အပိုင်း(၃၁)

146 21 0
                                    

knj pov;
ဂျွန် စားပွဲ၌ ထိုင်ရင်း ကိုယ့်မျက်နှာကို စမ်းကြည့်မိသည်။ မျက်နှာတစ်ပြင်လုံး ပူနေကာ ဂျွန်ရင်တွေ အခုန်မြန်နေသည်။yoongi hyungဆူတော့မည်ဟုထင်နေသောကြောင့် ရင်အခုန်​မြန်နေသည်ထင်သည် ။ဂျွန်နာရီကြည့်လိုက်တော့ ညနေရုံးဆင်းချိန်ပင် ရောက်နေပြီဖြစ်၍ ပစ္စည်းများသိမ်းကာ hyungကို နှုတ်ဆက်ပြီး
busစီးကာ ပြန်လာခဲ့သည်။
"papa ပြန်လာပြီလား”
သားကို ဂျွန်ပွေ့ချီကာ ပါးနှစ်ဖက်ကိုနမ်းလိုက်ပြီး
"baby ဒီနေ့ရော ကျောင်းမှာ ပျော်ခဲ့လား သူငယ်ချင်းတွေရော ရပြီလား”
"ဟုတ် papa သားမှာ သူငယ်ချင်းတွေလည်း အများကြီးပဲ သားကျောင်းတတ်တာ ပျော်လည်းပျော်တယ် ဆရာမစကားလည်းနားထောင်တယ် သားလိမ္မာတယ်မလား papa”
"inn babyက အလိမ္မာဆုံးပဲ သားtvကြည့်နေတာလား”
"ဟုတ်”
"အဲ့ဒါဆို ကြည့်နေနော် papaရေချိုးလိုက်ဦးမယ် ပြီးရင် ညနေစာချက်ပေးမယ်နော်”
"ဟုတ် papa”
ဂျွန်သားကိုချကာ ရေမိုးချိုးပြီးညနေစာပြင်နေလိုက်သည်။ထိုစဥ် Geongminဝင်လာကာ
"oppa မနားသေးဘဲ ဟင်းချက်နေတာလား”
"inn ညစာပြင်ပြီးမှပဲ နားတော့မယ်လေ”
"Geong minလည်း ချက်ပေးချင်ပါတယ် Geong minချက်တာ oppaလိုမကောင်းဘူး oppaနားရက်ကျ ဟင်းချက်သင်ပေးနော်”
"oppaပဲ ချက်ပေးပါမယ် Geong minက စာလုပ်ရဦးမှာ”
"oppaကလည်း ဒီတစ်ခါ Geong min
တစ်ကယ်ချက်ချင်လို့ သင်ပေးနော်…နော်လို့”
"အင်းပါ သင်ချင်တယ်ဆို သင်ပေးမယ် ဟုတ်ပြီလား”
"ဟုတ် oppaအလုပ်လုပ်ရတာအဆက်ပြေလား bossကရော ကောင်းရဲ့လား”
"inn အလုပ်လည်း အဆင်ပြေတယ် hyungကလည်း ကောင်းတယ်”
"hyung……hyungက ဘယ်သူလဲ”
Geong min ဂျွန့်အပြောကြောင့် စိတ်ဝင်တစားဖြင့်မေးသည်။
"သူဋ္ဌေးက သူ့ကို hyungလို့ခေါ်ခိုင်းတာလေ”
"oppaရဲ့သူဋ္ဌေးက ရိုးရော ရိုးရဲ့လား minရဲ့ CEOက စည်းကမ်းကြီးတယ်လို့ Geong minကြားဖူးတာပဲ”
Geong minက သံသယဖြစ်စွာနဲ့ မေးလေသည်။
"ရိုးပါတယ် Geong minရဲ့ အရင်သူတွေလည်း ဒီလိုပဲခေါ်တာ​ နေမှာပါ အတွေးတွေသိပ်လွန်မနေနဲ့”
"ဒါနဲ့ CEOကြီးက ချောလားဟင် သူကငယ်ငယ်နဲ့ လုပ်ငန်းကြီးတွေအောင်မြင်နေတော့ သူ့ကို အားကျတဲ့သူတွေမှ တစ်ပုံကြီး ညီမသတင်းတွေထဲမှာတော့မြင်ဘူးတယ် ခန့်ခန့်ကြီးဟုတ်လား oppa”
"အင်း သူကခန့်ပါတယ် သူ့အသားရေက ဖြူဖတ်နေတာပဲ မသိရင်သွေးစုတ်ဖုတ်ကောင်ကျနေရောပဲ ကြည့်လိုက်ရင်တော့ ရိုင်းသလိုနဲ့ သဘောကောင်းပုံရတယ် သူ့အရပ်ကလည်း အရှည်ကြီးရယ်”
"ပေါင်းလိုက်ရင် သူက ခန့်ချောကြီးပေါ့ oppaရောသဘောမကျဘူးလား”
Geong minအမေးကြောင့် ဂျွန်ညီမလေးလက်မောင်းဖွဖွလေးရိုက်ပြီး
"သူက oppaရဲ့အထက်လူကြီးပါ အဲ့လိုတွေစိတ်မဝင်စားပါဘူး”
"oppaကလည်း အခုစိတ်မဝင်စားလည်း နောက်စိတ်ဝင်စားရင် ဝင်စားမှာပေါ့”
"အာ ဒီကောင်မလေး တော်တော့အဲ့ဒီအကြောင်း
အခု စားပွဲပေါ် ပန်းကန်ချပေး၍ဦး”
"yes sir”
Geong minက ပြောင်ချော်ချော်ပြောပြီး ပန်းကန်များချကာ ညစာကို၃ယောက်အတူတူစားဖြစ်သည်။ ထို့နောက် ဂျွန်နောက်တစ်နေ့အတွက် အလုပ်များကို ကြိုတင်စီစဥ်ကာ noteဖြင့်မှတ်နေလိုက်သည်။

ဂျွန် Donde viven las historias. Descúbrelo ahora