အပိုင်း(၁၉)

138 19 0
                                    

၂လခန့်ကြာသော်
knj pov;
ဂျွန်တစ်ယောက် seoulကိုသွားကာ jungkookကို တွေ့ရန်ဆုံးဖြတ်ချက်ဖြင့် ရထားစီးကာ မြို့မှ ထွက်လာခဲ့သည်.jinနှင့်ဟိုဘီတို့ကိုပင်မပြောချေ.သူတို့ကို ရုတ်တရက်supriseလုပ်ရန်လည်းပါသည်.seoulရောက်သော် ဂျွန် bus carဖြင့် jinနှင့်hobiရှိရာ တိုက်ခန်းသို့ အရင်ထွက်လာခဲ့လိုက်သည်.
no one pov;
jinရဲ့တိုက်ခန်းရောက်သော် ဘဲလ်တီးလိုက်သောအခါ တံခါးပေါက်ဖွင့်သော jin hyungအားတွေ့လိုက်ရသည်.
"hyung စပရိုက် hyungတို့ကို တွေ့ချင်လို့ seoulထွက်လာတာ ကိစ္စလေးလည်း ရှိလို့ပေါ့ hyungရော အဆင်ပြေရဲ့လား”
ဂျွန့်ရဲ့ အမေးကို jin hyungမဖြေနိုင်ပဲ နေရာ၌ တောင့်တောင့်ကြီးရပ်နေမိသည်.
"hyung hyung ဘာကြောင်ကြည့်နေတာလဲ ဂျွန့်ကို မြင်တာသရဲမြင်တာကျနေတာပဲ”
ထိုစဥ်
"jin hyung အိမ်ကို ဘယ်သူလာ……”
hobiက ဂျွန့်ကိုမြင်လိုက်သောအခါ ပြောလက်စစကားပင် ရပ်ပြီး နေရာ၌ပင် တောင့်တောင့်ကြီးရပ်နေသည်.
"hyung ဘာတွေဖြစ်နေတာတုန်း ဂျွန့်ကို မသိစေချင်တာရှိလို့လား ဂျွန်လာတာမကြိုက်လို့လား”
ဂျွန်ဝမ်းနည်းစိတ်ဖြင့် မျက်ရည်များကျလာသည်.ထိုအခါ jinက ဂျွန့်ကို ဖက်လိုက်ပြီး
"ဂျွန် အများကြီးရှိတဲ့နေ့ထဲမှ ဘာလို့ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတာလဲ ဂျွန် ဘာကြောင့်လဲ”
"hyung ဘာတွေပြောနေတာလဲ ဂျွန်ဘာမှ နားမလည်တော့ဘူး hyung jungkookအကြောင်းရောဘာကြားသေးလဲ”
"နမ်ဂျွန့် သူအကြောင်းကို မပြောစမ်းနဲ့ သူနာမည်ကြားတာနဲ့ သူကိုပြေးသတ်ချင်စိတ်ပေါက်တယ်”
jinအပြောကြောင့် ဂျွန်တွန့်ခနဲဖြစ်သွားပြီး
"hyung ဘာဖြစ်လို့လဲ jungkookနဲ့ ဘာဖြစ်ထားတာလဲ”
"ဂျွန် ဒါတွေအကုန်လုံးက ငါ့အပြစ်ပဲ ငါအစတည်းက တားသင့်ခဲ့တာ”
hobiက မချိတင်ကဲအသံဖြင့်ပြောကာ ဂျွန့်ရဲ့ခေါင်းကိုသပ်ပေးနေသည်.
"တော်တော့ hobiအခုမှနောင်တရနေလည်း ဘာမှမထူးဘူး ဂျွန် hyungပြောပြမယ်သေချာနားထောင်နော် ဒီနေ့က……ဟင်း”
jinသက်ပြင်းချလိုက်ကာ
"ဒီနေ့က jungkookနဲ့jiminလက်ထပ်တဲ့နေ့ပဲ”
jinပြောလိုက်တဲ့စကားကြောင့် ဂျွန့်တကိုယ်လုံးတန့်သွားကာ
" hyung ဂျွန့်ကိုစနေတာလား ဒါမျိုးက မနောက်ကောင်းဘူး hyung”
"ဂျွန် hyungတကယ်ပြောနေတာ သူတို့ဒီနေ့လက်ထပ်ပြီး ညနေကျ နိုင်ငံခြားထွက်မယ် ကြားတယ် ဟိုမှာပဲ တက္ကသိုလ်ဆက်တတ်မယ်တဲ့”
jinရဲ့အသံက ဂျွန့်ရဲ့နားထဲ မိုးကြိုးအလား ပြင်းပြင်းဝင်ချလာသည်.ဂျွန်ကိုယ့်နားကိုပင်မယုံနိုင် ဒီနေ့က jungkookရဲ့ လက်ထပ်ပွဲတဲ့ ဂျွန် ဂျွန့်ရဲ့ကျလုဆဲဆဲမျက်ရည်တွေကို မျက်တောင်ရှည်များ ပုတ်ခတ်ပုတ်ခတ်ဖြင့် သိမ်းလိုက်သည်.ဂျွန့်ရဲ့ hyungတွေရှေ့မှာ ဂျွန်နောက်ထပ်တစ်ကြိမ်ပြိုလဲမပြချင်တော့ပေ.ထို့နောက်
"hyung မင်္ဂလာပွဲနေရာသိလား ဂျွန့်ကိုပြောပြပါ ဂျွန်သွားကြည့်ချင်လို့”
ဂျွန့်ရဲ့တောင်းဆိုမှုကြောင့် jinနဲ့hobiတို့ အလန့်တကြားဖြစ်သွားကာ
"ဂျွန် ဘာလုပ်မလို့မေးတာလဲ”
"hyung ဂျွန်ဘာမှမလုပ်ပါဘူး ဂျွန့်ရဲ့မျက်လုံးနဲ့သေချာအောင် သွားကြည့်ချင်ယုံပါပဲ”
"အဲ့ဆို hyungတို့လည်း လိုက်ခဲ့မယ်”
"အာ မလိုက်ခဲ့ပါနဲ့ ဂျွန်တစ်ယောက်တည်း သွားပါရစေနော် နော်လို့ hyung”
jinရော hobiပါ စိတ်မသက်သာစွာဖြင့်ခေါင်းညိမ့်လိုက်သည်.
"ဂျွန် တစ်ခုခုဆို hyungတို့ကို ချက်ခြင်းဖုန်းဆက်နော်”
"ဟုတ် စိတ်မပူပါနဲ့ အဲ့ကပြန်လာရင် ဖုန်းဆက်လိုက်မယ်နော်”
jinဆီက လိပ်စာယူကာ jungkookရဲ့ မင်္ဂလာပွဲသို့ တက္ကစီငှားကာ ထွက်ခဲ့တော့သည်

ဂျွန် Where stories live. Discover now