အပိုင်း(၅၆)

203 19 3
                                    

"hyung yoongi hyung”
yoongi ဂျွန်ရဲ့အော်သံကို ကြားသော်လည်း လှည့်မကြည့်ပဲအမြန်လျှောက်နေမိသည်။နောက်ကပြေးလာသော ခြေသံများက နီးကပ်လာကာ ဂျွန် yoongiလက်ကို လှမ်းဆွဲကာ
"hyung ထင်သလိုမဟုတ်ဘူး, hyung အထင်လွဲနေတာ”
yoongi ဂျွန့်လက်ကိုဖယ်လိုက်ပြီး
"ဘာကို မဟုတ်တာလဲ ဘာကိုအထင်လွဲတာလဲ ဂျွန် ကိုယ့်မျက်လုံးနဲ့သေသေချာချာမြင်ခဲ့တာ အဲ့တာအထင်လွဲတာဖြစ်ပါ့မလား”
ဂျွန် ခေါင်းကို ရမ်းလိုက်ပြီး
"hyung တကယ်အဲ့လိုမဟုတ်ဘူး”
"တော်တော့ ဂျွန် ကိုယ်မင်းကို ဒီအထိဆွဲထားလို့ ကိုတောင်းပန်တယ် ဟုတ်ပြီလား မင်းအလုပ်ထွက်ချင်နေတာမလား ကိုယ်ထွက်ခွင့်ပေးမယ်
မင်းသွားလိုက်တော့”
yoongiပြောပြီး ဆက်လျှောက်လာခဲ့သည်။ဂျွန်နောက်က ပြေးလိုက်လာသံကြားသဖြင့် yoongiခြေလှမ်းများနှေးလိုက်ကာ ဂျွန့်ဘက်လှည့်ပြီး
"မင်းဘာလို့ဆက်လိုက်နေတာလဲ နမ်ဂျွန် မင်းကို ဆက်မလိုက်နဲ့ပြောတာ နားမလည်ဘူးလား”
"hyung”
ဂျွန်ပြေးလိုက်လာရ၍ မျက်နှာများပင်ရဲနေကာ ချွေးများလည်း စီးကျနေသည်။
"ကို အခုတကယ်နားလည်ပြီဂျွန် မင်းကိုယ့်ကို ဘယ်လိုမှ မချစ်နိုင်ဘူးဆိုတာ မင်း အမြဲတမ်း jungkookကိုပဲ ချစ်နေတယ်ဆိုတာလည်း သိသွားပြီ”
yoongiပြောချင်ရာပြောပြီးဆက်လျှောက်သွားနေသဖြင့် ဂျွန်လည်း ဆက်မလိုက်နိုင်တော့ဘဲ
"hyung”
yoongiက လှည့်ပင်မကြည့်ပေ။
"yoongi hyung”
ဂျွန်ဘေးမှဖြတ်လျှောက်နေသည့်လူများကို တစ်ချက်ကြည့်လိုက်ပြီး
"ချစ်တယ် hyung, yoongi hyungကို ဂျွန်ချစ်တယ်လို့”
လမ်းဘေးမှ လူများကလည်း ဂျွန့်ရင်ဖွင့်သံကြောင့် ကြောင်တောင်တောင်ဖြစ်ကာ ပြုံးစိစိဖြင့် ဆက်သွားနေကြသည်။ ဂျွန်လည်း ရှက်ကာ မျက်နှာကို လက်ဖြင့်အုပ်လိုက်ပြီး နေရာ၌ ထိုင်ချလိုက်မိသည်။ဂျွန်တစ်မိနစ်ခန့်ကြာသည့်အထိ yoongiအသံမကြားသဖြင့် လက်ကြားမှ ချောင်းကြည့်လိုက်တော့ ဂျွန့်ရှေ့တည့်တည့်၌ ရယ်ပြီး ထိုင်နေသည့် yoongiအားတွေ့လိုက်ပြီး ဂျွန်လက်ဖြင့် မျက်နှာကိုအုပ်ပြီး yoongiကို
