ်ခါသတိမပေးဘူး”
chanyeolခေါင်းငြိမ့်ပြကာ
"ဟုတ် ဆရာ နောက်ဒီလိုမဖြစ်စေရပါဘူး”
chanyeol လှည့်ထွက်ဖို့အလုပ်
"နေဦး”
yoongiစကားကြောင့် chanyeolခြေလှမ်းများရပ်သွားပြီး
"မင်းနဲ့နမ်ဂျွန်က ဘာတွေလဲ သူအလုပ်လုပ်တာ မကြာသေးဘူး ဘာလို့ဒီလောက်ရင်းနှီးနေတာလဲ”
yoongi အမေးကြောင့် chanyeolအံ့သြသွားသော်လည်း အံ့သြဟန်မပြကာ
"ကျွန်တော်တို့ တက္ကသိုလ်တုန်းက အခန်းဖော်တွေပါ နမ်ဂျွန်မိဘတွေဆုံးလို့ ကျောင်းထွက်သွားကတည်းက မတွေ့ဖြစ်တာပါ ကျွန့်တော့်ချစ်သူကလည်း ဂျွန်နဲ့အခန်းဖော်ပါပဲ”
"aww အဲ့လို့လား”
"ဟုတ် ဆရာသွားခွင့်ပြုပါဦး”
chanyeolအပြင်ထွက်လာရင်း သူ့ဆရာအကြောင်းတွေကာ ပြုံးစိစိဖြစ်နေမိသည်။လက်စသတ်တော့ သူကိုမနာလိုနေတာကို။chanyeolကိုယ့်မျက်လုံးနဲ့ကို မတွေ့လျှင်ယုံနိုင်မည်မဟုတ်ပေ။သူတို့ရဲ့ အမြဲတမ်းအေးစက်နေတဲ့ CEOက ဂျွန့်ကို စိတ်ဝင်စားနေသည်မို့ ဝမ်းသာရသည်။CEOနှလုံးသားအရည်ပျော်မည်ဆိုလည်း ပျော်ချင်စရာပင်။ဂျွန်ကချစ်စရာကောင်းလွန်းနေသည်။chanyeolတစ်ယောက် yoongiစိတ်မဆိုးအောင် yoongiရှေ့၌ ဂျွန်နဲ့တအားကြီး ရင်းရင်းနှီးနှီးမနေပြဖို့ ကြိုးစားရမည်။မဟုတ်လျှင် ဒီနေ့လိုအဖြစ်မျိုး ထပ်ကြုံနိုင်သည်ဟု chanyeolတွေးလိုက်မိသည်။
"chanyeol hyung အဆင်ပြေလား bossက ဆူလိုက်သေးတာလား”
chanyeolလက်ကာပြပြီး
"bossနဲ့အဆင်ပြေပါတယ် နောက်မှ ဂျွန်နဲ့သေချာစကားပြောတော့မယ် အခုအလုပ်သွားလုပ်လိုက်ဦးမယ် bye”
"bye bye”
chanyeolထွက်သွားတော့ ဂျွန်အလုပ်လုပ်ရင်း တစ်ယောက်တည်း ကျန်ခဲ့သည်။

ဂျွန် حيث تعيش القصص. اكتشف الآن