အပိုင်း(၄၈)

160 17 0
                                    

jk pov;
jungkook ဂျွန့်ရဲ့companyရှေ့ကားရပ်ကာ ဂျွန့်ကိုစောင့်နေမိသည်။ဂျွန်က မလာနဲ့ပြောလည်း တွေ့ချင်စိတ်က ထိန်းမရပေ။၆နှစ်နီးပါးတောင် မတွေ့ခဲ့တဲ့ ချစ်ရသူမလား။jungkookလွန်ခဲ့သော ၆နှစ်ကိုပင် ပြန်သွား၍ အရာအားလုံးကို ပြန်ပြင်၍ရမည်ဆို ပြန်ပြင်ချင်သည်။ဒါပေမယ့် အကုန်လုံးနောက်ကျကုန်ပြီ။နိုင်ငံခြားမှာနေတုန်းက တစ်ခုခုဖြင့်စိတ်ဖြေရင် အဆင်ပြေသေးသည်။အခု ဂျွန့်ကိုမြင်ပြီးတော့ jungkook နှလုံးသားက ပြန်ရှင်သန်လာသလို ခံစားရသည်။jungkookစောင့်နေတုန်း companyထဲမှ အရေးတကြီးထွက်လာသည့် ဂျွန်နဲ့yoongiကိုတွေ့တော့ ချက်ခြင်းမနာလိုဖြစ်မိသည်။ ဂျွန်တို့ကားမောင်းထွက်သွားတော့ jungkookနောက်က လိုက်လာခဲ့သည်။ထို့နောက် ကားက ဂျွန်တို့ရပ်ကွက်က မူကြိုကျောင်းမှရပ်သွားသည်ကိုတွေ့ရ၍ jungkookလည်း ကျောင်းရှေ့ရပ်ကာ စောင့်နေမိသည်။ဂျွန်တို့companyက မူကြိုကျောင်းမှာ ဘာကိစ္စရှိလို့လာရသလဲဆိုတာ jungkookမစဥ်းစားတတ်အောင် ဖြစ်မိသည်။
တအောင့်ကြာတော့ yoongiက ကလေးလေးတစ်ယောက်ကိုချီကာ ထွက်လာသည်ကိုတွေ့လိုက်ရသဖြင့် jungkookကားပေါ်ကပြေးဆင်းကာ ဂျွန့်ဆီသွားချင်စိတ်ကို မနည်းထိန်းထားရသည်။ဘာကြောင့်လဲဆိုတော့ yoongiချီထားတဲ့ကလေးက jungkook ငယ်ငယ်ကနှင့်တစ်ပုံစံတည်းပင်။ဒါ…ဒါက သား jungkookရဲ့သားဆိုတာ ခံစား၍ပင်သိနိုင်သည်။  jungkook နှလုံးသား ရင်ဘတ်ကပေါက်ထွက်သွားမလားထင်ရအောင်အခုန်မြန်လာသည်။ jungkook ကလေးကိုပဲ အာရုံစိုက်ကြည့်နေမိသည်။ကလေးကို ချီထားသည့်အပြင် ဂျွန့်ရဲ့ခါးကိုပါ ပိုင်စိုးပိုင်နင်းဖက်ထားသည့် yoongiအား ပြေး၍ပင် လက်သီးဖြင့်ထိုးချင်မိသည်။ ထို့နောက် yoongiတို့ကားထွက်သွားသဖြင့် လိုက်လာခဲ့ရာ ဂျွန်ရဲ့တိုက်ခန်းရှေ့ရပ်သည်ကို တွေ့လိုက်ရသည်။ထိုကလေးက yoongiနဲ့ပြုံးရွှင်စွာစကားပြောပြီး ပါးကို နမ်းလိုက်တော့ jungkookရဲ့သွေးများပွက်ပွက်ဆူလာသည်။
