အပိုင်း(၅၀)

164 17 0
                                    

ဂျွန့်ဒီနေ့ရုံးကို yoongiနဲ့မတွေ့အောင် အစောကြီးလာဖြစ်သည်။ဂျွန်အလုပ်ထွက်ဖို့ စိတ်ဆုံးဖြတ်ထားသည်။yoongi hyungကြည့်ရတာ ဂျွန့်ကို လက်လျော့မည်ပုံမပေါ်ပင်။ ဂျွန်yoongiနားဆက်နေလျှင် ကိုယ့်စိတ်ကို ထိန်းနိုင်မည်မဟုတ်ပေ။ yoongiမိဘများကိုလည်း ဂျွန်ကြောက်သည်။ နောက်တစ်ခါဆို ဂျွန့်အိမ်ထိလိုက်လာမှာတောင် စိုးရိမ်မိသည်။yoongi hyungအဝေးမှာနေဖို့ပဲ ဆုံးဖြတ်တာ အကောင်းဆုံးဟု ယုံကြည်သည်။ဒါ့ကြောင့် ဂျွန် ဒီအလုပ်မလုပ်တော့တာ အကုန်လုံးအတွက် အကောင်းဆုံးဟု ယုံကြည်သည်။ဂျွန် အလုပ်ထွက်စာကို စားပွဲပေါ် တင်မည်အလုပ် ရုံးခန်းတံခါးဖွင့်သံကြား၍ အလန့်တကြားလှည့်ကြည့်တော့ တံခါး၌ရပ်နေသည့် yoongiကို တွေ့လိုက်ရသည်။ yoongi မထိတရိပြုံးပြီး ကြည့်နေ၍ ဂျွန်မလုံမလဲဖြစ်ကာ အလုပ်ထွက်စာကို ဂျွန်လက်နောက်ပစ်ကာ ဖွက်ထားလိုက်မိသည်။
"ဂျွန် ကိုယ်မသိအောင် ဘာတွေဖွက်နေတာလဲ”
"ဘာ…ဘာမှ မဟုတ်ပါဘူး hyung”
"သြော် ဘာမှ မဟုတ်ဘူးဆို ကိုယ့်ကိုပြလေ”
yoongi ဂျွန့်ဆီလျှောက်လာကာ
"အလုပ်ထွက်စာတော့ မဟုတ်ဘူးမလား”
yoongi အပြောကြောင့် ဂျွန်မျက်လုံးများပြူးသွားကာ
"အဲ့…အဲ့တာက”
ဂျွန် စကားပင်မဆုံးလိုက်။ဂျွန်လက်ထဲမှ စာကို yoongiဆွဲယူလိုက်သည်။
"တကယ်ကြီးလားဂျွန် မင်းကိုယ့်စီက အပြီးပျောက်ကွယ်ဖို့ ဆုံးဖြတ်ထားတာလား မင်းကိုယ့်အတွက်နည်းနည်းမှ မတွေးပေးဘူးလား”
"ဂျွန် တကယ်တောင်းပန်ပါတယ် hyung ဂျွန်တို့အခြေအနေကအကွာကြီး hyung ဂျွန့်ကိုမေ့ပစ်တာ နှစ်ယောက်လုံးအတွက်အကောင်းဆုံးပဲ hyung”
ဂျွန်ပြောရင်း နေရာကနေပြေးထွက်တော့ yoongiနောက်ကလိုက်လာပြီး ဂျွန့်လက်ကို ဆွဲကာ ဂျွန့်ကို နံရံဘက်ဆီသို့ဆောင့်တွန်းကာ ပုခုံးကို တင်းတင်းဆုတ်ကိုင်ထားသည်မှာ အရာများပင်ကျန်နိုင်တဲ့အထိဖြစ်သည်။
"ဂျွန် မင်းကိုယ့်ဆီကနေဒီလို အလွယ်တကူထွက်သွားလို့ရမယ်ထင်နေတာလား”
