အပိုင်း(၄၇)

157 19 2
                                    

yg pov;
yoongi ရုံးခန်းစားပွဲ၌ ထိုင်ရင်း မှန်ကနေတစ်
ဆင့် ဂျွန့်ကို စိတ်အလိုမကျစွာကြည့်နေမိသည်။ဂျွန် yoongiကို ​ရှောင်နေတာ တစ်ပတ်ပင်ရှိနေပြီဖြစ်သည်။အလုပ်ကိစ္စမှ လွဲ၍ ကျန်တာ မပြောပေ။ yoongiက ပြောမယ်ကြံတိုင်းလည်း ဂျွန်က စကားစဖြတ်ဖြတ်သွားသည်။yoongiပေးစရာ လက်မှတ်ထိုးခိုင်းစရာကအစ yoongiရုံးခန်းလာတဲ့သူနဲ့ပဲ ပေးလွှတ်သည်။တစ်ခါတစ်လေ မဖြစ်မနေမှသာလာသည်။လာတိုင်းလည်း yoongiအားမကြည့်ပေ။လုပ်စရာရှိတာလုပ်ပြီး အခန်းထဲမှာ မြန်မြန်ပြေးထွက်ထွက်သွားသည်။
ကြာတော့ yoongiစိတ်မရှည်ချင်တော့ပေ။
ဂျွန့်ကို အတင်းဖိအားမပေးချင်၍ yoongi ဘာမှမပြောဘဲ ဒီအတိုင်းစောင့်နေခြင်းဖြစ်သည်။သို့သော် ဂျွန့်ပုံစံက တစ်သက်လုံးရှောင်၍ ရမည်ဆို ရှောင်မည့်ပုံပင်ပေါ်နေသည်။
"နမ်ဂျွန် ရုံးခန်းထဲခဏလာခဲ့ဦး”
yoongi ဖုန်းကနေဆက်ခေါ်လိုက်သည်။
"ဘာ…ဘာကိစ္စရှိလို့လဲ hyung ဂျွန် အလုပ်ရှုပ်နေလို့”
"အဲ့အလုပ်တွေ ထားပြီး အခုလာခဲ့ဂျွန်”
"ဒါ…ဒါပေမယ့်”
"နမ်ဂျွန် မင်းအထက်လူကြီးကခေါ်နေတာ ဘာလို့အတွန့်တွေတတ်နေတာလဲ”
"ဟုတ်…ဟုတ်ကဲ့ အခုလာပြီ”
yoongiအော်လိုက်မှပဲ ဂျွန်နေရာမှထလာကာ ရုံးခန်းထဲဝင်လာခဲ့သည်။
"hyung ဘာ…ဘာပြောမလို့လဲ”
"လာ ဒီမှာထိုင်”
ဂျွန် ထိုင်ခုံပေါ်ထိုင်လိုက်ပြီး
"မင်း ကိုယ့်ကို ဘယ်အချိန်ထိ ရှောင်နေမှာလဲ”
"hyung ဘာကိုဆိုလိုချင်တာလဲ ဂျွန်မရှောင်ပါဘူး hyungကို ဘာလို့ရှောင်ရမှာလဲ”
yoongiနေရာမှထလာသဖြင့် ဂျွန်ခုံမှ အလန့်တကြားရပ်ကာ နောက်သို့တဖြည်းဖြည်းဆုတ်လာခဲ့သည်။
"အဲ့ဒါဆို မင်းအပြုအမူတွေက ဘာလို့အရင်နဲ့မတူရတာလဲဂျွန် ပစ္စည်းတွေကိုယ်တိုင်မလာဘဲ  ကိုယ့်ဆီ သူများနဲ့ပေးလွှတ်လိုက်တာလဲ ကိုယ့်ရုံးခန်းထဲလာရင်လည်း ဘာလို့ တစ်မိနစ်တောင်
ပြည့်အောင်မနေနိုင်တာလဲ ညနေရုံးဆင်းရင်
ကိုယ့်ကိုတောင် နှုတ်မဆက်နိုင်ဘဲ ဘာလို့ချက်ခြင်းပြန်သွားရတာလဲ ဂျွန်”
yoongiတစ်ဖြည်းဖြည်းရှေ့တိုးလာကာ ဂျွန့်ကျော ရုံခန်းတံခါးကပ်မိမှပဲ ရပ်တော့သည်။
yoongiက ဂျွန့်ရဲ့ခါးကို ဆွဲဖက်လိုက်ဖြင့် ဂျွန့်မျက်ဝန်းများဝိုင်းသွားကာ ဂျွန်လက်ကို yoongiရင်ဘက်ပေါ်သို့ လက်ကို အလန့်တကြားတင်လိုက်မိသည်။သို့သော် yoongiအား မျက်နှာချင်းမဆိုင်နိုင်ဘဲ ဘေးဘီကို ကြည့်နေမိသည်။
"အဆိုးဆုံးက မင်းကိုယ့်ကို ဘာလို့မကြည့်နိုင်တာလဲ ဂျွန်”
"hyung ဒါ…ဒါက ”
"ကို မင်းကိုချစ်နေမိပြီ ဂျွန်”
