အပိုင်း(၅၃)

164 18 0
                                    

jungkookအိမ်ကို မူးပြီးပြန်ရောက်လာသည်။အိမ်ပေါ်တတ်သွားတော့ jiminက အခန်းရှေ့၌
စောင့်ကာ
"jungkook ငါနင့်ကို သည်းခံနိုင်စွမ်းကုန်နေပြီ နင်အိမ်မှာ ငါနဲ့သားနဲ့ရှိတယ်လို့ရော ထင်သေးရဲ့လား”
jungkookက ရယ်လိုက်ပြီး
"ငါ မင်းကိုစောင့်နေပေးပါလို့ ပြောလိုက်မိလား jimin ငါ အခုလို အဖြစ်တွေ ကြုံရတာ မင်း…မင်းကြောင့် အဲ့ဒါသိလား”
jungkookဒေါသတကြီးဖြင့် ပြန်အော်လိုက်မိသည်။
"အဲ့တာ နင့်ကြောင့်လဲပါတယ် jungkook နင်အရင်ကတိကို ဖျက်သွားတာလေ နင်ဘာလို့ငါ့ကိုထားခဲ့လဲ”
"ဒါ…ဒါပေမယ့် ငါချစ်တာ ဂျွန်လေ နမ်ဂျွန်လို့”
"အဲ့လောက်ချစ်တတ်ရင်လည်း မင်္ဂလာဆောင်တုန်းက သူ့ကို နင်ရော ငါရောတွေ့တာပဲ နင်ဘာလို့လိုက်မသွားတာလဲ နင်ပဲချစ်လှပါချည်ရဲ့ဆို”
"အဲ့တာ…အဲ့တာ မင်း…မင်းက”
"ဟုတ်တယ်လေ အဲ့တာငါကြောင့်ပါတယ် ဒါပေမယ့် နင်အဲ့နေ့သူပုံစံက ​ပြိုလဲနေတဲ့ပုံပေါ်တာတောင် ​နင်ကြည့်နေခဲ့တာလေ နင်သူ့ကို သိပ်ချစ်တယ်ဆို အကုန်ကျော်ဖြတ်ရဲရမှာပေါ့”
jungkookမျက်နှာနီသွားကာ
"ji…jimin မင်းတော်လိုက်တော့”
"ဘာတုန်း ငါပြောတာ အရှိုက်ထိသွားလို့လား ငါနင့်ကို ချစ်လို့ သူ့ကိုငါဘာလုပ်ခဲ့လည်း သိလား”
"မင်း…မင်းဂျွန့်ကိုဘာလုပ်ခဲ့တာလဲ”
"ဒါတော့သိချင်တယ်လား kookie”
jiminရယ်လိုက်ပြီး
"ငါ သူ့ကို သတ်ပစ်ချင်စိတ်ထိ ပေါက်ခဲ့တာ
ငါမလုပ်ရက်လို့ lessonsပေးလိုက်ရုံပဲ အဲ့နေ့က သူဆေးခန်းရောက်တဲ့အထိ ငါရိုက်ခိုင်းလိုက်တာ”
"အဲ့…အဲ့တာတွေ ငါ…ငါမသိဘူး”
"ဘယ်သိမတုန်း သူ နင်trainingကိစ္စတွေနဲ့ရှုပ်နေတော့ နင့်ကို မပြောဘူးဆိုတာ ငါသိတယ် kookie နမ်ဂျွန်က သူစိတ်ကို သိရလောက်တဲ့အထိ "အ"လို့ခံခဲ့ရတာပဲလေ အဲ့နောက်နေ့က ဘာနေ့လဲသိလား သူငါ့ကို ပါးရိုက်မိတယ့်နေ့လေ တစ်ကယ်က ငါနင်လာမယ့် အချိန်စောင့်ပြီး သက်သက်ရိုက်မိအောင်ကြံလိုက်ရုံပဲ နင်လည်း တကယ်အတယ်နော် kookie နင်သိပ်ချစ်တဲ့သူစကားမယုံပဲ ငါ့စကားကိုယုံတာ နင်တို့နှစ်ယောက်လုံး အရူးတွေပဲ”
jiminမျက်ရည်များကြားမှ အော်ပြောလိုက်သည်။ jungkookက jiminအင်္ကျီကော်လံ စောင့်ဆွဲလိုက်ပြီး
"မင်း…မင်း ဘာလို့ဒီလိုလုပ်တာလဲ”
"ငါ နင့်ကို သိပ်ချစ်ခဲ့လို့ပေါ့ ငါနင့်ကို ရဖို့ဆို ဘာပဲလုပ်ရလုပ်ရလုပ်မှာ ဒါပေမယ် နင်…နင်ကရော နင်သိပ်ချစ်ပါတယ်ဆိုတဲ့သူ ဒုက္ခရောက်တာတောင် နင်ကြည့်ရုံပဲကြည့်နေခဲ့တယ်လေ ငါ့ထက်နင်က ပိုဆိုးတယ် jungkook”
"jimin ငါမင်းကိုတော်တော့လို့ပြောနေတယ်”