yoongi ဂျွန့်ခါးကို ဆွဲဖက်လိုက်ပြီး ဂျွန့်နှုတ်ခမ်းအား အတင်းနမ်းတော့ ဂျွန့်မျက်ဝန်းများ ဝိုင်းသွားကာ ဂျွန်ခြေထောက်များပင် ပျော့သွားသလိုပင်။ ဂျွန် ကိုယ့်စိတ်ကိုထိန်းပြီး ရှိသမျှအားနှင့် yoongiအားတွန်းထုတ်လိုက်ပြီး
"hyung…hyung တော်……”
ဂျွန်စကားပင်မဆုံးလိုက် yoongi ဂျွန့်ခါးကို နောက်တစ်ခါ ဆွဲဖက်လိုက်ပြီး ဂျွန့်အားမနက်ဖြန်ပင်မရှိသည့်အတိုင်းနမ်းနေမိသည်။ဂျွန့်နှုတ်ခမ်းကို ကိုက်လိုက်သဖြင့် ဂျွန်ညည်းဖို့ နှုတ်ခမ်းအဖွင့် yoongiလျှာက ဂျွန့်ပါးစပ်ထဲဝင်လာကာ ဂျွန့်ပါးစပ်ရဲ့ နေရာအနှံ့အား နမ်းနေတော့သည်။yoongiက ဂျွန့်ကိုတော်တော်နဲ့မလွှတ်ဘဲ ဆက်နမ်းနေသဖြင့် ဂျွန်yoongiရဲ့အင်္ကျီစဆွဲပြီး ထိန်းထားရသည်။ကြာတော့ ဂျွန့်မျက်လုံးများပင် ပြာလာသည်။
"အဟမ်း…အဟမ်း”
ချောင်းဟန့်သံကြောင့် yoongiစိတ်ရှုပ်စွာကြည့်လိုက်တော့ hyunaကို တွေ့လိုက်သည်။
"အမ် yoongi ဒီမှာ ဖိုင်လာပို့ပေးတာ”
yoongi ခေါင်းငြိမ့်ပြလိုက်ပြီး
"ခဏစောင့်ဦး”
yoongiဂျွန့်ဘက်ပြန်လှည့်ကာ ဂျွန့်ရဲ့မျက်နှာနားကပ်လာပြီး
"ဂျွန် မင်းရဲ့နှုတ်ထွက်စာကိုယ်လက်မခံဘူး ပြီးတော့ မင်းအလုပ်ဝင်တုန်းက လက်မှတ်ထိုးပြီးသား ဂျွန် မမှတ်မိတော့ဘူးလား ငါးနှစ်အလုပ်လုပ်ပါမယ်လို့လေ မင်းအဲ့စာချုပ်ကို ဖောက်ဖျတ်မရဘူး နမ်ဂျွန် အဲ့တော့ မင်းရဲ့စားပွဲခုံမှာသွားထိုင်နေလိုက်တော့”
ဂျွန် ဘာမှမပြောနိုင်ပဲ အပြင်ထွက်ဖို့အလုပ်
"ဒါနဲ့ နောက်နှစ်ပတ်ကြာရင် ကိုယ် charityပွဲတတ်ဖို့ရှိတယ် မင်းပါလိုက်ခဲ့ရမယ် ဂျွန် တစ်ခါတည်းမှတ်ထား ကိုယ်ထပ်သတိမပေးဘူး အခုသွားလို့ရပြီ”
ဂျွန် ခေါင်းငြိမ့်ကာ ထွက်လာခဲ့သည်။
"yoongi နှစ်ယောက်သားဘယ်လိုဖြစ်နေတာတုန်း”
"ငါလည်း မတတ်နိုင်ဘူး hyuna ဂျွန်က အလုပ်ထွက်ဖို့ပါပြင်နေတာ”
hyunaမျက်လုံးပြူးသွားကာ
"တကယ်ကြီးလား”
"အင်း သူ့အရင်ခံစားရခဲ့တာတွေကို ငါနဲ့ပတ်သတ်မိရင် နောက်တစ်ခါ အသည်းကွဲခဲ့မှာ ကြောက်နေတာ ငါလည်း သူယုံအောင် ဘယ်လိုသက်သေပြပေးရမယ်မသိဘူး ငါ့ဟာငါတောင်ဂျွန်နဲ့ကိစ္စမပြီးသေးပါဘူးဆို ငါ့အမေက ဝင်ရှုပ်သွားသေးတယ် ငါမှာတာ အကုန်ပါတယ်မလား”