yoongiကားထွက်သွားတော့ jungkookကားပေါ်ကဆင်းကာ ဂျွန့်ရဲ့တိုက်ခန်းဆီသို့ လျှောက်လာကာ တံခါးခေါက်ပြီးစောင့်နေမိသည်။ ဂျွန်က yoongiထင်၍ စကားတွေပြောကာ အပေါက်ဖွင့်တော့ jungkookမှန်းသိ၍ ဂျွန်လန့်သွားသည်မှာ မျက်နှာကသွေးပင် မရှိတော့ကာ ကျောက်ရုပ်အလားရပ်နေသည်။
"jung…jungkook”
jungkook ဂျွန့်အပြောကို မစောင့်ပဲ တိုက်ခန်းထဲဝင်လာခဲ့ပြီး ဧည့်ခန်းမှာ ထိုင်နေတဲ့ ကလေးကို တွေ့လိုက်ရတော့ jungkookနှလုံးသားက ချစ်စိတ်များဖြင့် ​ ပြည့်နှက်နေတော့သည်။
ဒါ…ဒါက…သူရဲ့သား jungkookရဲ့သား
"သားက ချစ်စရာကောင်းလိုက်တာ သားသားနာမည်က ဘယ်သူတုန်း”
bun bunဂျွန့်ကို လှမ်းကြည့်လိုက်တော့
"ဦးက သားpapaရဲ့ သူငယ်ချင်းပါ ဦးနာမည် jungkook မှတ်ထားနော်”
ထိုအခါမှ bun bunခေါင်းကိုငုံ့လိုက်ပြီး
"မင်္ဂလာပါ သားက kim bunပါဦး”
"kim bunတဲ့လား bun bunက လိမ္မာတဲ့ကလေးလေးပဲ လာ ဦးဆီလာပါဦး”
jungkookက ချီးကျူးလိုက်တော့ ကလေးက ရှက်ပြီး ပါးလေးတွေရဲကာ jungkookဆီဖြည်းဖြည်းချင်း လျှောက်လာသည်။jungkook ဒူးထောက်ထိုင်ချလိုက်ပြီး သားကို ဆွဲဖက်လိုက်တော့ jungkookရင်ထဲ ပီတိများဖြင့် ပြည့်နှက်နေသည်။bun bunက jungkookကို မော့ကြည့်လိုက်ပြီး
"ဦးဦးက တကယ် papaရဲ့သူငယ်ချင်းလားဟင်”
bun bunအမေးကြောင့် jungkookရင်ထဲအောင့်သွားကာ (မဟုတ်ဘူး ဦးက သားရဲ့အဖေလို့ ဖြေချင်မိသည်)
"ဟုတ်တာပေါ့ ဦးက သားအဖေရဲ့သူငယ်ချင်း”
ဂျွန် bun bunနဲ့သူအဖေဆုံတာကို ကြည့်ပြီး မျက်ရည်များကျလာသဖြင့် မျက်ရည်ကို မြန်မြန်သုတ်လိုက်ကာ
"baby အခန်းထဲသွားနေဦးနော် papa ဦးနဲ့စကားပြောလိုက်ဦးမယ်”
bun bunက မျက်လုံးထဲမှာ မျက်ရည်စများနဲ့မော့ကြည့်၍ ဂျွန့်ရင်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။
"ဒါ…ဒါပေမယ့် သား ဦးဦးနဲ့အတူတူနေချင်သေးတယ် papa”
"bun bun အခန်းထဲသွားလိုက်ဦးနော် ဦးနဲ့သားpapaစကားပြောလိုက်ဦးမယ် နောက်ကျ ဦး bun bunနဲ့လာကစားပေးမယ် ဟုတ်ပြီလား”
"ဦး တကယ်ပြောတာလား”
"inn တကယ်ပြောတာ bun bun အခု သွားလိုက်နော်”
"ဟုတ်”
bun bunအခန်းထဲဝင်သွားတာကို ဂျွန်ကြည့်မိသည်။ နှစ်ယောက်သားက သားအဖတွေမလို့လားမသိ စကားပြောတာ အဆင်ပြေကာ သားကလည်း စကားပင်နားထောင်သေးသည်။