jumgkookလက်တဖက်မြှောက်ကာ ရွယ်လိုက် စဥ်
"daddy,pa…papa”
jungkookရော jiminရောလှည့်ကြည့်မိတော့ လှေကားထိပ်၌ ရပ်နေတဲ့ beomgyuလေးကို မျက်ရည်များနဲ့တွေ့လိုက်ရသည်။
"daddy papaကို မရိုက်ပါနဲ့”
jungkook အင်္ကျီစကို လွှတ်လိုက်ပြီး သားဆီသို့လှည့်ကာ
"daddy မရိုက်ဘူးသား တွေ့လား”
jungkookရော jiminရော သားရပ်နေရာကြည့်လိုက်တော့ လှေကားထိပ်ဖြစ်နေတာတွေ့ရပြီး နှစ်ယောက်လုံးလန့်သွားသည်။jiminက
"သား papaတို့ ဘာမှမဖြစ်ဘူး အခုဒီဘက်လာခဲ့နော်”
jiminပြောရင်းရှေ့တိုးလိုက်တော့ beomgyu
လန့်ကာ နောက်ဆုတ်လိုက်သည်။
"သား”
"beomgyu”
သားလှေကားထစ်အောက်သို့ကျသွားတာ တွေ့လိုက်တော့ နှစ်ယောက်လုံးပြေးဆင်းကာ သားကိုပွေ့ချီပြီး ဆေးရုံသို့ ကားမောင်းထွက်လာခဲ့သည်။
jiminက သားကို ပွေ့ကာ ခေါင်းကသွေးများထွက်နေသဖြင့် လက်ဖြင့် အုပ်ထားပြီး
"သား… beomgyu ဘာမှမဖြစ်ဘူးနော် papaတို့ဆေးရုံသွားနေပြီ ခဏလေးပဲစောင့်”
jiminစကားတတွတ်တွတ်ပြောရင်း ဆေးရုံရောက်လာသည်။ဆေးရုံရောက်တော့ ဆရာဝန်နဲ့သူနာပြုများက သားကို ကုတင်ပေါ်ခေါ်သွားပြီး
စမ်းသပ်ပြီးနောက်
"ကလေးက လက်တစ်ဖက်တော့ကျိုးသွားတယ် အဲ့တာကျောက်ပတ်တီးစီးပေးထားမယ် ပြီးတော့ ပြုတ်ကျရင်း ခေါင်းက လှေကားစောင်းနဲ့ရိုက်မိတော့ သွေးသွင်းရမှာ ဒါပေမယ့်”
"ဟုတ် ဘာဖြစ်လို့လဲ ဒေါက်တာ ဘာလိုအပ်လို့လဲ ကျွန်တော်တို့လိုအပ်တာမှန်သမျှထောက်ပံပေးနိုင်ပါတယ်”
"ကလေးသွေးက O(-)ဖြစ်နေတာ ဆေးရုံမှာ အဲ့သွေးအမျိုးအစားက မရှိဖြစ်နေလို့ ကလေးအဖေက သွေးလှူပေးရင် အဆင်ပြေမှာပါ”
jimin အလန့်တကြားနဲ့ jungkookကြည့်မိတော့ jungkookမျက်နှာဖြူဖျော့ကာ နံရံကို လက်ဖြင့်ထိန်းရင် ထိုင်ချလိုက်သည်ကို တွေ့ရသည်။
"ကလေးက သွေးအရေးပေါ်လိုနေတော့ အခုချက်ခြင်း ကလေးရဲ့ဖခင်မပါဘူးဆိုလည်း ခေါ်ပေးပါ အရေးကြီးလို့ပါ”
jungkookကိုအပင် မကြည့်အားပဲ jiminအမြန်ဖုန်းခေါ်လိုက်မိသည်။
"ဟယ်…ဟယ်လို”
jimin တစ်ဖက်က ဒေါသတကြီးအော်သံကို ကြားလိုက်ရကာ
"jimin ဘာကိစ္စငါ့ဆီဖုန်းခေါ်တာလဲ ငါမင်းကို ဘယ်တော့မှ မဆက်သွယ်နဲ့တော့လို့ပြောထားတာ နားမလည်းဘူးလား”
"hyung…yoongi hyung ဖုန်းခေါ်မိလို့ တောင်း…တောင်းပန်ပါတယ် jiminရဲ့သားအခုအရေးပေါ်သွေးလိုနေလို့ ဆေးရုံကို အခုချက်ခြင်းလာခဲ့ပေးပါ အရေးကြီးလို့ပါ hyung မြန်မြန်လေးလာခဲ့ပေးပါ”
တစ်ဖက်က တိတ်သွားတဲ့အသံ jiminကြားလိုက်ပြီး
"hyung”
"ok ကိုအခုလာပြီ ဘယ်ဆေးရုံကိုလာခဲ့ရမလဲ”

ဂျွန် Kde žijí příběhy. Začni objevovat