အပိုင်း(၁၈)

129 17 0
                                    

no one pov;
Ilsanသို့ပြန်ရာလမ်းတစ်လျှောက် ဂျွန်တစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြစ်လာကာ စကားမပြောဘဲ လမ်းဘေးဝဲယာသာကြည့်ရင်း လိုက်လာခဲ့သည်.ထိုရက်များသည် ဂျွန့်အတွက် စိတ်အပင်ပန်းဆုံးရက်များပင်ဖြစ်သည်.jinနဲ့hobiက ကျောင်းစာမေးပွဲရှိ၍ ကြာကြာပင်မနေနိုင် ပြန်သွားရသည်.စာမေးပွဲသည် မိဘရက်လည်အတွင်းဖြစ်၍ ဂျွန်စာမေးပွဲ မဖြေဖို့ပဲ ဆုံးဖြတ်လိုက်သည်.ဒီအတောအတွင်း jungkookဆီ ဖုန်းခေါ်သော်လည်း ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပရောက်ရှိနေသည် ဆိုသည့်အဖြေအစား ကျန်တာ မကြားရပေ.jungkookဆီမှလည်း ဖုန်းတစ်ခါမှ မခေါ်ခဲ့ပေ.ဂျွန် jungkookကို တော်တော်စိတ်ပျက်မိသည်.ဂျွန့်ဘဝရဲ့ အလိုအပ်ဆုံးအချိန်၌ jungkookက ပျောက်ချင်းမလှပျောက်နေသည်.ဂျွန့်မှာ အားကိုးရမည့်သူဆိုလို jungkookသာရှိတော့သည်ဟု ယုံကြည်ထားသည်. ထိုသို့ယုံကြည့်၍လည်း ဂျွန့်ဘဝကို jungkookအား အပ်ခဲ့သည်.သို့သော် ယခုအခါ၌ jungkookအကြောင်း hyungတို့ပြောပြသည်မှအပ ကျန်တာမကြားရပေ.ကျောင်းစာမေးပွဲကို ဖြေပြီးတာနဲ့ ချက်ခြင်းပြန်သွားသည်ဟုပဲသိရသည်.ဂျွန်တို့မိသားစုက Ilsan၌ ဆွေမျိုးမရှိပေ. အခုappaနဲ့ommaနဲ့ မရှိတော့ဘူးဆိုတော့ အိမ်ရဲ့တာဝန်က ဂျွန့်ပုခုံးပေါ်ကျလာသည်.ဂျွန်တစ်ယောက်တည်းဆို ကိစ္စမရှိပေမယ့် ညီမလေးက ရှိသေးသည်.ညီမလေးက အခုမှ အထက်တန်း ဒုတိယနှစ်ပဲရှိသေးသည်. ညီမလေးရဲ့ ပညာရေးအတွက်တာဝန်က ဂျွန့်ပခုံးပေါ်ကျလာသည်. အဖေက ဝန်ထမ်းဖြစ်၍ အိမ်၌ ငွေပိုငွေလျှံမရှိပေ. အဖေဆုံးသဖြင့် ရလာသောပင်စင်ငွေကို ညီမလေးတက္ကသိုလ်တတ်လျှင် သုံးဖို့ ဘဏ်၌ သိမ်းထားကာ ​အထက်တန်းကျောင်းအတွက် ကုန်ကျစားရိတ်ကို ဂျွန်ကျောင်းထွက်ပြီး အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်သည်.ဂျွန်က အကိုကြီးပဲ အရာရာအဆင်ပြေအောင် လုပ်မည်ဟုသံဓိဋ္ဌာန်ချလိုက်သည်.jinနဲ့hobiကတော့ ဂျွန်ကျောင်းမထွက်ဖို့နဲ့ တတ်နိုင်သလောက်ကူညီမည်ဟုပြောသည်. သို့သော် ဂျွန်လက်ခံဖြစ်ပေ.သူတစ်ပါးအပေါ်ကိုလုံးဝမမှီခိုချင်၍ ဖြစ်သည်. ဂျွန်စိတ်ဓာတ်ကြံခိုင်သူတစ်ယောက်ဖြစ်လာအောင် ကြိုးစားရင်း ကိုယ့်ခြေထောက်ပေါ်ကို အမှီအခိုကင်းကင်းရပ်တည်နိုင်ရမည်. ဒါမှ ညီမလေးကိုစောင့်ရှောက်နိုင်မည် မဟုတ်လား

ဂျွန် Where stories live. Discover now