"ဂျွန်”
jungkookအသံကြောင့် ဂျွန့်အတွေးများပြတ်ကာ ကြည့်လိုက်တော့ ဒေါသထွက်နေတဲ့ jungkookမျက်နှာကြည့်ပြီး ဂျွန်တံတွေးမျိုချလိုက်မိသည်။
"ဒီကိစ္စကို ဘယ်အချိန်ထိ ဖုန်းကွယ်ဖို့ စဥ်းစားထားတာလဲ ဂျွန် ကိုယ့်မှာ သားတစ်ယောက်ရှိတယ်ဆိုတာ ပြောပြသင့်တယ်မထင်ဘူးလား”
"အဲ့တော့ ဂျွန်က ဘာလုပ်ပေးရမှာလဲ အဲ့နေ့က ဂျွန်seoulကိုလာတာ အလကားလာတာ ထင်နေတာလား jungkookမင်္ဂလာဆောင်ထဲဝင်ပြီးတော့ရော jungkookကလေးလွယ်ထားတယ်လို့ဝင်ပြောရမှာလား အဆက်အသွယ်ဖြတ်သွားတာ jungkookဘက်ကနော် ဂျွန့်ကို မင်္ဂဆောင်မယ်လို့တောင်မပြောဘူး ဘာတုန်း တစ်သက်လုံးjungkookထားခဲ့တဲ့နေရာမှာ စောင့်နေမယ်လို့ ထင်နေတာလား”
jungkook ဂျွန့်ကို အကြာကြီးစိုက်ကြည့်နေပြီး
"sorry ဂျွန် ကိုယ်foulသွားတယ် ကိုယ့်သားကို မြင်တော့ ကိုယ်ဘာမှ မစဥ်းစားနိုင်ဖြစ်သွားလို့ပါ ကိုယ်တကယ်တောင်းပန်တယ် ဂျွန် အခု ကိုဘယ်လိုလုပ်ရမလဲ ကိုယ်တကယ်မစဥ်းစားတတ်တော့ဘူး”
"jungkookက ဘယ်လိုလုပ်ချင်လို့လဲ အခုအကုန်လုံးကိုယ့်ဘဝနဲ့ကို အဆင်ပြေနေတာပဲ ဒီတိုင်းပဲဆက်သွားရအောင်”
"ကိုယ့်သားရှိတယ်ဆိုတာသိရက်နဲ့တော့ ကိုမသိချင်ယောင်မဆောင်နိုင်ဘူး ဂျွန် ပြီးတော့ ကိုသားကို ချစ်တယ်”
"အဲ့တော့ jungkookက ဘယ်လိုဖြစ်ချင်တာလဲ ဂျွန်တစ်ခါတည်းပြောထားလိုက်မယ် ဂျွန့်သားကိုမပေးနိုင်ဘူးနော်”
"ကို မင်းဆီက သားကို လုယူမသွားပါဘူး ဂျွန် တစ်ခုပဲ ကိုယ်သားကို ညနေတိုင်းလာတွေ့ချင်တယ် အဲ့ဒါတော့ ခွင့်ပြုပေး”
ဂျွန် ခဏမျှစဥ်းစားလိုက်ပြီး
"ဂျွန့်သားကို လုယူမသွားဘူးဆိုတာသေချာတယ်နော်”
ဂျွန်က မယုံသင်္ကာနဲ့မေးတော့ jungkookက ရယ်လိုက်ပြီး
"ကို အမှန်ပြောတာဂျွန် ကိုကတိပေးတယ်”
"အဲ့တာဆိုလည်း ပြီးတာပဲ သားက ညနေ၄နာရီဆို မူကြိုဆင်းမှာ သားကို jungkookပဲကြိုလိုက်လေ ဂျွန်ဖုန်းနံပါတ်ယူသွား”
ဂျွန် jungkookဖုန်းယူပြီး ဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်သည်။
"ပြီးတော့ ညနေ၆နာရီပြန်ပို့ပေးရလား”
"ok ကျေးဇူးပဲဂျွန်”
