အပိုင်း(၃၇)

143 17 2
                                    

ဂျွန်ကားနောက်ခုံ၌ထိုင်ကာ သားကို ဂျွန့်ပေါင်ပေါ် ခေါင်းအုံးကာအိပ်စေသည်။လမ်းတစ်လျှောက်လုံး yoongi hyungနဲ့စကားမပြောဖြစ်ပဲ တိတ်ဆိတ်နေသည်။တိတ်ဆိတ်ခြင်းသည် ဂျွန်တို့နှစ်ယောက်လုံးကို ကြောင်တောင်တောင်မဖြစ်စေပဲ သက်တောင့်သက်သာဖြစ်စေသည်။
ဂျွန် အိမ်သို့ရောက်သောအခါ ကားပါကင်ထိုးပြီး yoongi hyungက ကားတံခါးဖွင့်ပေးကာ bun bunကို ချီပြီး
"ကို အခန်းထိလိုက်ပို့ပေးမယ် ရတယ်မလား”
ဂျွန်ခေါင်းငြိမ့်ပြပြီး နှစ်ယောက်သား ဂျွန့်အခန်းရှိရာသို့ လျှောက်လာခဲ့သည်။ဂျွန်တံခါးဖွင့်လိုက်သောအခါ
"oppaပြန်လာပြီလား Geong minပျင်းနေတာ အစတည်းက oppaတို့နဲ့လိုက်ခဲ့လိုက်ရမှာ”
Geong minတစ်ယောက် ဧည့်သည်ပါသည်ကို မသိပဲ စကားတွေပြောနေမိသည်။
"အို့ oppaက ဧည့်သည်ပါတာပဲ”
yoongiက ခေါင်းငြိမ့်ပြလိုက်ပြီး ဂျွန်က bun bunသိပ်ဖို့ အခန်းပြသဖြင့် ဂျွန်ရဲ့နောက်သို့လိုက်ကာ bun bunကို ကုတင်ပေါ် ချပြီး အခန်းပြင်သို့ထွက်လာခဲ့သည်။ yoongiအခန်းပြင်ရောက်တော့
"မင်္ဂလာပါ namjoon oppaရဲ့ညီမ kim geong minပါ”
"ကိုက min yoon giပါ”
yoongiဆိုတဲ့နာမည်ကြားတော့ geong minမျက်လုံးလေးများဝိုင်းကာ
"oppaရဲ့သူဋ္ဌေးပေါ့ yoongi oppaထိုင်ပါဦး geong minကော်ဖီဖျော်ပေးမယ်”
"ရပါတယ် အကိုနေ့လည်စာစားလာတာမကြာသေးဘူး ကိုပြန်တော့မှာ”
ဂျွန် အခန်းပြင်ထွက်လာပြီး
"yoongi hyungပြန်တော့မှာလား ဂျွန်ကော်ဖီဖျော်ပေးမယ်လေ”
"ok အဲ့တာဆိုလည်း ကော်ဖီသောက်ပြီးမှ ပြန်တော့မယ်”
၃ယောက်သားအတူတူ ထမင်းစားခန်းထဲဝင်လာပြီး yoongiနဲ့geong minက စားပွဲတစ်ဖက်တစ်ချက်စီထိုင်ကာ ဂျွန်ကကော်ဖီဖျော်နေသည်။
"yoongi oppa အိမ်ထောင်ရှိလား သားသမီးရော”
geong minအမေးကြောင့် yoongiရယ်ပြီး
"ကိုက အခုထိ အိမ်ထောင်မရှိသေးပါဘူး”
"မဖြစ်နိုင်တာ yoongi oppaကလည်း oppaကိုလိုချင်တဲ့ မိန်းခလေးတွေများ ဝိုင်းဝိုင်းကိုလည်လို့ oppaလိုချင်တဲ့သူမရှိဘူးလား”
"inn ကိုစဥ်းစားနေတဲ့သူတစ်ယောက်တော့ရှိတယ်”
