အပိုင်း(၄၀)

153 18 0
                                    

yoongiတစ်ယောက် mallထဲရှိ ဆိုင်တိုင်းလမ်းလျှောက်ပြီး အကဲခတ်နေသည်မှာ အခု ညပင်ရောက်နေပြီဖြစ်သည်။ဂျွန်ရဲ့ခြေထောက်တွေလည်း ထုံပြီး အချိန်မရွေးပစ်လဲတော့မည့်ပုံပင်။
ဗိုက်လည်း ဆာကာ busကားပင် လွတ်တော့မည်။ဒါပေမယ့် yoongiအား ဂျွန်မပြောရဲ။ပြောရင် ဒေါသထွက်သွားမှာစိုးသဖြင့် နောက်က ကျိတ်မှိတ်လိုက်နေရသည်။ ဂျွန် စဥ်းစားရင်နောက်ကလိုက်လာသဖြင့် yoongiရပ်လိုက်တာကို မသိပဲ yoongiကျောကို ဝင်တိုက်လိုက်မိသည်။
"sorry yoongi hyung”
ဂျွန်နှာခေါင်းကို လက်နဲ့ဖိရင်းပြောလိုက်သည်။
"ဂျွန်ပင်ပန်းနေပြီလား ဗိုက်ရောဆာပြီလား”
"ရပါတယ် ဂျွန်မဆာ”
ဂျွန်ပြောမလို့ရှိသေး ဂျွန့်ဗိုက်က သစ္စာဖောက်ကာ အသံမြည်လာသည်။ဂျွန် မျက်နှာရဲခနဲဖြစ်သွားပြီး ဗိုက်ကိုလက်ဖြင့်ပိုက်ကာ ရှက်ပြီး ခေါင်းငုံ့ကာ နေလိုက်သည်။ထိုအခါမှ
"sorry ဂျွန် ကိုယ်အလုပ်စိတ်ဝင်စားနေတာ ဂျွန့်ကို မကြည့်လိုက်မိဘူး အခု ညစာစားချိန်တောင်ရောက်နေပြီ လာ ဒီမှာရှိတဲ့ဆိုင်မှာပဲစားရအောင်”
yoongiနဲ့ဂျွန် ဆိုင်သွားဖို့အလုပ် ဂျွန့်ခြေထောက်က နာကာ yoongiလက်မောင်းထဲ ပစ်ကျသွားသည်။
"အာ sorry hyung ဂျွန်ခြေထောက်နည်းနည်းနာနေလို့”
yoongiမျက်နှာက စိတ်မကောင်းဖြစ်သွားသည်ကို ဂျွန်မြင်တော့
"ဘာမှ မဖြစ်ဘူး hyung အိမ်ကျလိမ်းဆေးလိမ်းလိုက်မယ်”
yoongiဘာမှ မပြောပဲ ဂျွန့်ကို တွဲကာ စားသောက်ဆိုင်ထဲ ဝင်သွားပြီး ဂျွန့်ကိုထိုင်ခုံ၌ထိုင်စေသည်။
"ဂျွန် ဒီမှာ ခဏနေခဲ့ဦး ကိုဟိုဘက်ခနေလေး”
yoongiအပြင်ထွက်သွား၍ ဂျွန်ပဲ menuကြည့်ကာ မှာထားလိုက်သည်။ခဏနေတော့ yoongiက လိမ်းဆေးဝယ်လာကာ ဂျွန့်ခြေထောက်ရှေ့ ချက်ခြင်းထိုင်ချလိုက်ပြီး ဂျွန့်ဖိနပ်ကို ချွတ်ပေးသဖြင့် ဂျွန့်မျက်နှာက ခရမ်း
ချဥ်သီးထက်ပင် ပိုရဲလာကာ စားသောက်ဆိုင်ထဲ အလျင်အမြန်ဝေ့ကြည့်လိုက်မိသည်။
"hyung…hyung ဘာလုပ်တာလဲ စားသောက်ဆိုင်ထဲ လူတွေနဲ့ကို”
ဂျွန်ပြောပြောဆိုဆို ခြေထောက်ကို နောက်ဆုတ်လိုက်သည်။yoongiက ဂျွန့်ခြေထောက်ကို ပြန်ဆွဲယူလိုက်ပြီး