ဂျွန်မျက်နှာရဲသွားပြီး ဘာမှ မပြောနိုင်ပဲ yoongiအား ကြည့်နေမိတော့သည်။
"hyung ဂျွန်…ဂျွန် မသိဘူး”
"မင်းလည်း ကိုယ့်ကို ချစ်တယ်မလားဂျွန် ကိုခံစားမိနေတယ်”
"hyung အဲ့…အဲ့လိုမဟုတ်”
yoongi မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး
"မင်း ကိုယ့်မျက်နှာကို ကြည့်ပြီးပြောနိုင်မလား ဂျွန် မင်းကိုယ့်ကို မချစ်ဘူးဆိုတာ”
"hyung ဂျွန်အဲ့ကိစ္စတွေအတွက် အချိန်မပေးနိုင်ဘူး ပြီး…ပြီးတော့ ဂျွန် တစ်ခါမှားခဲ့ပြီးပြီ နောက်ထပ်မမှားချင်တော့ဘူး”
"နမ်ဂျွန် မင်းကိုယ့်ကိုချစ်တာ အမှားလို့ထင်နေတာလား”
yoongiမျက်နှာက ဒေါသဖြင့် ရဲနေသည်။ဂျွန်ပင် yoongi hyungကြည့်ပြီးလန့်လာသည်။ထိုစဥ်
ဂျွန့်ဖုန်းဝင်လာသဖြင့် yoongiကို တွန်းလိုက်ပြီး
"ဟယ်…ဟယ်လို”
"ဟယ်လို နမ်ဂျွန်လား Kim bumတို့မူကြိုဆရာမပါ”
"ဟုတ် ဆရာမဘာကိစ္စရှိလို့လဲမသိဘူး”
"ဂျွန့်သား ကျောင်းမှာ ရန်ဖြစ်လို့ အဲ့တာကျောင်းကို ခဏလာခဲ့ပါဦးနော်”
"ဟုတ် ဆရာမ ဂျွန် အခုလာပြီနော်”
ဂျွန်ဖုန်းကိုချလိုက်ပြီး ထွက်လာဖို့အလုပ်
"ဂျွန် ဘယ်ကဖုန်းလဲ”
"hyung ဒီနေ့ကျောင်းမှာ သားရန်ဖြစ်လို့တဲ့ ဂျွန်အခုသွားလိုက်ဦးမယ်”
yoongiဂျွန့်လက်ကိုလှမ်းဆွဲလိုက်ပြီး
"ကိုယ်ပါ လိုက်ခဲ့မယ် ဂျွန်”
"hyung ရပါတယ် မလိုပါဘူး ဂျွန့်ဟာဂျွန်သွားပါမယ် hyungအစည်းအဝေးရှိသေးတယ်”
"ဂျွန် လမ်းမှာကားပိတ်နေရင် ကြာနေမှာ လာ ကိုယ်လိုက်ခဲ့မယ်”
yoongiဂျွန့်လက်ကိုဆွဲကာ ထွက်လာခဲ့တော့သည်။
"ဒါပေမယ့် အစည်းဝေးက”
ဂျွန့် စကားပင်မဆုံးသေး yoongiက ဖုန်းခေါ်နေပြီဖြစ်သည်။
"ဟယ်လို hyuna ဒီနေ့အစည်းအဝေးကို ဖျက်လိုက် ငါနဲ့ဂျွန် အပြင်သွားစရာရှိတယ်”
"yoongi ဒီလိုလုပ်မရ……”
yoongi ပြီးအောင်ပင်နားမထောင်ပဲ ဖုန်းချကာ ကားမောင်းထွက်လာခဲ့သည်။ကျောင်းရောက်တော့ yoongiကိုပင်မစောင့်ဘဲ ဂျွန်ကျောင်းထဲပြေးဝင်လာခဲ့သည်။ ဂျွန်သားကိုမြင်လိုက်တော့ ဂျွန် မျက်ရည်များဝိုင်းလာကာ သားကိုပြေးဖက်လိုက်သည်။
"baby ဘာဖြစ်သွားသေးလဲ ဘယ်နားခိုင်းမိသွားသေးလဲ”
ဂျွန် သားရဲ့ကိုယ်လုံးလေးကိုလှည့်ကာကြည့်မိသည်။သားက
"papa သားဘာမှမဖြစ်ပါဘူး သားက သန်ပြီးသား”
သားရဲ့စကားကြောင့် ဂျွန်မျက်လုံးများပြူးသွားကာ ဘေးမှရပ်နေသောကျောင်းသားမိဘများထံမှ ဒေါသသံများထွက်လာသည်။
"တွေ့လား သူ့သားကိုက ရိုင်းနေတာ မိဘတစ်ယောက်တည်းမွေးထားလို့ သားကဆိုးနေတာ”
ဂျွန် အဲ့စကားကြားတော့ မျက်နှာပျက်သွားကာ မကြားချင်ယောင်ဆောင်ပြီး
