အပိုင်း(၃၈)

157 17 1
                                    

ရုံးဖွင့်ရက်၌ ဂျွန်စားပွဲ၌ထိုင်ကာ ဖုန်းအဝင်ကောများအား ဖြေနေရသည်မှာ မနားရချေ။ထိုစဥ် အဝတ်အစားအား sexyကျစွာဝတ်ထားသောအမျိုးသမီးတစ်ဦး yoongi hyungရုံးခန်းစီလျှောက်လာသည်မှာ ဂျွန့်ကိုရှိတယ်လို့ပင် ထင်ပုံမရပေ။ထိုအမျိုးသမီးက ရုံးခန်းတံခါးဖွင့်ဝင်ဖို့ ပြင်နေသဖြင့် ဂျွန်ထိုင်ရာမှထကာ
"ဘယ်သူ့ကို တွေချင်လို့ပါပဲ miss”
"ငါအခု yoongi oppaရုံးခန်းရှေ့ရပ်နေတာ မတွေ့ဘူးလား oppaရုံးခန်းရှေ့ရပ်မှတော့ oppaနဲ့တွေ့ချင်လို့ပေါ့”
"miss သူဋ္ဌေးက အလုပ်များတယ် ကြိုပြီး ချိန်းထားပြီးလာတာလား ကျွန်တော်က သူ့အတွင်းရေးမှူးပါ”
ဂျွန် ယဥ်ယဥ်ကျေးကျေးရှင်းပြနေသည်။သို့သော်
"အေး ငါက သူ့သတို့သမီးလောင်း cha miriပဲ အဲ့တာကြောင့် နင်ငါ့ကိုတားပိုင်ခွင့်မရှိဘူး အခုချက်ခြင်းဖယ်စမ်း”
"ဒါပေမယ့် miss အခုဝင်သွားလို့မရပါဘူး bossက နိုင်ငံခြားက လုပ်ငန်းရှင်တွေနဲ့ onl​ine ကနေ အစည်းအဝေးလုပ်နေလို့ပါ အစည်းအဝေးပြီးရင် ကျွန်တော်ဆရာ့ကို missရောက်နေကြောင်း ပြောပေးပါမယ်”
"နင် စွာလှချည်လားဟင် ငါတို့companyမှာ လုပ်နေတဲ့ဝန်ထမ်းကများ ငါ့ကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ နင် နင့်ကိုငါ oppaပြောပြီး အလုပ်ဖြုတ်ခိုင်းမယ်”
"ကျွန်တော့်ကို လစာသူဋ္ဌေးက ပေးထားတာပါ ကျွန်တော် သူဋ္ဌေးခိုင်းတဲ့အတိုင်းလုပ်ရုံပါပဲ သူက အလုပ်ဖြုတ်ရင် ကျွန်တော်ထွက်မှာပါ ဒါပေမယ့် အခု ဘယ်လိုမှ ဝင်မရပါဘူး သိပ်မကြာဘူးအစည်းအဝေးပြီးတောမှာပါ ခဏစောင့်ပေးပါ ဟိုနေရာမှာထိုင်ပြီး”
"နင်……နင်”
miriမျက်နှာဒေါသကြောင့်နီရဲနေပြီး ဂျွန့်ကိုအော်ဖို့အလုပ်
"miri ဒီနေရာမှာ ပြဿနာရှာမနေနဲ့ ခဏစောင့်ဆိုတော့စောင့်တာပေါ့ ဘယ်လောက်မှမကြာတာ”
"ဒါ…ဒါပေမယ့်”
"miri ငါနောက်တစ်ခါမပြောချင်ဘူး”
"ဟုတ် oppa”
miriနေရာ၌ သွားထိုင်လေသည်။
"ကို့ ညီမ​ကြောင့် စိတ်ရှုပ်သွားရင်တောင်းပန်ပါတယ်”
"ရပါတယ် ကျွန်တော်က ကိုယ့်အလုပ်ကို လုပ်တာပါ”
"ကိုယ့် နာမည် cha minsooပါ”
"ကျွန်တော်က ကင်နမ်ဂျွန်ပါ သူဋ္ဌေးရဲ့အတွင်းရေးမှူးအသစ်ပါ”