"ကိုယ် ဂရုမစိုက်ပါဘူး ဂျွန့်ခြေထောက်နာနေတာ က အရေးကြီးတယ် ကိုယ်ဆေးလိမ်းပေးမယ်”
yoongiရဲ့လက်ကြီးကြီးတွေနဲ့ ဂျွန့်ရဲ့ခြေထောက်ကို ဆုပ်နယ်ကာ ဆေးလိမ်းပေးတော့ ဂျွန့်ရဲ့ ဗိုက်ထဲ လိပ်ပြာလေးများပျံသွားသည်ဟုပင် ထင်မိသည်။ဂျွန် yoongi hyungကို ကြည့်ရင်း ဂျွန့်ရဲ့ရင်တွေအခုန်မြန်လာသည်။
"ဂျွန့်ရဲ့ ဖနောင့်တွေပါပေါက်သွားတာ တော်သေးတယ် ကိုယ် plaster၂ခု ယူလာခဲ့လို့ sorry ဂျွန် ကိုယ်တကယ်ကို မသိလိုက်ဘူး နောက်ဆို တစ်ခုခုဆို ကိုယ့်ကို ချက်ခြင်းပြောနော်
ကိုယ်မဆူဘူး သိလား”
"ဟုတ် yoongi hyung”
ထိုစဥ် အစားအစာများ လာချသဖြင့် yoongi
သန့်စင်ခန်းသွားကာ လက်ဆေးပြီး ပြန်လာခဲ့သည်။နှစ်ယောက်သားညစာစားပြီးသောအခါ အလုပ်အကြောင်းပဲ ပြောကာ မိနစ်၂၀ခန့် ပြောကာ စားသောက်ဆိုင်ရောက်နေသည်ကိုပင် မေ့နေကြသည်။
"ဂျွန် အပြန်ကိုယ်လိုက်ပို့ပေးမယ်”
"ရပါတယ် hyungရဲ့ taxiငှားပြီး ပြန်လိုက်မယ်”
"ကိုယ် စိတ်မချဘူး ဂျွန် ကိုယ်ပဲလိုက်ပို့ပေးမယ် ဒါပဲ”
"ဟုတ် hyung ဒါနဲ့ နောက်တစ်ပတ်နေရင် jeon-park companyနဲ့ project အကြောင်းဆွေးနွေးဖို့ရှိတယ်နော် hyung သူတို့သူဋ္ဌေးလည်း ဒီအပတ်ပြန်ရောက်ပြီ ပြောတယ်”
ဂျွန့်စကားကြောင့် yoongi hyungမျက်နှာ ခဏလေးပျက်သွားသည်ကို ဂျွန်မြင်ဖြစ်အောင်မြင်လိုက်သေးသည်။yoongi ချောင်းဟန့်လိုက်ပြီး
"ok ဂျွန် ကိုယ့်တို့ဘက်လည်း အကုန်ပြင်ဆင်ပြီးပြီပဲ ဒီprojectလည်း အရင်အတိုင်း အောင်မြင်မှာပါ အခုပြန်ကျရအောင်”
"ဟုတ် hyung”
ဂျွန် မတ်တပ်ရပ်ပြီး ဖိနပ်စီးဖို့အလုပ် yoongiက ဂျွန့်ဖိနပ်နှစ်ဖက်ကောက်ကိုင်ကာ ဂျွန့်ကို ကျောပေးလျက်ထိုင်ချလိုက်ပြီး
"hyung ဘာ…ဘာဖြစ်လို့လဲ”
"ကို ကျောပိုးပေးမယ် ကိုယ့်ကျောပေါ်တတ်”
"hyung ရပါတယ် ဂျွန့်ခြေထောက် အဲ့လောက်မနာတော့ပါဘူး သူများတွေမြင်ရင် ရှက်စရာကြီးကို”
"ဂျွန် ပြောနေတာ ကြာတယ်ကွာ မြန်မြန်”
ဂျွန်လည်း ဘာမှမပြောပဲ yoongiလည်ပင်းကို ပြုတ်ကျမှာကြောက်သည့်အလား ဖတ်၍ လိုက်လာခဲ့သည်။ဂျွန်ရှက်လွန်း၍ ခေါင်းကို yoongiလည်ပင်းပေါ်၌ မှောက်ထားလိုက်သည်။ဒါမှ သူများအကြည့်တွေကို ရှောင်နိုင်မည်ပင်။