ပုန်းနေမိသည်။ yoongiရဲ့ ကြီးမားတဲ့လက်များဖြင့် ဂျွန့်လက်များကို ဖယ်လိုက်တော့ ဂျွန်မျက်စိမှိတ်ကာ
"ဂျွန်…ဂျွန်ငယ်”
yoongi ဂျွန့်ရဲ့နားနားကပ်ပြီး ပြောလိုက်သံကြောင့် ဂျွန်ကြက်သီးများပင် ထသွားသည်။
"ကိုယ့်ကို ကြည့်ပါဦး”
ဂျွန် မျက်လုံးဖွင့်ကာ yoongiကို စိုက်ကြည့်လိုက်ပြီး
"ဂျွန်ငယ် အစောကတကယ်ပြောတာလား”
yoongiအမေးကြောင့် ဂျွန်ရဲ့ပါးက နှင်းဆီရောင်သန်းသွားကာ
"ဘာ…ဘာကိုလဲ”
"မင်း ကိုယ့်ကို ချစ်တယ်ပြောတာလေ”
ဂျွန် ခေါင်းငုံ့လိုက်တော့ yoongiက ဂျွန့်ရဲ့မေးကိုကိုင်ကာ ခေါင်းပြန်မော့စေပြီး
"ဟုတ်လား ဂျွန်”
ဂျွန် ခေါင်းကိုငြိမ့်ပြတော့
"ကိုက မင်းနှုတ်ခမ်းက ထွက်လာတဲ့စကားသံကို ကြားချင်တာ ဂျွန်ငယ်”
ဂျွန် yoongiရဲ့မျက်လုံးကို စိုက်ကြည့်လိုက်ပြီး
"ဂျွန် yoon…yoongi hyungကို ချစ်…ချစ်တယ်”
ဂျွန့်စကားကြောင့် yoongi ရယ်လိုက်ပြီး
"ကိုလည်း မင်းကိုချစ်တယ် ဂျွန်ငယ် စတွေ့တဲ့အချိန်တည်းကပဲ”
"အစော…အစောနက”
yoongi ဂျွန့်ရဲ့နှုတ်ခမ်းကို ဖိနမ်းလိုက်ပြီး
"ရပြီ ဂျွန်ငယ် မင်းကိုယ့်ကို ချစ်တယ်ဆိုရင် ရပြီ ကိုယ့်ကို ဘာမှရှင်းပြစရာမလိုဘူး ဟုတ်ပြီလား”
"ဟုတ်”
" မင်းဒီညကိုယ့်အိမ်လိုက်အိပ်ပါလား ဂျွန်”
ဂျွန် yoongiကိုမော့ကြည့်တော့ ဂျွန့်ကို မထိတထိပြုံးပြီးကြည့်နေတဲ့ yoongiကို တွေ့လိုက်ရသည်။
ထိုညသည် ဂျွန်နဲ့yoongiတို့ရဲ့ နောက်လာမည့်နေရက်များရဲ့ အစပင်ဖြစ်သည်။(ဟုတ် ဂျွန်နဲ့yoongiတို့ အဲ့ညက အတူတူအိပ်ဖြစ်ခဲ့တာပါ
innocentတော့မဟုတ် မရေးတတ်သေးလို့ ကျော်လိုက်တာပါ ကိုယ့်ဟာကို ဖြည့်တွေးလိုက်ပါ)
yoongiမနက်ခင်းအိပ်ရာနိုးတော့ ဘေး၌အိပ်နေသည့် ဂျွန့်ကို ကြည့်ပြီးပြုံးလိုက်မိသည်။
နေရောင်က ဂျွန့်ရဲ့မျက်နှာပေါ်ကျနေသဖြင့် ဂျွန့်ရဲ့မျက်နှာက ဝင်းလဲ့ကာ လှပနေသည်။yoongi ဂျွန်ငယ်ကို ချစ်သည်။မြတ်နိုးသည်။yoongiဘဝက အခုမှ ပြည့်စုံတော့သည်။ဂျွန်ငယ်ကို နောက်ဘယ်သူကမှ မထိခိုက်နိုင်ရန် yoongiအမြဲတမ်းကာကွယ်ပေးသွားမည်ဟု