jungkook ဂျွန့်ကို ဝမ်းသာအားရဖက်လိုက်တော့ ဂျွန်မျက်လုံးဝိုင်းသွားကာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ထိုစဥ်
"oppa”
ဂျွန် Geong minအသံကြားတော့ jungkookကို တွန်းလိုက်ပြီး
"Geong min ပြန်လာပြီလား”
"oppa အဆင်ပြေရဲ့လား Geong minနှောင့်ယှက်မိသွားတာလား”
"အိုး ဘာမှမနှောင့်ယှက်မိပါဘူး သူလည်း ပြန်တော့မှာပဲ bun bun ဦးဦးကို လာနှုတ်ဆက်လိုက်ဦး”
ဂျွန့်အော်သံကြားသဖြင့် သားက အခန်းထဲက ပြေးထွက်လာပြီး
"ဦးဦး…ဦးဦးက ပြန်တော့မှာလား သားက ဦးဦးနဲ့ စကားတွေပြောဦးမလို့ပါဆို”
jungkookက bun bunကိုချီလိုက်ပြီး
"ဦး မနက်ဖြန်လာခဲ့မယ်လေ အဲ့ကျ ဦးနဲ့သားနဲ့ကစားတာပေါ့ ပြီးရင် ရေခဲမုန့်လည်း ဝယ်ကျွေးမယ်”
"ဦးဦး တကယ်ပြောတာလား”
"အင်း တကယ်ပြောတာပေါ့”
"အဲ့တာဆို သားမနက်ဖြန်စောင့်နေမှာနော်”
"ok ဦးအခုပြန်တော့မယ်နော် bye bye”
သားနဲ့နှုတ်ဆက်ပြီး jungkookပျော်ရွှင်စွာ ပြန်သွားသည်။ဂျွန် geong minကို ကြည့်တော့ သံသယမျက်လုံးများဖြင့်ကြည့်နေတဲ့ geong minကို တွေ့လိုက်ရသည်။geong minက ဂျွန့်ကို မီးဖိုခန်းထဲ ဆွဲခေါ်ပြီး
"oppa အဲ့တာဘယ်သူလဲ ဘာကိစ္စသူ့ကို bun bunနဲ့ ပေးတွေ့နေရတာလဲ”
ဂျွန် သက်ပြင်းအရှည်ကြီးချလိုက်ပြီး
"geong min သူ့က သားရဲ့အဖေပဲ”
ဂျွန့်စကားကြောင့် geong minကြောင်ကာ ဂျွန်အား ကြည့်နေမိတော့သည်။ ဂျွန် geong minလက်မောင်းကို ကိုင်လိုက်ပြီး
"geong minအဆင်ပြေရဲ့လား”
"aww… inn oppa …oppaက ဘာလို့ဒီလောက်အေးဆေးနေတာတုန်း သူက bun bunနဲ့တွေ့ဖို့ထိုက်တန်တဲ့သူမဟုတ်ဘူး သူ့ကို ဘာကိစ္စအိမ်အပြင်ကန်ထုတ်မပစ်ရတာလဲ”
geong minဒေါသတကြီးဖြင့် တိုးတိုးပြောနေမိသည်။
"oppaလည်း ဘယ်လိုမှမတတ်နိုင်ဘူး သူ့မှာသားရှိတာ သိသွားတာကို oppaက သူ့သားနဲ့တွေ့ပေးဖို့လက်မခံရင် သူသားကို အပြီးခေါ်သွားဖို့လုပ်ရင် ဘယ်လိုလုပ်မလဲ အခုတော့ဒီတိုင်းလေးပဲထားထားလိုက်တော့ Geong min”
geong minလည်း ဘာမှမပြောတော့ပဲ ခေါင်းရမ်းကာ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။

ဂျွန် Où les histoires vivent. Découvrez maintenant