နှစ်ယောက်သားလက်ဆွဲနှုတ်ဆက်တော့ minsooက ဂျွန့်လက်ကို မလွှတ်သေးဘဲ အကြာကြီးကိုင်ထားသောကြောင့် ဂျွန်လက်ကို ဆောင့်ဆွဲလိုက်ကာ
"ဟိုနေရာမှာ ထိုင်နေပေးနော် သူဋ္ဌေးအစည်းအဝေးပြီးရင် ကျွန်တော်သူဋ္ဌေးကို အသိပေးပေးမယ်”
ဂျွန် minsooဆိုတဲ့လူ ပြန်အပြောကို မစောင့်ပဲ စားပွဲ၌ ဝင်ထိုင်ကာ လာသမျှဖုန်း ဖြေပေးရင် ကွန်ပျူတာ စာစီနေလိုက်သည်။ ဂျွန် အစည်းအဝေးမြန်မြန်ပြီးပါစေပဲ ဆုတောင်းနေလိုက်သည်။ ဘာလို့ဆို cha minsoo ဆိုတဲ့သူက ထိုင်ကတည်းက ဂျွန့်ကိုပဲ ကြည့်နေတာကိုး။ထိုသူနဲ့ပတ်သက်ပြီးတော့ ခံစားချက်မကောင်းပေ။နာရီကြည့်လောက်တော့ အစည်းအဝေးပြီးချိန်ဖြစ်၍ ဂျွန်နေရာမှထကာ yoongiဆီ သွားသည်။
ဒေါက်…ဒေါက်…ဒေါက်
yoongiက ဝင်ခဲ့ဟုပြောသဖြင့် ဂျွန်တံခါးဖွင့်ပြီး ဝင်ဖို့အလုပ် miriဆိုသူက ဂျွန့်ကို တွန်းပြီး အတင်းဝင်သွားသဖြင့် ဂျွန့်ဒူးက ပုံကျသွားပြီး လက်ထောက်ကာ လဲသွားသည်။ထိုသည်ကို မြင်ရသော yoongiက နေရာမှ အလောတကြီးထလာကာ
"မင်း ဘယ်လိုလုပ်လိုက်တာလဲ”
yoongiအသံက ဟိန်းထွက်လာသောကြောင့် miriတွန့်ခနဲဖြစ်သွားသည်။yoongiက miriကို တစ်ချက်စောင်းမကြည့် ဂျွန့်ရဲ့ လက်မောင်းကိုကိုင်ပြီး ထစေသည်။
"ဘာဖြစ်သွားသေးလဲ ဂျွန်”
"ဘာမှမဖြစ်ပါဘူး hyung ရုတ်တရက်မို့လဲသွားတာပါ ဂျွန် hyungရဲ့သတို့သမီးလောင်းလာနေတယ်လို့ အသိပေးပါ ဂျွန်အပြင်ကစောင့်နေမယ်”
ဂျွန် yoongiအပြောကို မစောင့်ပဲ အခန်းပြင်ထွက်လာခဲ့သည်။ yoongiနောက်က လိုက်သွားဖို့အလုပ် miriက yoongiလက်ကိုဆွဲပြီး
"oppa မိသားစုတွေ့ဆုံပွဲကို ဘာလို့မလာတာလဲ”
"ကျစ်”
miriရဲ့ချွဲပြစ်ပြစ်အသံက yoongiစိတ်နောက်စေသည်။
"အေးလေ ယောက်ဖ ဘာဖြစ်လို့မလာတာလဲ အကုန်လုံးစောင့်နေကြတာ”
"မင်းကရော ဒီကို ဘာလို့လိုက်လာတာလဲ”
"ကျွန်တော်လား ကျွန်တော်က miriခေါ်လို့ အဖော်လိုက်လာရုံတင် ဘာပဲဖြစ်ဖြစ်လိုက်လာတာတန်သွားတာပေါ့”
minsooက ဂျွန့်ကို ကြည့်ရင်းပြောလိုက်သည်။yoongi အဲ့ကောင်ကို ဆွဲထိုးပစ်ချင်သည်မှာ လက်ကယားနေသည်။yoongi စိတ်ကို ထိန်းချုပ်လိုက်ပြီး
"ထိုင် လာရင်းကိစ္စပဲပြောအောင်”
သုံးယောက်သားဆိုဖာ၌ထိုင်ရင်း