ခိုင်ခိုင်မာမာဆုံးဖြတ်ထားသည်။yoongi ဂျွန့်ရဲ့မျက်နှာကို အသည်းယားစွာကြည့်ရင့် ဂျွန့်ရဲ့နှာတံလုံးလုံးလေးကို နမ်းလိုက်သည်။ထိုစဥ် ဂျွန့်ရဲ့မျက်ဝန်းများ ပွင့်လာကာ yoongiရဲ့မျက်နှာကဂျွန့်မျက်နှာနားမှာ တွေ့လိုက်ရသဖြင့် ဂျွန့်မျက်နှာက နှင်းဆီရောင်သန်းလာကာ ခြုံထားသောစောင်ကို မျက်ဝန်းအောက်အထိ ဆွဲခြုံလိုက်ပြီး
"hyung~~~~~~~~”
yoongiက ရယ်လိုက်ပြီး
"ဘာတုန်း ဂျွန်ငယ်က ရှက်လို့လား”
ဂျွန်ဘာမှ ပြန်မဖြေနိုင်ပဲ စောင်ကိုပဲဆွဲထားကာ
"မနေ့ညက အတူတူအိပ်ပြီးတာတောင် ဂျွန်ရှက်တုန်းပဲလား”
ဂျွန်လက်သီးဆုပ်နဲ့ yoongiရင်ဘက်ကို ဖွဖွထုပြီး
"hyungie~~~~~~ ဂျွန်ဗိုက်ဆာနေပြီ”
"ဟုတ်လား ကိုချက်ပေးမယ်”
yoongiက မတ်တပ်ရပ်တော့ ဂျွန်က မရပ်သေးသဖြင့် မျက်ခုံးပင့်ပြီး
"ဂျွန်”
ဂျွန်မျက်နှာက ခရမ်းချဥ်သီးထက်ပင်ပိုရဲလာပြီး
"hyung မညစ်နဲ့ကွာ ဂျွန့်မှာ အဝတ်အပိုမှ မပါတာ”
yoongi အသံထွက်အောင်ရယ်လိုက်ပြီး
"အိုကေ အိုကေ ကိုထုတ်ပေးမယ်”
yoongi ဗီရိုထဲကြည့်လိုက်ပြီး
"ရော့ ဒါဆို ဂျွန်နဲ့က ဒါပဲတော်မှာ ဒီဟာပဲ ဝတ်ပြီးဆင်းခဲ့ ဂျွန့်ရဲ့မနေ့က အဝတ်ကိုလျော်စက်ထဲ
ထည့်ပြီး လှန်းခိုင်းထားလိုက်မယ်”
yoongi ဆင်းသွားတော့ ဂျွန်yoongi တီရှပ်အဖြူနဲ့အတွင်းခံဝတ်ပြီး မှန်ကြည့်တော့ ဂျွန်
ကိုယ့်ပုံကို ကြည့်ပြီး ပြန်ရှက်သွားမိသည်။ တီရှပ်က ကြီးနေတော့ ဂျွန့်ရဲ့လည်တိုင်နဲ့ပုခုံးတစ်ဖက်လုံးနီးနီးဖော်ပြထားကာ မနေ့ညက yoongiပေးထားသော အမှတ်အသားရာများက အဲ့တစ်လျှောက်မြင်နေရသည်။ဂျွန်လည်း ဘယ်လိုမှ ဖုန်းကွယ်မရတော့ ရဲနေတဲ့မျက်နှာကိုပဲ ပုံမှန်အတိုင်းပြန်ဖြစ်အောင် ကြိုးစားရင်း မီးဖိုခန်းဘက်ဆင်းလာခဲ့သည်။အေပရွန်ဝတ်ထားပြီး ဂျွန့်ကိုကျောပေးကာ မနက်စာပြင်နေတဲ့yoongiကို ကြည့်ရင်း ဂျွန်တစ်ဖြည်းဖြည်းရင်ခုန်မြန်လာသည်။ yoongi ဒီဘက်လှည့်လိုက်တော့ ငေးနေတဲ့ ဂျွန့်ကိုကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး
"ကိုယ့်ကို ဒီလိုကြည့်ရတာ သဘောကျတာလား ဂျွန်”
yoongiပြောရင်း ရှေ့တိုးလာကာ
"hyung အဲ့လိုမဟုတ်”
ဂျွန်စကားပင် မဆုံးလိုက် မနေ့ညက yoongiနမ်းထားလို့ ယောင်နေတဲ့ ဂျွန့်ရဲ့နှုတ်ခမ်းဖူးဖူး​ကို အငမ်းမရနမ်းလိုက်သည်။ ထို့နောက် ဂျွန့်ရဲ့ မေးကနေ လည်တိုင်အထိ တဖြည်းဖြည်းနမ်းနေသဖြင့် ဂျွန်တိုးတိုးလေးညည်းနေမိသည်။
"အာ့~~hyung ဂျွန်…ဂျွန် အိမ်ပြန်ရဦးမယ် ဒီနေ့နားရက်ဆိုတော့ အိမ်မှာ လူအကုန်ရှိမှာ jin hyungတို့ရော”
ဂျွန့်စကားကြောင့် yoongiရပ်လိုက်ပြီး
"ကောင်းပြီလေ ကိုဒီတစ်ခါအလျော့ပေးလိုက်မယ် နောက်ဆိုရင်တော့ မရဘူး ကြားလား”
"ဟုတ်”
ဂျွန် စားပွဲ၌ ဝင်ထိုင်ဖို့အလုပ် yoongiက ဂျွန့်ကို သူ့ပေါင်ပေါ် ဆွဲပြီး ထိုင်စေကာ ဂျွန့်ကို
မနက်စာခွံ့ကျွေးသဖြင့် ဂျွန်ရှက်ကိုးရှက်ကန်းဖြစ်ကာ
"hyung ဒါ…ဒါ ဘာလုပ်တာလဲ ဂျွန်ကိုယ့်ဟာကို စားတတ်ပါတယ် ရှက်စရာကြီးကို”
"ကိုကျွေးချင်လို့ကျွေးတာ ဂရုမစိုက်ဘူး အခုပါးစပ်ဟ အာ~~~”
ဂျွန်လဲ ပြောမရသဖြင့် yoongiခွံ့ကျွေးတာပဲ ငြိမ်၍စားလိုက်သည်။မနက်စာစားပြီးတော့ ဂျွန်ထ၍ ပန်းကန်သိမ်းဖို့ပြင်သဖြင့် yoongiက ဂျွန့်ကိုဆွဲကာ ပြန်ထိုင်ခိုင်းလိုက်ပြီး
"ဂျွန် ခဏနေဦး ကိုမင်းကို ပြောစရာရှိသေးတယ် မနေ့က jungkookက jiminအကြောင်းပြောသေးလား”
ဂျွန် ခဏစဥ်းစားလိုက်ပြီး
"အာ ဟုတ်သားပဲ jungkookက hyungရှင်းပြလိုက်မယ်ပြောတာ အဲ့တာဘာပြောတာလဲ hyung”
"inn ကိုက jiminရဲ့ex”
ဂျွန်မျက်လုံးများ ပြုတ်ကျမတတ်ပြူးသွားကာ
"ji…jiminက hyungရဲ့ ex ဟုတ်လား”
"inn ဟုတ်တယ်”
"wow ဂျွန်တွေးတောင်မတွေးမိဘူး”
"ဂျွန် စိတ်မဆိုးဘူးလား”
"hyung ဂျွန်ကဘာလို့စိတ်ဆိုးရမှာလဲ”
"ပြီးတော့”
"ပြီးတော့ ကျန်သေးတာလား”
"inn နောက်တစ်ခုကျန်သေးတယ်”
ဂျွန် yoongiပြောတာ စိတ်ဝင်တစားနားထောင်နေပြီး
"အခု ji…jiminမှာရှိတဲ့ ကလေးက jungkookကလေးမဟုတ်ဘဲ ကို့ရဲ့ကလေးတဲ့”