" သားက ဘယ်လိုဖြစ်တာလဲ ဆရာမ”
"kim bunလေးကနဂိုက လိမ္မာပါတယ် ဒီနေ့ဘယ်လိုဖြစ်ကြတယ်မသိဘူး ရန်ဖြစ်ကြတာ ဟိုကလေးနှစ်ယောက်နဲ့”
ဂျွန် ထိုကလေးနှစ်ယောက်ကြည့်တော့ မျက်နှာမှာ bun bunကုတ်ထားသောအရာများကိုတွေ့လိုက်ရသည်။
"baby ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ”
ဂျွန်မေးလိုက်တော့ bun bunမျက်နှာလေးညှိုးသွားကာ
"သူတို့က သားကို သူများတွေလိုမိဘနှစ်ယောက်မရှိဘူးဆိုပြီးသားကို စကြတာ papa သားလည်း သည်းမခံနိုင်လို့ သားလုပ်ပစ်လိုက်တာ”
"bun bun အဲ့လိုမပြောရဘူးလေ”
"ဆရာမကြီး တွေ့လား ဒီကလေးက ရိုင်းစိုင်းနေတာ”
ကျောင်းအုပ်ဆရာမကြီးလဲ ဘာမှမပြောနိုင်ဖြစ်ကာ ကြည့်နေရသည်။
"ဂျွန့်ကလေးကို ဒီလိုမပြောပါနဲ့ bun bunက လိမ္မာပါတယ် အခုကလည်း ကလေးတွေက
အရင်စလို့ ဖြစ်သွားတာကို”
"ဆရာမကြီးတွေ့လား သူ့အဖေက ရိုင်းစိုင်းလို့ သားကပါ ရိုင်းစိုင်းနေတာ အဲ့တာကြောင့်လည်း သူ့ယောက်ျားက ထားသွားတာပေါ့”
"ဘယ်သူက ပြောတာလဲ သူ့ကိုထားသွားတယ်ဆိုတာ”
အသံကြားရာသို့လှည့်ကြည့်လိုက်တော့ အခန်းတံခါး၌ ရပ်နေတဲ့ yoongiကို တွေ့ရတော့ အခန်းရှိလူအကုန်လုံးမျက်လုံးပြူးသွားကြသည်။
"MR.min”
"daddy”
yoongiမျက်ရိပ်ပြစရာပင်မလို bun bunကို
ကြည့်လိုက်ရုံဖြင့်  bun bunက နားလည်ကာ yoongiဆီ ပြေးလာသဖြင့် yoongi ပွေ့ချီကာ ပါးကိုနမ်းလိုက်သည်။
"သား ဘယ်နားခိုက်မိသွားသေးလဲ”
bun bunက ခေါင်းကိုရမ်းပြပြီး
"သား ဘာမှမဖြစ်ဘူး daddy”
ထိုအခါကလေးမိဘများက
"သူက အဖေတစ်ယောက်တည်း ရှိတာမဟုတ်ဘူးလား”
တစ်ယောက်တစ်ပေါက်ဖြင့် ပြောကုန်ကြသည်။
"ခင်ဗျားတို့ ဘယ်သူကပြောလဲ သားမှာ အဖေတစ်ယောက်ထဲလို့ ကျွန်တော်က bun bunရဲ့daddy,ဂျွန့်ငယ်ရဲ့ယောက်ျား Min yoongiပဲ”
yoongiဂျွန့်ရဲ့ခါးကို လူများရှေ့၌ ဆွဲဖက်လိုက်သဖြင့် ဂျွန့်မျက်နှာရဲသွားကာ ဘာမှပင်မပြောနိုင်ပဲ yoongiကို ကြည့်နေမိသည်။
"အခု ကလေးတွေဒီလိုဖြစ်တာလဲ ခင်ဗျားတို့ကြောင့်ပဲ ခင်ဗျားတို့တွေ ကလေးတွေရှေ့မှာ ပေါက်ကရတွေ လျှောက်ပြောလို့ ဒီလိုတွေဖြစ်ကုန်ရတာ”
yoongiဒေါသနှင့်ပြောတော့ ကျောင်းသားမိဘတွေ လန့်ကုန်ကြသည်။
"အခု ခင်ဗျားတို့ ဘာဖြစ်ချင်လဲ”
yoongiနာမည်ကြားရုံနှင့် ကျောင်းသားမိဘများက လန့်နေပြီဖြစ်ကာ
"ဘာ…ဘာမှမပြောချင်ပါဘူး”
"ဟုတ်ပြီလေ ခဏနေ companyကတစ်ယောက်လွှတ်ပေးမယ် ကလေးတွေကို ဆေးခန်းလိုက်ပြပေးလိမ့်မယ် ခင်ဗျားတို့နောက်တစ်ခါဆို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောတာလျှော့ ကြားလား”
