အပိုင်း(၄၆)

147 18 0
                                    

taehyung ကော်ဖီဆိုင်၌ ထိုင်၍ jiminကို
စောင့်ကာ စိတ်ရှုပ်နေသည်။ jiminဘာမေးမည်ဆိုတာကို သိနေ၍ဖြစ်သည်။မနေ့က အစည်းအဝေး၌ jungkookပုံမြင်ရ၍ စိတ်မချမ်းသာဖြစ်မိသည်။ jumgkookက နမ်ဂျွန်ကိုမေ့သည်ပုံမပေါ်ပေ။
ဂျွန်နဲ့yoongiပုံကြည့်ပြီး jungkookမနာလိုနေသည်ကို အတိုင်းသားမြင်နေရသည်။jiminကို
တွေးမိပြီး သနားလည်း သနားသည်။စိတ်လည်းပျက်မိသည်။ ကိုယ့်သူငယ်ချင်းကို မခံစားစေချင်၍ဖြစ်သည်။ဒီ၅နှစ်ကျော် ၆နှစ်အတွင်း jiminဘယ်လိုနေထိုင်ခဲ့သည်ကို တွေး၍ပင်မကြည့်နိုင်ပေ။အရာရာပြည့်စုံနေပါလျက်နှင့် ဒီလမ်းကိုရွေးခဲ့သည့် jiminအတွက် အားမလိုအားမရ
ဖြစ်နေမိသည်။ အခုလည်း jiminကို ဘယ်လိုပြောပြရမလဲဆိုတာ taehyungစဥ်းစားနေမိသည်။ကော်ဖီဆိုင်အပြင်လှမ်းကြည့်တော့ ကားထဲမှထွက်လာသည့် jiminကို မြင်လိုက်သည်။ jiminကတော့ အမြဲတမ်းလှနေသည်။jungkookက jiminရဲ့အချစ်တွေရော jiminရဲ့လှပမှုတွေကိုပါ အခုထိမမြင်နိုင်တာလား မမြင်ချင်ယောင်ဆောင်နေတာလား taeသိချင်မိသည်။jiminမျက်နှာကတော့ ဝမ်းနည်းမှုကိုအတိုင်းသား မြင်နေရသည်။ jiminကို ဒီလိုအခြေအနေနဲ့မြင်ရ၍ taeစိတ်မကောင်းပေ။ taeကြည့်နေရင်းပဲ jiminအနားရောက်လာကာ
"tae စောင့်နေတာကြာပြီလား”
"သိပ်မကြာသေးပါဘူး minnieရော ဘာသောက်မလဲ”
"ရတယ် ကော်ဖီပဲ”
"minnie ဘာပြောမလို့တုန်း”
"tae သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေတာလား”
taeမျက်နှာပျက်သွားပြီး
"ကြားထဲကနေ မပြောချင်လို့ ငါ့ကြောင့် minnieတို့နှစ်ယောက် ပြဿနာတတ်မှာစိုးလို့ပါ”
"tae အဲ့ဒါတွေစိတ်ပူမနေနဲ့ ဘာပြဿနာမှ မရှာဘူး ငါဒီအတိုင်းသိချင်ရုံပဲ jungkookကမေးလည်း မပြောဘူး မနေ့ကကိစ္စက နမ်ဂျွန့်ကြောင့်လား”
"ji…jimin ဘယ်လိုလုပ်သိလဲ”
"ငါ ထင်တယ် မနေ့က jungkookမူးပြီး သူ့နာမည်ရွတ်နေတာကြားလိုက်တာ သူနဲ့ဘယ်မှာတွေ့ခဲ့တာလဲ”
"inn မနေ့က min corporationနဲ့လက်မှတ်ထိုးဖြစ်တယ်လေ အလုပ်တွက် နမ်ဂျွန်က CEOရဲ့အတွင်းရေးမှူး”
"CEOဆိုတော့ min yoongiပေါ့ ဟုတ်လား”
"jiminသူနဲ့သိတယ်တယ်ပေါ့”
"inn နည်းနည်းပါ အဲ့တော့ သူတို့နှစ်ယောက်စကားပြောသေးလား”
"မပြောပါဘူး jungkookက သွားပြောသေးတယ် ဒါပေမယ့် နမ်ဂျွန်ဘာမှမပြောဘူး CEOနဲ့အတူတူထွက်သွားတာတွေ့လိုက်တာပဲ”
jiminဘာမှ မပြောတော့ပဲ စဥ်းစားနေမိသည်။
"minnie ဘယ်အချိန်ထိသူနဲ့ဆက်နေဖို့စဥ်းစားနေတာလဲ ကြာရင် မင်းဘဲစိတ်ဆင်းရဲရမှာ”
