အပိုင်း(၂၀)

234 20 12
                                    

knj pov;
ဂျွန်ကားပေါ်၌ လမ်းဘေးဝဲယာကို တအံတသြဖြင့်ကြည့်ရင်း စဥ်းစားနေမိသည်.ဂျွန်ကိုယ်၌ကိုက အတာပါ လမ်းက ဘေဘုတ်တိုင်းမှာ သူတို့နှစ်ယောက် မင်္ဂလာပွဲပုံတွေပဲ ပြည့်နေတာကို ရောက်စက သတိမထားခဲ့မိပေ.တအောင့်ကြာသော်
"ကောင်လေး ရောက်ပြီ”
"ဟုတ် ဦးလေးကြီး”
ကျသင့်ငွေပေးချေကာ hotelကြီးထဲသို့ ဂျွန်ဝင်လာခဲ့သည်.ကိုးရီးယားရဲ့ top3ဝင် သူဋ္ဌေးကြီးများရဲ့ မဂ်လာပွဲနဲ့ အညီ အခမ်းအနားသွားရာ လမ်းတစ်လျှောက်ကို လှပစွာပြင်ဆင်ထားသည်ကိုတွေ့လိုက်ရသည်.ဧည်သည်မြောက်များစွာဖြင့် မဂ်လာပွဲသည် ပွဲတော်တမျှ စည်ကားနေသည်.
ဂျွန် ခန်းမအဝင်ဝ၌ရပ်ကာ မဂ်လာပွဲကို ကြည့်ကာ jungkookအားရှာနေမိသည်. jungkookသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ နတ်သားတမျှ ချောမောခန့်ညားနေကာ ဘေးမှရပ်နေသော jiminနှင့် လှပတင့်တယ်စွာ လိုက်ဖတ်နေကြသည်.ဂျွန်တစ်ယောက် အံကြိတ်ရင်း ထိုမြင်ကွင်းကို ခဏမျှ ရပ်ကြည့်နေမိသည်. ဂျွန်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ဂျွန့်ရဲ့နှလုံးသားက ငိုကြွေးနေသံကို မသိချင်ယောင်ဆောင်ကာ ထိုမြင်ကွင်းအားဆက်ကြည့်နေမိသည်. jungkookသည် ဧည့်သည်များနှင့်စကားပြောရင်း ခန်းမအဝင်ဝကြည့်လိုက်သောအခါ ဂျွန့်ရဲ့မျက်လုံးများနှင့် စုံမိလေသည်. ရုတ်တရက်ဂျွန့်ကိုတွေ့လိုက်သောကြောင့် jungkookမျက်လုံးများ ကျယ်လာကာ ပါးစပ်အဟောင်းသားဖြင့် ဂျွန့်အားလှမ်းကြည့်နေသည်.ဂျွန်လည်း အံကြိတ်ပြီး မျက်ရည်များကျမလာခင် မြန်မြန်လှည့်ထွက်လာခဲ့တော့သည်
jungkook pov;
မဂ်လာပွဲ၌ ဂျွန့်ကိုတွေ့လိုက်ရသောကြောင့် တော်တော်အံ့သြမိသွားခဲ့သည်.ထို့နောက် ဂျွန်ရဲ့မျက်ဝန်းများကို ကြည့်လိုက်သောအခါ၌ မုန်းတီး​ခြင်း,ရွံရှာခြင်း,ဒေါသထွက်ခြင်း,နောင်တရခြင်းနဲ့ဝမ်းနည်းဖြင်းများကို တွေ့လိုက်ရသည်. တစ်သက်လုံးပြင်မရတဲ့အမှားကို jungkookကျူးလွန်မိမှန်းသိသည်.ဒီတစ်သက် ဂျွန်ဘယ်တော့မှ ခွင့်လွှတ်တော့မည်မဟုတ်ပေ. တစ်ဘဝစာပျော်ရွှင်အောင်ထားမယ်ဆိုပြီး ကတိပေးထားတဲ့ကိုက ဂျွန့်ကို တစ်သက်စာ အနာပေးလိုက်မိတဲ့အတွက် ကိုတောင်းပန်ပါတယ်ဂျွန်
ဂျွန်လှည့်ထွက်သွားတာတွေ့လိုက်တော့ jungkookတစ်ယောက် ဂျွန့်နောက်လိုက်ဖို့ ခြေလှမ်းပြင်လိုက်သောအခါ jiminရဲ့ စကားတစ်ခွန်းက jumgkookခြေလှမ်းများဆက်မသွားနိုင်အောင် တုပ်နှောင်လိုက်တော့သည်.