"ဟုတ်…ဟုတ် အစောနကပြောမိတာတွေအတွက် တောင်းပန်ပါတယ်”
"okလေ လက်ခံတယ် နောက်ဒီလိုမဖြစ်အောင် ဂရုစိုက်”
"ဟုတ်…ဟုတ်ကဲ့”
ကျောင်းသားမိဘများထွက်သွားတော့ ဆရာမကြီးက
"Mr.min ကိုယ်တိုင်လိုက်လာတာလား”
"ဟုတ်တယ် ဂျွန်ငယ်သွားမှတော့ ကျွန်တော်ပါလိုက်လာရတာပေါ့ ကျွန်တော့်သားပဲကို”
"Mr.minလိုက်လာလို့ ဒီလိုစောစောပြီးသွားတာ ကျွန်မလည်း ပြောသေးတယ် သူတို့က နားမဝင်ဘူး”
"ဟုတ် ရပါတယ် ဆရာမကြီး အဲ့တာဆိုကျွန်တော်တို့ကို ခွင့်ပြုပါဦး”
"ဟုတ်ကဲ့ နောက်များအားရင်လာလည်ခဲ့ပါဦး”
yoongiနှုတ်ဆက်ပြီး တစ်ဖက်က bun bunကို ချီပြီး တစ်ဖက်က ဂျွန့်လက်ကို ဆွဲကာ ထွက်လာခဲ့သည်။ဂျွန်သတိဝင်တော့ ကားပေါ်ပင်ရောက်နေပြီဖြစ်သည်။သားက ဂျွန့်နဖူးကို လက်ဖြင့်စမ်းပြီး
"papa…papaမျက်နှာက ဘာလို့နီနေတာလဲ”
"အော် ဘာမှမဖြစ်ဘူး baby,papa ပူနေလို့ပါ”
ဂျွန် yoongi hyungကြည့်တော့ ကားမောင်းရင်း ပြုံးနေသည်ကို တွေ့ရသည်။ဂျွန်ရဲ့တိုက်ခန်းရှေ့ကားရပ်တော့ သားက
"daddy နောက်လည်း daddyလို့ခေါ်ရလားဟင်”
ဂျွန့်သားပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ပြီး
"သား အဲ့လိုမပြောရဘူးလေ”
yoongiက ဂျွန့်လက်ကို ဖယ်ပြီး
"bun bunကြိုက်သလိုခေါ်ရတယ် သားpapaက
ခွင့်ပြုရင်ပေါ့”
"papa ရတယ်မလားဟင် သားမှာလည်း အဖေနှစ်ယောက်ရှိတယ်ဆိုပြီး သားသူငယ်ချင်းတွေကြွားချင်လို့ papa”
bun bun မျက်လုံးမှာမျက်ရည်စတွေနဲ့ မော့ကြည့်တော့ ဂျွန်သက်ပြင်းချလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။သားက လက်ခုပ်တီးပြီး
"ရေး ဒါမှသားpapa”
"ဂျွန်တို့နားလိုက်တော့လေ မနက်ဖြန်မှတွေ့တာပေါ့”
ကားပေါ်က မဆင်းခင် သားက yoongiပါးကိုနမ်းပြီး
"daddy တာ့တာ နောက်နေ့သားဆီလာခဲ့ဦးနော်”
"လာမှာပေါ့ bun bunရဲ့ နောက်နေ့bun bunဆီ အလည်လာခဲ့မယ် bye bye”
ဂျွန်သားကိုချီကာ တိုက်ခန်းဆီသို့ လျှောက်လာခဲ့သည်။Geong minက စောသေးသဖြင့်ပြန်မရောက်သေးပေ။
ဒေါက်…ဒေါက်…ဒေါက်
"ဘယ်သူလဲ yoongi hyungလား”
ဂျွန်သားကို tvရှေ့ထားခဲ့ကာ
"yoongi hyung ဘာကျန်ခဲ့သေးလို့လဲ”
ဂျွန်တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ ပုံရိပ်ကြောင့် ဂျွန့်မျက်လုံးများပြူးသွားကာ မျက်နှာက သွေးများပင်မရှိတော့ပေ။
"jung…jungkook”

ဂျွန် Donde viven las historias. Descúbrelo ahora