"ငါ လက်ထပ်ပွဲကိစ္စကို သဘောမတူဘူး”
yoongiကပဲ အရင်စပြောလိုက်ကာ
"oppa အဲ့လိုလုပ်လို့မရဘူးလေ ဒီကိစ္စoppaရဲ့မိဘတွေဘက်က အရင်စစီစဥ်တာ ပြီးတော့ miriလည်း oppaကို လက်ထပ်ချင်တာကို”
"ဒါပေမယ့် ကိုစိတ်မဝင်စားဘူး”
"oppaစိတ်မဝင်စားတာ miriစိတ်မဝင်စားဘူး ဒါပေမဲ့ yoongi oppaလက်ထပ်ကိုထပ်ရမယ်”
"မင်း ငါ့ကို အပိုင်တွက်ပြီးဘာပြောနေတာပဲ
cha miri ငါမင်းတို့နဲ့ခင်မင်မှုကိုထောက်ပြီး ဒီလောက်အေးအေးဆေးဆေးပြောနေတာ”
"ဒါက ဒီလိုရှိတယ် ယောက်ဖ”
minsooက ကြားကနေဖြတ်ပြီး
"ယောက်ဖရဲ့ CEOရာထူးမြဲချင်ရင် miriနဲ့လက်ထပ်မှပဲ အဆင်ပြေလိမ့်မယ်”
"မင်း ငါ့ကိုလာပြီးခြိမ်းခြောက်နေတာလား”
"ကျွန်တော်မှန်တာပြောတာပဲ ကျန်တာကိုယ့်ဟာစဥ်းစားပေါ့ အပြင်သွားလိုက်ဦးမယ်”
minsooပြောပြောဆိုဆိုထထွက်သွားသည်။yoongiနဲ့miriနှစ်ယောက်ပဲကျန်ခဲ့ကာ စကားများက အပ်ကြောင်းထပ်နေသဖြင့် yoongiတစ်ယောက်စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်ကို လက်ဖြင့်ထိုးဖွလိုက်ပြီး မှန်အပြင်လှမ်းကြည့်လိုက်သောအခါ minsooက ဂျွန့်ဘေးမှာ ထိုင်ခုံဆွဲကာထိုင်ရင်း ဂျွန့်ကိုကြည့်နေသည်ကိုတွေ့လိုက်သည်။ဂျွန့်မျက်နှာက စိတ်ရှုပ်နေသည်ကို yoongiတွေ့လိုက်ရသောအခါ
"မင်းပြန်လိုက်တော့miri မင်းတို့ဘာလုပ်လုပ် ကိုစိတ်မဝင်စားဘူး အခုကိုအလုပ်ရှိသေးတယ်”
yoongi ဂျွန့်ကို ကြည့်ရင်းပြောလိုက်ပြီး miriစကားမစောင့်ပဲ ရုံးခန်းပြင်ထွက်ခဲ့သည်။
"နမ်ဂျွန်”
yoongiအသံ​ကြောင့် ဂျွန်နေရာမှ အလျင်အမြန်ထရပ်ကာ
"ဟုတ် hyung”
"ကိုတို့ mallဘက်ကို အခုသွားစစ်စရာရှိတယ် လာခဲ့”
yoongiရှေ့က အရင်ထွက်သွားတော့ ဂျွန်နောက်ကနေ ပစ္စည်းများမြန်မြန်ကောက်ထည့်ပြီး
ပြေးလိုက်လာခဲ့တော့သည်။
"minsoo သူတို့နှစ်ယောက်က ရိုးရဲ့လား”
"miri ငါလည်း သူတို့နှစ်ယောက်ကို မသင်္ကာဘူး
ဒါပေမယ့်”
"ဒါပေမယ့်”
miriနောက်ကနေ minsooစကားကို ထောက်လိုက်ပြီး
"ငါ နမ်ဂျွန်ကို ဘာပဲဖြစ်ဖြစ်ငါ့အပိုင်ဖြစ်အောင်လုပ်မယ်”
miri သူ့အကိုရယ်နေသည်ကိုကြည့်ပြီး ကြက်သီးမွှေးညင်းများပင် ထလာမိသည်။

ဂျွန် حيث تعيش القصص. اكتشف الآن