အပိုင်း(၃၉)

142 17 1
                                    

ဆိုလ်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌
"jungkook jimin”
jungkookရော jiminရော အသံကြားရာသို့လှမ်းကြည့်လိုက်တော့ သူတို့ကို လက်ပြနေတဲ့ taehyungကို တွေ့လိုက်သည်။jiminက သားကိုချီရင်း taehyungရှိရာသို့လျှောက်လာခဲ့သည်။
taeက ဝမ်းသာအားရဖြင့် jiminကို ဖတ်ရင်း
"မင်းတို့နှစ်ယောက်လုံးထွက်သွားတာ ဘယ်လောက်ကြာပြီလဲ ငါသတိရနေတာ”
"အေး ငါတို့နှစ်ယောက်လုံးလည်း သတိရပါတယ် ဟိုမှာ အလုပ်ကိစ္စလေးတွေက မပျက်သေးလို့ အခုအပြီးပြန်လာတာ ဟုတ်တယ်မလားkookie”
jungkookခေါင်းကိုငြိမ့်လိုက်ပြီး
"ဟုတ်တယ် companyမှာလုပ်ရတာ အဆင်ပြေတယ်မလား tae”
"ပြေတယ် companyလည်း ကောင်းကောင်းလည်ပတ်နေတယ် မင်းအတွက်လည်း လာမယ့်projectအသစ်ကစောင့်နေတယ် jungkook အောင်မြင်မှုအကြီးကြီးရအောင်လုပ်လိုက်စမ်းပါ”
"နှစ်ယောက်သားအလုပ်အကြောင်းတော်တော့ အခုမှပြန်ရောက်တာကို အခုလောလောဆယ် အရင်နားကြရအောင်နော် kookie”
"ok သွားရအောင် taehyung ငါ့သားလည်း ပင်ပန်းနေပြီ”
"yes boss”
taeက ပြောင်ချော်ချော်ပြောလိုက်တော့ ၃ယောက်သားရယ်ဖြစ်ကြသည်။ထို့နောက် အထုပ်များဆွဲကာ jungkookတို့နေမယ့် တိုက်ဆီသို့ ကားကိုမောင်းထွက်လာခဲ့သည်။ခြံကြီးက သပ်သပ်ရပ်ရပ်ဖြင့် တော်တော်ကျယ်ဝန်းသည်။
ကားကို ခြံဝန်းထဲမောင်းဝင်လာပြီး တိုက်ရှေ့ကားရပ်တော့ jiminက သားကိုပွေ့ကာ အပေါ်ထပ်တက်သွားသည်။အလုပ်သမားများက အထုပ်များလာသယ်ကာ နေရာချပေးနေသည်။
"jungkook အဲ့တာဆိုနောက်တစ်ပတ်နေရင်တွေ့မယ် မင်းလည်း jiminနဲ့အေးအေးဆေးဆေးနားဦးပေါ့ နောက်ဆိုမင်းလုပ်ရမယ့် အလုပ်တွေပုံနေတော့မှာ အခုငါပြန်တော့မယ် လိုတာရှိရင် ဖုန်းဆက်လိုက် ငါ companyမှာ အမြဲရှိတယ်”
"ok tae ကားကို ဂရုစိုက်မောင်း”
taeနှုတ်ဆက်ပြီး ကားကိုမောင်းကာထွက်လာခဲ့သည်။jungkookတစ်ယောက် အိမ်ထဲမဝင်သေးဘဲ ခြံထဲလမ်းလျှောက်နေမိသည်။jungkook
ကိုးရီးယားမရောက်တာ ၆နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။အခုမှပဲ ကိုရီးယားကလေကို အပြည့်အဝရှူဖြစ်တော့သည်။သူများနိုင်ငံကျ နေရတာကောင်းပေမယ့် ကိုယ့်နိုင်ငံလောက်မပျော်ပေ။jungkookကိုးရီးယားခြေစချတော့ ဂျွန့်မျက်နှာက စိတ်ထဲအရင်ဝင်လာမိသည်။အခုအချိန်ဆို
ဂျွန်တစ်ယောက် အိမ်ထောင်ကျနေရောပေါ့။နိုင်ငံခြား၌ နေတုန်းက ဂျွန့်ကိုမတွေးမိအောင် အလုပ်ပဲ ဖိလုပ်ဖြစ်သည်။ရုံးခန်း၌သာ အချိန်ဖြုန်းဖြစ်သည်။အခု ကိုးရီးယားရောက်တော့ မေ့ထားသော မျက်နှာလေးက ချက်ခြင်းပေါ်လာသည်။ jungkookအခုထိ မင်္ဂလာဆောင်တုန်းက ကြည့်သွားတဲ့ ဂျွန့်ရဲ့အကြည့်တွေကို အခုထိမမေ့သေးပေ။နာကြည်းချက်တွေပြည့်နေတဲ့မျက်ဝန်းက jungkookအား နောက်တစ်ကြိမ်မတွေ့ချင်သည်မှာ သေချာနေသော အကြည့်ဖြစ်သည်။ ကိုယ်မင်းနဲ့ တစ်ကြိမ်လောက်တွေ့ပြီး တောင်းပန်ချင်သေးတယ်ဂျွန်။
jimin pov;
jimin သားကိုသိပ်ပြီး ပြတင်းပေါက်က ကြည့်လိုက်တော့ seoulမြို့ကြီးကို ငေးကြည့်နေတဲ့ jungkookကို တွေ့လိုက်သည်။jimin အဲ့တာတွေကြောင့် seoulကို ပြန်မလာချင်ပေ။ရောက်တာနှင့် jungkookက သူ့ကို တွေးနေပြီဆိုတာ jiminချက်ခြင်းသိသည်။နိုင်ငံခြားမှာနေတုန်းကလည်း jungkookက သားကိုသာအချိန်ပေးသည်။ကျန်တဲ့အချိန်ဆို အလုပ်ပဲ အမြဲလုပ်နေသည်။တော်သေးသည် jungkookက beomgyuလေးကို သိပ်ချစ်ပေးလို့။jungkookကို မြင်တိုင်း jimin ကိုယ့်လုပ်ရပ်က မှန်ရဲ့လားလို့ အမြဲဆန်းစစ်မိသည်။ဒါပေမယ့် jungkookကို ချစ်တဲ့စိတ်ကပဲ အမြဲအနိုင်ယူသွားကာ jungkookဘေးမှာပဲ အမြဲနေဖြစ်သည်။ဒါပေမယ့် ၆နှစ်တောင် ရှိပြီ jungkookကို ကြည့်နေရတာ။ငါ့အချစ်တွေကို နင်ဘယ်တော့မှ မြင်မှာလဲ kookie။တစ်ခါတစ်လေ နင်ဘယ်တော့မှ ငါ့ကို နင့်နှလုံးသားထဲ နေရာမပေးတော့ဘူးလို့ကို ငါထင်နေတယ်။ငါတကယ်ပင်ပန်းနေပြီ jungkook

ဂျွန် Donde viven las historias. Descúbrelo ahora