ဂျွန် yoongiစကားကြောင့် ကြက်သေသေကာ yoongiအားစိုက်ကြည့်နေမိသည်။
"ဂျွန် ဂျွန်ငယ် အဆင်ပြေရဲ့လား”
"ဟင် …အင်း ပြေပါတယ် hyungရော ဘယ်တုန်းကသိတာလဲ အရင်တည်းကလား”
"ကို charityပွဲနေ့ကမှသိတာ ဂျွန့်ကို အိမ်လိုက်ပို့ပြီး ပြန်တော့ jiminက သူ့သားအတွက်သွေးလိုလို့ဆိုပြီး ဆေးရုံကနေဖုန်းဆက်မှ hyungလည်း သိတာ”
"ကလေးက ဆေးရုံမှာလား ဘယ်လိုဖြစ်တာလဲ သက်ရောသက်သာလား အဲ့တာဆို hyungဆေးရုံမှာရှိသင့်တာကို”
"ဂျွန် ဖြေးဖြေးပြောပါ သားနာမည်က beomgyuတဲ့ အခုသက်သာနေပါပြီ အဲ့နေ့က jiminနဲ့jungkook စကားများတော့ သားက လန့်ပြီးလှေကားက ပြုတ်ကာတာ လက်တစ်ဖက်တော့ကျိုးသွားတယ် ခေါင်းက လှေကားနဲ့
ဆောင့်မိတော့ သွေးလိုတာနဲ့ hyungသွေးလှူလိုက်ရတာ”
"hyung ဒါဆို jung…jungkookကရော”
"သူလဲ အဲ့နေ့ကမှသိတာ တော်တော်တော့လန့်သွားတယ်”
ဂျွန် စိတ်မကောင်းဖြစ်သွားကာ
"ဂျွန် မနေ့က jungkookကို ဒီလိုမှန်းသိရင် သေချာနှစ်သိမ့်ပေးလိုက်ပါတယ်”
yoongi ဂျွန့်ရဲ့နဖူးကို နမ်းလိုက်ပြီး
"သူတို့နှစ်ယောက်လုံး အဆင်ပြေသွားမှာပါ ဂျွန်စိတ်မပူနဲ့နော်”
ဂျွန် yoongiရင်ခွင်ထဲကနေ ခေါင်းငြိမ့်လိုက်ပြီး
"hyung…hyungရော ဘာဆက်လုပ်ဖို့စဥ်းစားထားလဲ”
"beomgyuနဲ့ပတ်သတ်ပြီးတော့လား”
"ဟုတ်”
"ကို အချိန်တစ်ခုစောင့်ပြီးမှ အမှန်ပြောမယ်လို့ တွေးထားတယ် ဒီကြားထဲတော့ အိမ်ကို ၂ပတ်တစ်ခါလောက် ခေါ်မလားလို့ ဂျွန်အဆင်ပြေတယ်မလား”
"inn ဂျွန်က ဘာဖြစ်ဖြစ်အဆင်ပြေပါတယ် beomgyuလေးလာတော့ bun bunနဲ့ကစားဖော်ရတာပေါ့”
"ဒါကြောင့် ကိုမင်းကို သိပ်ချစ်တာဂျွန် မင်းနှလုံးသားက သိပ်နူးညံ့တယ် ကိုဘယ်တော့မှ မင်းကိုထိခိုက်အောင် မလုပ်ဖူး ကို အမြဲကာကွယ်ပေးမယ်”
ဂျွန် yoongiရင်ခွင်ထဲကနေမော့ကြည့်ပြီး
"promise”
ဂျွန်ရဲ့ ကလေးဆန်ဆန်အမူအရာကြောင့် yoongiရယ်လိုက်ကာ ဂျွန့်ရဲ့နှုတ်ခမ်းကို နမ်းလိုက်ပြီး
"promise”

ဂျွန် Where stories live. Discover now