Geong minမျက်လုံးလေးများ အရောင်လဲ့လာပြီး
"ဘယ်သူလဲ oppa”
ထိုစဥ် ဂျွန် ကော်ဖီခွက်ကို yoongiရှေ့ချလိုက်ကာ
"yoongi hyung ဘာမှဖြေမနေနဲ့
ဒီကောင်မလေးက သိပ်စပ်စုတတ်တာ”
"oppaကလည်း geong minသိချင်လို့ကို ဒါနဲ့ yoongi oppaက တကယ်ချောတယ် oppaပြောပြတဲ့အတိုင်း……”
ဂျွန့်မျက်လုံးလေးများဝိုင်းသွားကာ geong minလက်မောင်းကိုလှမ်းရိုက်လိုက်သည်။
"geong min စကားအကုန်လျှောက်ပြောနေတာပဲ yoongi hyungရဲ့နားကို အနားပေးလိုက်ပါဦး”
"sorry yoongi oppa”
geong min တောင်းပန်ပြီး tvသွားကြည့်နေလိုက်သည်။ဂျွန် yoongiကို ကြည့်လိုက်တော့
ဂျွန့်ကို ပြုံးပြီးကြည့်နေတာတွေ့လိုက်သောအခါ ဂျွန့်မျက်နှာတစ်ခုလုံးရဲသွားကာ
"အ…အစောက geong minက yoongi hyung ချောလား မေးလို့ ဂျွန်ဖြေထားရုံပါပဲ”
"အင်းပါ ကိုယ်ဘာမှမပြောပါဘူး ဂျွန်လည်း ကိုချောတယ် ထင်တယ်ပေါ့”
yoongiအမေးကြောင့် ဂျွန့်မျက်နှာ ပိုနီလာကာ ဂျွန်yoongiကိုပင် မကြည့်နိုင်တော့ပေ။
"hyungက အစတည်းက ချောပြီးသားကို လူတိုင်းသိနေတာပဲ”
ဂျွန်ခေါင်းငုံ့ပြီး လေသံဖြင့် yoongiကြားရုံပြန်ဖြေလိုက်သည်။
"ok thanks”
yoongi ဂျွန့်ရဲ့အဖြေကြောင့် ကျေနပ်ကာ ပါးစပ်က နားရွက်တတ်ချိတ်မတတ်ပင်။
"ဂျွန် ကိုပြန်တော့မယ် ကော်ဖီလည်း ကုန်ပြီ”
ပြောပြောဆိုဆို yoongiထိုင်ရာမှ ထသဖြင့် ဂျွန်လည်း ထိုင်ခုံမှထကာ နှစ်ယောက်သား တိုက်ခန်းအပြင်ထွက်လာခဲ့သည်။
"ဂျွန် ကားဆီလိုက်မပို့နဲ့တော့”
"ဟုတ် yoongi hyung ဒီနေ့ဂျွန်တို့ကြောင့် အလုပ်ရှုပ်သွားတာ တောင်းပန်ပါတယ်”
"ရပါတယ် ဂျွန်ရဲ့ ကိုအလုပ်ပိတ်ရက် ဂျွန်နဲ့မတွေ့ရလို့ သတိရနေတာ ဂျွန်နဲ့ စားသောက်ဆိုင်မှာတွေ့လိုက်ရလို့တော်သေးတယ် ဘာပဲဖြစ်ဖြစ် ဒီနေ့အတွက် ကိုကျေနပ်သွားပြီ bye ကိုသွားပြီ
ဂျွန် ရုံးဖွင့်ရက်ကျတွေ့တာပေါ့”
yoongiတစ်ယောက်တည်း စကားပြောပြီး ဂျွန်ပြန်အပြောကိုပင်မစောင့်ပဲ နေရာမှထွက်လာခဲ့သည်။ဂျွန်တစ်ယောက်နေရာမှာပင် ရပ်ကာ yoongiပြောသွားသောစကားများကို ပြန်စဥ်းစားရင်း ကျန်နေခဲ့တော့သည်

ဂျွန် Donde viven las historias. Descúbrelo ahora