"ပါတယ် yoon”
"နေ့လည်ကျ ငါ့မိဘတွေ အိမ်ကိုပဲခေါ်ခဲ့လိုက်”
"အိုကေ”
hyunaထွက်သွားတော့ yoongi စားပွဲ၌ ထိုင်နေတဲ့ဂျွန့်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
နေ့လည် yoongiအိမ်၌
"မင်း ဘာကိစ္စရှိလို့ နှစ်ယောက်လုံးခေါ်ရတာလဲ yoongi မင်းတွေ့ချင် မင်းဘာသာလာခဲ့ပါလား ငါတို့အလုပ်တွေရှိသေးတယ်”
yoongiရယ်လိုက်ပြီး
"ဘာတုန်း အမေ လောင်းကစားသွားလုပ်ဖို့လား”
"အဲ့တာ ငါတို့အပိုင်းပါ မင်းအပူမပါပါဘူး ငါတို့ကို ကိစ္စသာပြော”
"ကျွန်တော်လည်း သိပ်မအားဘူးအမေ အဲ့မယ် အမေတို့ရှေ့ချထားတဲ့ ဖိုင်ကြည့်လိုက်”
နှစ်ယောက်လုံး ဖိုင်ကို ကြည့်ပြီး မျက်လုံးပြူးသွားတော့ yoongiမဲ့ပြုံးပြုံးလိုက်ပြီး
"အဖေနဲ့အမေ ဘယ်လိုဖြစ်တာတုန်း”
"ဒါ…ဒါတွေက”
"aww အဲ့ဒါလား ဒါတွေက အမေသိပ်ချစ်တဲ့ချွေးမလေး မိသားစုက ကလိမ်ကကျစ်လုပ်ထားတာတွေလေ သူ့တို့က အမေ့တို့ကိုပေါင်းပြီး ဒီကိစ္စတွေဖုံးချင်နေတာ”
"ဒါ…ဒါတွေ အမေတို့မသိဘူး”
"အခုသိပြီမလား ကျွန်တော် ဒါတွေ စစ်ဆေးရေးရုံးအပ်ပြီး တိုင်တော့မှာ အဲ့ဒါကြောင့် သူတို့နဲ့ အဆက်အသွယ်ဖြတ်ထားလိုက်တော့ ကျွန်တော် ဒါပြောချင်လို့ ခေါ်လိုက်တာ ပြောစရာရှိတာပြောပြီးပြီဆိုတော့ အမေတို့ကို ပြန်လိုက်ပို့ပေးလိမ့်မယ် ကျွန်တော် အမေနဲ့အဖေကို မမုန်းပါဘူး  အမေ ဂျွန့်ကို လုပ်လိုက်တဲ့ကိစ္စဘယ်လောက်ရှုပ်သွားတယ်ဆိုတာ အမေမသိဘူး နောက်တစ်ခါ ကျွန်တော့်ကိစ္စတွေဝင်မရှုပ်ပါနဲ့”
yoongiမိဘတွေလည်း ဘာတစ်ခွန်းမှမပြောတော့ပဲ ပြန်သွားကြသည်။
"hyuna ကျေးဇူးပဲ ငါ chaမိသားစုကို သံသယဖြစ်နေတာကြာပြီ ရန်ပုံငွေတွေနဲ့ပတ်သတ်ပြီး မင်းတို့နှစ်ယောက် သက်သေတွေရှာပေးထားလို့ ငါအဆင်ပြေတာ”
"ရတယ် yoon ငါတို့ပြောပြီးသားပဲ နင့်ဘက်မှာတို့နှစ်ယောက်လုံးအမြဲရှိတယ် အခု ဂျွန်ပြန်ချစ်လာအောင် ကြိုးစားဖို့ပဲကျန်တော့တယ် အဲ့တာတော့နင့်အပိုင်းပဲ”
yoongi ခေါင်းငြိမ့်ကာ hyunaအား ပြုံးပြလိုက်သည်။

ဂျွန် Dove le storie prendono vita. Scoprilo ora