"ငါလည်း မသိတော့ဘူး tae တစ်ချိန်ချိန်တော့ jungkookပြောင်းလဲလာမှာပါဆိုတဲ့စိတ်နဲ့ပဲ ဖြေသိမ့်နေတာ ဒါ…ဒါပေမယ့် အဲ့တစ်ချိန်ချိန်ဆိုတာက ဘယ်အချိန်လဲဆိုတာငါလည်း မသိတော့ဘူး”
jiminဘာမှဆက်မပြောဘဲ ရှိုက်ငိုနေမိသည်။taehyung ထိုင်ရာမှထလာကာ jiminဘေးခုံကိုရွှေ့ထိုင်ပြီး jiminပုခုံးကို ဖက်လိုက်ပြီး
"minnie ဒီထက်ပိုပြီး ထိခိုက်နေမှာ taeမမြင်ချင်တော့ဘူး minnieကိုအရင်တုန်းကလို ပျော်ရွှင်နေတဲ့ပုံပဲ မြင်ချင်တယ်”
"ဒါပေမယ့် အခုထိ သူ့ကိုငါချစ်နေဆဲပဲ သူဘေးမှာရှိရင် အရာရာပြည့်စုံတယ်လို့ထင်နေမိတာ tae”
"ဒါကြီးက ကိုယ့်ဟာကိုနှိပ်စက်နေတာပဲ minnie ခေါင်းအေးအေးထားပြီး ငါပြောတာ စဥ်းစားမယ်လို့ မျှော်လင့်တယ်”
nj pov;
ဂျွန် ရုံးဆင်းချိန်၌ yoongiကိုပင် နှုတ်မဆက်ပဲ မြန်မြန်ပြန်လာခဲ့သည်။ ဂျွန် ဒီတစ်ပတ်လုံး yoongi hyungနဲ့မတွေ့အောင် အတတ်နိုင်ဆုံးမတွေ့မိအောင် ရှောင်နေမိသည်။ ဂျွန် busကားပေါ်မှ ဆင်းပြီး ရပ်ကွက်လမ်းအတိုင်း လျှောက်လာခဲ့သည်။ ဂျွန် ရှေ့၌ ကားကိုမှီကာရပ်နေသော ရင်းနှီးနေသော ပုံရိပ်ကြောင့် ဂျွန်​ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။ တစ်ဖြည်းဖြည်းနီးလာလေ ပိုထင်ရှားလာသော ပုံရိပ်ကြောင့် ဂျွန်လန့်သွားရသည်။
"jung-jungkook”
jungkookကလည်း ဂျွန့်ကိုတွေ့သွားပြီး ဂျွန့်ဆီလျှောက်လာကာ
"ဂျွန် အလုပ်ဆင်းပြီလား”
"jungkook ရပ်-ရပ်ကွက်ထဲ ဘာလုပ်နေတာလဲ ဒီနေရာကို ဘယ်လိုလုပ်သိတာလဲ”
"ကိုယ် ဂျွန်နဲ့စကားပြောချင်လို့ စုံစမ်းလာတာ”
"ဒါ…ဒါပေမယ့် ဂျွန့်မှာ ပြောစရာမရှိဘူး အခု…အခုပြန်လိုက်တော့”
ဂျွန် ဘေးဘီကို အလန့်တကြားကြည့်ရင်း ပြောလိုက်သည်။ဂျွန့်စိတ်ထဲ၌ သားနဲ့ညီမလေးအ​ပြင်ထွက်မလာစေဖို့ပဲ ဆုတောင်းနေမိသည်။ဂျွန့်ရဲ့ ဖြူဖြော့နေသည့် မျက်နှာကိုကြည့်ပြီး
"ဂျွန် ဘာလို့ဒီလောက်လန့်နေတာတုန်း ဂျွန်မကြိုက်တာ ဘာမှမလုပ်ပါဘူး ကိုယ်စကားပြောချင်ရုံပါပဲ”
"အဲ့တာဆိုလည်း မြန်မြန်ပြော ဂျွန်နားချင်နေပြီ”
"ကိုယ်တို့ ရှေ့ကဆိုင်ထဲ ဝင်ထိုင်ရအောင်လေ လာပါ ခဏလေးပါ”
ဂျွန်လည်း ကော်ဖီဆိုင်ထဲ လိုက်ဝင်ခဲ့သည်။jungkookကပဲ ကော်ဖီ၂ခွက်မှာကာ ဂျွန်ကတော့ ဘာမှမပြောပဲတိတ်ဆိတ်စွာ ထိုင်နေမိသည်။
"ဒါနဲ့ ဂျွန် နေရတာ အဆင်ပြေလား အလုပ်ဝင်တာရော ဘယ်လောက်ကြာပြီလဲ”
"သိပ်မကြာသေးပါဘူး”
"ဂျွန် အဲ့တာဆို အရင်ကဘာလုပ်တာလဲ ဂျွန်ကျောင်းရော ဆက်တတ်ဖြစ်လား”
