အပိုင်း(၁၄)

128 19 0
                                    

knj pov;
ဂျွန် jungkookနဲ့ ချစ်သူဖြစ်ပြီး ချိန်မှစ၍  ဂျွန့်ရဲ့ဘဝကြီးသည် ပို၍လှပလာသည်. jungkookက ဂျွန့်ကိုလိုလေသေးမရှိ ဂရုစိုက်ပေးသည်.မနက်တိုင်း ဖုန်းဆက်နှိုးပြီး ညတိုင်းလည်း jungkookရဲ့ဖုန်းပြောရင်းပင် ဂျွန်အိပ်ပျော်တတ်သည်မှာ ဂျွန့်ရဲ့ အကျင့်တစ်ခုလိုပင်ဖြစ်လာသည်. ကျောင်းတတ် ​ကျောင်းဆင်းကို jungkookက သူ့ရဲ့ကားနဲ့ပဲ အမြဲအကြိုအပို့လုပ်ပေးသည်. ကျောင်းစာအုပ်ပင် အသယ်မခံပဲ jungkookကပဲ ဒိုင်ခံသယ်ပေးသည်. ဂျွန်စာသင်ချိန်ရေဆာသောအခါလည်း ရေဘူးသွားဝယ်ကာ ဂျွန့်ကိုပေးတတ်သည်.ဂျွန်က ချိုတဲ့မုန့်များကို ကြိုက်တတ်၍ jungkookက အမြဲယူလာသည်.
ဂျွန်လည်း jungkookရဲ့ ချစ်ခြင်းနဲ့ ဂရုစိုက်မှု၌ သာယာကာ သဘောကျနေသည်. jungkookကို ရွေးချယ်လိုက်ခြင်းသည် ဂျွန့်ရဲ့ အမှန်ကန်ဆုံးသော ရွေးချယ်မှုဟု ဂျွန်တထစ်ချ ယုံကြည်မိသည်. ဂျွန် jungkookနဲ့ ရှေ့ဆက်ရမည့် လမ်းခရီးအတွက် ကြိုတင်စဥ်းစားကာ ပျော်ရွှင်နေမိသည်. jungkookသည် ဂျွန့်အတွက် ကံကြမ္မာကသက်မှတ်ထားသော ဖူးစာဖက်ဖြစ်မည်ဟုလည်း ယုံကြည်ထားသည်.ဘဝ၌ ပထမဆုံးနှင့်နောက်ဆုံးအချစ်သည် jungkookဖြစ်နေသောကြောင့် ဂျွန်အတိုင်းထက်အလွန်ပျော်ရွှင်မိတော့သည်.  ဂျွန့်ရဲ့ ပထမဆုံးသော ရင်ခုန်သံ ပထမဆုံးသော အချစ် ပထမဆုံးအနမ်းသည်လည်း jungkookဖြစ်နေ၍ ကျေနပ်ပိတိဖြစ်နေသည်.တစ်နေ့ထက်တစ်နေ့ jungkookပေါ်ထားသော ဂျွန်ရဲ့ အချစ်သည် ပို၍ပို၍တိုးလာသည်ကိုလည်း ဂျွန်တစ်ယောက်ခံစားမိနေတော့သည်

ဂျွန် Donde viven las historias. Descúbrelo ahora