အပိုင်း(၉)

137 19 0
                                    

နောက်တစ်နေ့ကျောင်းတွင်
jungkook pov;
jungkookတစ်ယောက် နာရီတစ်ကြည့်ကြည့်ဖြင့် ကျောင်းဆင်းချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေမိသည်.ခြေထောက်များကို လှုပ်ရမ်းရင်း
"အာ ဘာလို့ဒီနေ့မှ ကျောင်းဆင်းဖို့က ကြာနေရတာလဲ”
jungkookလေသံတိုးတိုးဖြင့် မကျေမနပ်ရေရွတ်နေမိသည်.ဖြစ်ချင်တော့ ဒီနေ့မှဂျွန်​နဲ့အတန်းချိန်ကမတူဘူး.ဂျွန်နဲ့တစ်ခါတည်းအတူတူသွားချင်ပါတယ်ဆို.ဆရာအခန်းပြင်ထွက်သွားသောအခါ  ကားဆီအပြေးသွားပြီး ဂျွန်ရှိရာကော်ဖီဆိုင်သို့ မောင်းထွက်လာခဲ့သည်.ကားပါကင်ထိုးပြီး ဝင်လိုက်သောအခါ မြင်လိုက်ရသော မြင်ကွင်းက jungkook၏ ဒေါသများပွက်ပွက်ဆူလာစေသည်.ဂျွန်ထိုင်နေတဲ့စားပွဲမှာ ကျောင်းသား၃ယောက် ထိုင်နေပြီး joonဘေးမှာထိုင်တဲ့တစ်ယောက်က ဂျွန့်ရဲ့ခါးကို ပိုင်စိုးပိုင်နင်းကိုင်ထားသည်.ထိုကျောင်းသားများနဲ့ ဂျွန်နဲ့သိတယ်ပြောရအောင်ကလည်း ဂျွန့်ရဲ့ မျက်နှာတစ်ခုလုံးနီရဲပြီး ငိုတော့မလိုဖြစ်နေသည်ကို ဘေးကဖြတ်သွားလျှင်ပင် သိနိုင်သည်. jungkookလည်း ဂျွန်ရှိရာကို ခပ်သွက်သွက်သွားပြီး
"ဂျွန် ဒီမှာ ဘာလုပ်နေတာလဲ ဒီနေ့ကိုယ်တို့စာလုပ်ရမယ့်နေ့လေ လာ အခုချက်ခြင်းသွားမယ်”
ဂျွန်စကားပင်ပြန်မပြောနိုင်ဘဲ ခေါင်းငြိမ့်ကာ ထိုင်ရာမှထဖို့အလုပ် ဘေးကတစ်ယောက်က ဂျွန့်ရဲ့လက်ကို စောင့်ဆွဲလိုက်ပြီး ဂျွန့်အားထိုင်ခုံ၌ ပြန်ထိုင်စေသည်.ဂျွန်လည်း လက်ကစောင့်ဆွဲလိုက်တဲ့ဒဏ်ကြောင့် နာပြီး မျက်ရည်များပင်ကျလာသည်. ဂျွန့်ရဲ့မျက်ရည်များမြင်လိုက်ရသောအခါ jungkookတစ်ယောက် ထိန်းချုပ်ထားသော ဒေါသများ ပေါက်ထွက်လာကာ ထိုကျောင်းသားအား အင်္ကျီကော်လံမှ စောင့်ဆွဲလိုက်ပြီး လက်သီးဖြင့် ဆက်ကာဆက်ကာ ထိုးမိနေသည်.
"jungkook…”
ဂျွန့်ရဲ့ ကြောက်အားလန့်အားဖြင့် အော်လိုက်သောအသံ ကြားလိုက်သောအခါ jungkookတစ်ယောက်ဂျွန့်ကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ပြီး ထိုကျောင်းသားဖက်လှည့်ကာ ပြောလိုက်သည်
"မင်းတို့မြဲမြဲမှတ်ထား သူက jeon jungkookဆိုတဲ့ငါ့အပိုင်ပဲ နောက်တစ်ခါသူ့နားမှာ မင်းတို့ကိုတွေ့ရင် သေပြီသာမှတ်”
jungkookနာမည်ကြားလိုက်သောအခါ ထိုကျောင်းသားများမျက်နှာသည် သွေးမရှိတော့သည်အထိ ဖြူဖတ်သွားပြီး ကြောက်လန့်သွားသည်ကို အတိုင်းသားမြင်နေရသည်. ထိုအထဲမှ တစ်ယောက်က
"မင်း…မင်းက jeon jung…jung kook”
"အေး ငါပဲ မင်းက ငါ့ကို သက်သေပြစေချင်လို့လား”
ထိုကျောင်းသား၃ယောက်လည်း ခေါင်းတွေမြန်မြန်ခါရမ်းကာ
"ကျွန်…ကျွန်တော်တို့ တောင်း…တောင်းပန်ပါတယ် နောက်တစ်ခါဒါမျိုး မဖြစ်စေရပါဘူး”ဟုပြောရင်း ကော်ဖီဆိုင်ထဲမှ ပြေးထွက်သွားတော့သည်.ထို့နောက် jungkookလည်း သူ့ရင်ခွင်ထဲ၌ ငိုနေသောဂျွန်နဲ့ ခွာလိုက်ပြီး ဂျွန့်ရဲ့မျက်နှာကို လက်နှစ်ဖက်ဖြင့်ဖွဖွလေးကိုင်ကာ
"ဂျွန်”
"ဟင်”
ရှိုက်သံများကြားက ဂျွန်ရဲ့အသံက တိုးညှင်းစွာထွက်လာသည်
"ကိုယ်နောက်ကျသွားလို့တောင်းပန်ပါတယ်နော် ကိုယ်သာစောစောရောက်ခဲ့ရင် ဂျွန်ဒီလိုမျိုးတွေနဲ့ ကြုံရမှာမဟုတ်ဘူး”ဟုဆိုကာ ဂျွန့်ရဲ့မျက်နှာမှ မျက်ရည်များအား ဖွဖွလေးသုတ်ပေးနေမိသည်
"သူ…သူတို့တွေရော”
"သူတို့လား မရှိတော့ဘူး ကြည့်ကြည့်ပါလား”
ဂျွန့်ကောက်ဖီဆိုင်အနှံ့ မယုံနိုင်စွာ လှည့်ပတ်ကြည့်လိုက်သည်
"သူတို့တကယ်မရှိတော့ဘူး တော်သေးတာပေါ့”
ဂျွန်သက်ပြင်းချရင်းပြောလိုက်မိသည်
"jung…jungkook လက်…လက်က…”

ဂျွန် Où les histoires vivent. Découvrez maintenant