yoongiကတော့ mallတစ်ခုလုံးက လူတွေကို ရှိနေသည်ဟုပင်မထင်ပေ။ဂျွန်ခေါင်းကို ငုံ့လျက်
"hyung ဂျွန့်ကိုယ်ကမလေးဘူးလား”
"မလေးပါဘူး ကိုယ်ချွေးတောင်မထွက်ဘူး ကို ဂျွန့်ကို ကျောပိုးထားတာဟုတ်ရဲ့လားတောင်
စဥ်းစားမိတယ်”
ဂျွန်ဘာမှမပြောတော့ဘဲ တိတ်ဆိတ်စွာလိုက်လာခဲ့သည်။ဂျွန့်ရင်တွေခုန်နေတာကို မသိချင်ယောင်ဆောင်ပြီးတော့ပေါ့။
yoongi pov;
yoongi ဂျွန့်ရဲ့ တိုက်ခန်းရှေ့ကားရပ်လိုက်ပြီး
ကြည့်လိုက်တော့ ဂျွန်က အိပ်ပျော်နေပြီဖြစ်သည်။ yoongiဂျွန့်ကို မနှိုးသေးဘဲ ဂျွန်ရဲ့အိပ်ပျော်နေတဲ့ပုံလေးကို ထိုင်ကြည့်နေမိသည်။ဂျွန့်ရဲ့ပါးလေးကို လက်ဖြင့်ဖွဖွလေးကိုင်ကြည့်နေမိသည်။ဂျွန့်ရဲ့ပါးတွေးက နူးညံ့နေကာ မီးရောင်ကြောင့် ဝင်းနေသည်။ဂျွန့်ရဲ့ဆံပင်လေးများက နဖူးထက်ကပိုကရိုကျနေတာက ဂျွန့်ကို ပို၍ လှနေစေသည်။ဂျွန့်ရဲ့မျက်တောင်များက အောက်မျက်ခမ်းကိုပင် ထိလုနီးပါးရှည်နေသည်။ဂျွန့်ရဲ့နီရဲနေသော နှုတ်ခမ်းလေးများက နမ်းချင်စရာ အပြည့်နှင့်ပင်။yoongiတစ်ဖြည်းဖြည်း ဂျွန့်ရဲ့မျက်နှာနားကပ်လာကာ မျက်နှာချင်းထိလုနီးပါပင် ဖြစ်နေသည်။ထိုစဥ် ဂျွန့်ရဲ့မျက်ဝန်းများက ပွင့်လာကာ yoongiနဲ့တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။yoongiချောင်းဟန့်လိုက်ပြီး
"အိမ်ကို ရောက်နေပြီဂျွန် ကိုယ်အခုပဲ နှိုးတော့မလို့”
ဂျွန် အသိပြန်ဝင်လာကာ
"ဂျွန်အိပ်ပျော်သွားတာမသိလိုက်ဘူး hyungကျေးဇူးပဲနော် ဂျွန်သွားတော့မယ် အခန်းထိတော့ လိုက်မပို့ပါနဲ့တော့ ဂျွန်လမ်းလျှောက်နိုင်ပါတယ် မနက်ဖြန် companyမှာတွေ့မယ်နော် hyung”
"အင်း good night joon”
"good night hyung”
ဂျွန်ကားပေါ်က ဆင်းကာ အခန်းဆီဖြည်းဖြည်းချင်းလျှောက်သွားသည်ကို yoongiကြည့်ပြီး ကားမောင်းထွက်လာခဲ့သည်။ထိုစဥ် yoongiဖုန်းကို မသိသောဖုန်းနံပါတ်မှ ဖုန်းဝင်လာသည်။
yoongiကိုင်လိုက်သောအခါ
"ဟယ်လို”
"ဟယ်လို yoongi hyung”

ဂျွန် Where stories live. Discover now