အပိုင်း(၁၅)

137 19 0
                                    

knj pov;
ဂျွန်တစ်ယောက် အိပ်ရာမှ နိုးလာပြီး
"good morning bi bi, li li နေကောင်းလား ဘေဘီ ဒီနေ့ဘေဘီတို့ မ​နေ့ကထက်ပိုလှလာတယ်ကောင်းကောင်းကြီးပြင်းလာရမယ်နော် ဘေဘီတို့နှစ်ယောက်လုံးကိုသိပ်ချစ်တယ်နော်”
ဂျွန် bonsaiပင်လေးများကို ရေဖြန်းကာ မနက်ခင်းနှုတ်ဆက်စကားဆိုလိုက်သည်.ဂျွန်တစ်ယောက် သီချင်းတငြီးငြီးဖြင့်ကျောင်းသွားရန်ပြင်ဆင်နေမိသည်. ပုံမှန်ဆို jungkookက အမြဲတမ်းလာကြိုသည်ဆိုပေမယ့် ဘောလုံးပွဲတွေစကန်တော့မည်ဖြစ်၍ မနက်ခင်းရော ညနေခင်းပါ trainingဖြင့်ပြည့်နေကာ ဂျွန်နဲ့တွေ့ဖို့တောင် အနိုင်နိုင်ဖြစ်နေသည်.သို့သော် ဂျွန်ဆီ မနက်ရော ညနေပါ ဖုန်းဖြင့်စာတော့ ပို့နေတတ်သည်. ဂျွန့်ကိုလည်း လက်ဆောင်များ အဆက်မပြတ်ပေးနေတတ်သဖြင့် မပေးပါနဲ့ဟုပင် တားယူရသည် ဂျွန်ပုံမှန်ဆို လက်ဆောင်များပေးသည်ကို မကြိုက်သော်လည်း jungkookက ပေးသဖြင့် အမြတ်တနိုးသိမ်းထားသည်. bibiနဲ့liliသည်လည်း jungkookပေးထားသောလက်ဆောင်များထဲမှ ဂျွန်အမြတ်နိုးဆုံးဖြစ်သည်.

 bibiနဲ့liliသည်လည်း jungkookပေးထားသောလက်ဆောင်များထဲမှ ဂျွန်အမြတ်နိုးဆုံးဖြစ်သည်

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

ဂျွန်သစ်ပင်လေးများကို သိပ်ချစ်သည်ကို သိသောကြောင့် ပေးထားခြင်းဖြစ်သည်.ထို့နောက် ဂျွန့်ရဲ့ အိပ်ယာထက်၌လည်း ryanအရုပ်များဖြင့်ပြည့်နှက်နေသည် ဂျွန့် အကြိုက်ဆုံးများထဲမှ တစ်ခုဖြစ်သဖြင့် jungkookက ဝယ်ထားပေးခြင်းပင်. ဂျွန်မနက်စားစာပြီးနောက် ကျောင်းသို့ တစ်ယောက်တည်း လမ်းလျှောက်လာလေသည်
ကျောင်းရောက်သော် စာသင်ခန်းဆီ အသွား ဂျွန့်အား တစ်စုံတစ်ယောက်က ပါးစပ်ကို လက်နဲ့ပိတ်ကာ ကျောင်းနောက်ဖက်ရှိဂိုထောင်ကိုခေါ်သွားကာ မြေကြီးပေါ်သို့ဆောင့်တွန်းလိုက်သည်
ဂျွန်လည်း နာလွန်းသဖြင့် ညည်းနေမိသည်.ဂိုထောင်က မှောင်လွန်းသဖြင့် ဘယ်သူလဲဆိုတာသေချာမမြင်ပဲ
"ဘယ်…ဘယ်သူလဲ ဂျွန့်ကို ဘယ်နေရာခေါ်လာတာလဲ ဂျွန်ကျောင်းနောက်ကျနေလိမ့်မယ်”ဟုပြောကာ ထဖို့အလုပ် ထိုသူများထဲက တစ်ရောက်သည် ဂျွန့်ရဲ့ ဗိုက်ကိုခြေထောက်နဲ့ကန်လိုက်လေသည်.
"အား”
ဂျွန်နာလွန်းသဖြင့် ဗိုက်ကို လက်ဖြင့် ပိုက်ကာ မျက်ရည်များပင်ကျလာသည်.
"ဘာ…ဘာလို့လဲဟင် ဂျွန်ဘာများလုပ်မိလို့လဲ”
ဂျွန်မေးလိုက်သောအခါ ထိုသူတို့၏ ရယ်သံကြားရလေသည်.
"မင်းကို ငါတို့သတိပေးထားတာ ကြာပြီလေ နမ်ဂျွန် jungkookနားမကပ်ဖို့ မင်း jungkookကို ပိုင်ဆိုင်နေတယ်ဆိုတာနဲ့ တစ်လောကလုံးပိုင်နေပြီထင်နေလား နမ်ဂျွန်”
"အဲ့…အဲ့လိုမဟုတ်ပါဘူး ဂျွန် jungkookကို တကယ်ချစ်…ချစ်တာပါ”
ထိုအခါ ထိုလူများထဲက တစ်ယောက်က ဂျွန့်အင်္ကျီကော်လံကိုဆွဲပြီး
"နင် ပါးစပ်က jungkookကို ချစ်တယ်ဆိုတဲ့ အကြောင်းမပြောစမ်းနဲ့ နင်ဒီလိုရိုးသားချင်ယောင်ဆောင်ပြီး jungkookကို မြူစွယ်ထားတာ မသိဘူးမှတ်နေလား”
ထိုသူက ပြောပြီးတာနဲ့ ဂျွန့်ကို မြေပေါ်ဆောင့်တွန်းလိုက်ကာ ခြေထောက်ဖြင့် ဆင့်ကာဆင့်ကာကန်နေတော့သည်.ဂျွန်လည်း မျက်နှာကို လက်ဖြင့်ကာကာ ထိုသူကန်သမျှကို အလူးအလိမ့်ခံနေရသည်.ကြာလာတော့ ဂျွန့်အမြင်တွေဝါးလားကာ ပါးစပ်က သွေးများပင် ထွက်လာသည်.ဂျွန့်ရဲပါးစပ်ကသွေးကို မြင်တော့မှ ဘေးမှလူက
"ဒီလောက်ဆို သူသဘောပေါက်လောက်ပြီ တော်လိုက်တော့ သွားရအောင် တခြားသူတွေမလာခင်”
"ဒီတစ်ခါမင်းကို ငါနောက်ဆုံးသတိပေးတာပဲ နောက်တစ်ခါ jungkookနားမှာ တွေ့ရင် မင်းကိုနာမယ်ကြားလား”
ဂျွန်လည်း ညည်းညူသံများကြားမှ ခေါင်းငြိမ့်ကာ ကတိပေးလိုက်သည်.ထိုသူများထွက်သွားသောအခါ ဂျွန်တစ်ယောက် ဖုန်းကို ထုတ်လိုက်ကာ တုန်တုန်ရီရီဖြင့် ဖုန်းခေါ်လိုက်သည်
"jin…jin hyung”
"joon ဘယ်မှာလဲ hyungတို့ စောင့်နေတာ”
"အဟွတ် အဟွတ်”
"joon အဆင်ပြေရဲ့လား အခုဘယ်မှာလဲ”
"ကျောင်း…ကျောင်းနောက်က”
ဂျွန်ပြောရင်း ဂျွန်မျက်လုံးများမှိတ်ကာ အမှောင်ကျသွားခဲ့သည်

ဂျွန် Où les histoires vivent. Découvrez maintenant