"ဂျွန့်အကြောင်းတွေကို ဘာကိစ္စပြောပြရမှာလဲ jungkookနဲ့ရော ဘာဆိုင်လဲ”
jungkookစကားပြောဖို့အပြင် ကော်ဖီလာချ
သဖြင့် စကားစပြတ်သွားသည်။ထို့နောက် jungkookက ဂျွန့်ကော်ဖီထဲ သကြား၃တုံးလာထပ်ထည့်ပေးသဖြင့် ဂျွန် အံ့သြမိသည်။အခုထိ ဂျွန့်အကြိုက်ကို သူမမေ့သေးဘူးပေါ့။ သူနဲ့မတွေ့တာ ကြာနေပြီကို။ဘာကိစ္စသူက မှတ်မိနေရတာတုန်း။ဂျွန် စိတ်ရှုပ်စွာတွေးနေမိသည်။
"ကိုယ် ဂျွန်နဲ့တွေ့ချင်တာ ဂျွန့်ကို တောင်းပန်ချင်လို့ပါ”
"jungkookက ဘာကိုတောင်းပန်ချင်တာလဲ ပေးခဲ့တဲ့ ကတိမတည်ခဲ့တာကိုလား jungkookကို အလိုအပ်ဆုံးအချိန်မှာ စကားတစ်ခွန်းတောင် မပြောပဲထွက်သွားခဲ့တာကိုလား”
ဂျွန့်ပြောစကားကြောင့် jungkookမျက်နှာပျက်သွားကာ
"အကုန်လုံးအတွက်ပါ ဂျွန် ကိုယ်လည်းအဲ့တုန်းက အခြေအနေလေးတွေရှိလို့ပါ ပြီးတော့ ကိုယ်ဘယ်လိုမှ မတတ်နိုင်လို့ ဒီလိုတွေဖြစ်သွားတာပါ အဲ့…အဲ့အချိန်တုန်းက”
"အဲ့တုန်းက ဘာဖြစ်တုန်း jungkook”
"အဲ့…အဲ့တုန်းက jimin…jiminမှာ ကို့ကလေးလွယ်ထားရလို့”
ဂျွန် jungkookကို မယုံနိုင်စွာကြည့်ရင်း
"ဝိုး တကယ်ကြီးလား jungkook အဲ့တာဆို ဂျွန်နဲ့တွဲနေရင်း သူနဲ့အတူတူနေဖြစ်တာပေါ့”
"အဲ့…အဲ့လိုမဟုတ်ဘူး ဂျွန် အဲ့တစ်ည…ညပဲ ဖြစ်သွားတာ အဲ့နေ့က ကိုယ်တို့တွေ partyအတူတူသွားရင်း…”
"တော်တော့ jungkook အဲ့တာတွေ ဂျွန်သိလည်း မသိချင်ဘူး အခုသိတော့လည်း ဘာမှပြန်ပြင်မရတော့ဘူး အရာအားလုံးက ပြီးဆုံးသွားပြီ အဲ့ကိစ္စတွေ ဂျွန့်ခေါင်းထဲ တစ်ခုမှ မရှိတော့ဘူး ဂျွန်မေ့ထားတာ ကြာပြီ နောက်တစ်ခါ ဂျွန့်ဆီကို မလာပါနဲ့တော့ ဂျွန်အလုပ်ကိစ္စကလွဲရင် ဘယ်ကိစ္စနဲ့မှ မတွေ့ချင်ဘူး”
ဂျွန်ပြောပြီးနေရာမှထတော့ jungkookက ဂျွန့်ရဲ့လက်ကို ဆွဲလိုက်ပြီး သူ့ရဲ့ပါးကို အပ်ကာ
"ကိုမင်းကို သိစေချင်လို့ပါဂျွန် ကိုမင်းကို တစ်ရက်မှ မမေ့ခဲ့ဘူးဆိုတာ”
"sorry jungkook ဂျွန် jungkookကိုမေ့ခဲ့တာ မင်္ဂလာဆောင်တဲ့နေထဲကပဲ”
ဂျွန် လက်ကို​ပြန်ဆွဲယူလိုက်ပြီး နေရာမှ ပြေးထွက်လာခဲ့တော့သည်။ဂျွန် တိုက်ခန်းထဲမြန်မြန်ဝင်လိုက်ပြီး တံခါးကို အလောတကြီးပိတ်လိုက်သည်။
"oppa ဘာဖြစ်လာလို့လဲ တစ်ကိုယ်လုံးလဲ ချွေးကြည့်ပဲ”
"ဘာမှ မဖြစ်ဘူး Geong min သားနဲ့နေလိုက်ဦးနော် oppaအခန်းထဲနားလိုက်ဦးမယ်
အပြင်မသွားဘဲ အိမ်မှာပဲနေနော်”
ဂျွန်ပြောပြီး အခန်းထဲဝင်လာတော့ Geong minနေရာမှာ ကြောင်ပြီး ကျန်နေခဲ့တော့သည်။

ဂျွန် Où les histoires vivent. Découvrez maintenant