"jeon jungkook နင်ငါရော ငါ့ဗိုက်ထဲက နင့်ကလေးရော ဒီနေရာမှာ သေစေချင်ရင် နင် အပြင်ကို ခြေတစ်လှမ်းချလိုက် နင်ငါတို့အလောင်းကို တွေ့စေရမယ်”
knj pov;
ဂျွန် လမ်းတစ်လျောက် မျက်ရည်များကျကာ ဘေးရှိလူများကို တွန်းတိုက်ကာ မဂ်လာပွဲမှ ထွက်လာခဲ့သည်.jungkookမဂ်လာပွဲကို လာကြည့်မိသည်ကိုပင် နောင်တရချင်မိသည်. jungkookက ဂျွန့်ရဲ့နှလုံးသာကို အစိတ်စိတ်အမွှာမွှာ နင်းခြေပြီး ခွဲခဲ့သည်.မဂ်လာပွဲမှာ သူတို့နှစ်ယောက်တွေ့သည်အခါ ဂျွန့်ရဲ့ ကြေမွနေတဲ့ နှလုံးသားဆားဖြင့် ပတ်လိုက်သလိုပင်. jungkook နင်အရမ်းရက်စက်တယ် ငါနင့်ကိုဒီတစ်သက်လုံးဝခွင့်မလွှတ်ဘူး.ဂျွန်မျက်ရည်များစီးကျကာ လမ်းကိုပင်သေချာ မမြင်ရတော့ပေ.မီးနီနေသည်ကို မသိဘဲ လမ်းဖြတ်ကူးတော့ ကားတစ်စီး ဂျွန့်ဆီ ဟွန်းတီးရင်း တည့်တည့်ဝင်လာသည်ကိုတွေ့လိုက်သည်.ဂျွန်လည်း ကြောင်ပြီးရပ်ကြည့်နေစဥ် ကြီးမားတဲ့လက်တစ်စုံက ဂျွန့်ကို စောင့်ဆွဲလိုက်တာကြောင့် ထိုသူ၏ ရင်ခွင်ထဲသို့ ဂျွန်ရောက်သွားခဲ့သည်.ဆက်လက်ပြီး ထိုသူက
"မင်း သေချင်နေတာလား မင်းဒီလောက်တောင်သေချင်လည်း လူမရှိတဲ့နေရာသွား သူများသွားပြီး ဒုက္ခမပေးနဲ့ မင်းလုပ်ရက်ကြောင့် ကားသမားဒုက္ခရောက်သွားနိုင်တယ်နားလည်လား”
ဂျွန်ထိုသူ့ရဲ့ ရင်ခွင်ထဲမှ မထွက်သေးဘဲ ထိုသူအင်္ကျီစဆွဲကား ရင်ခွင်၌ မျက်နှာအပ်ကာ ငိုနေမိသည်.
"ဟေ့ ဟေ့ ဘာဖြစ်တာလဲ မငိုနဲ့လေ တိတ် တိတ်”
"ခဏ…ဒီအတိုင်းခဏလေးနေပေးပါနော် ဂျွန်တောင်းဆိုပါတယ်”
ဂျွန်လေသံတိုးတိုးဖြင့် ထိုသူကြားရုံစကားဆိုမိသည်.ထိုအခါ ထိုသူက ဘာမှမပြောတော့ဘဲ သက်ပြင်းချကာ ဂျွန့်ရဲ့ကျောကို သပ်ပေးနေသည်.၁၀မိနစ်ခန့်ကြာသောအခါ ဂျွန်ထိုလူနှင့်ခွာလိုက်ပြီး
"ဒုက္ခပေးမိတာတောင်းပန်ပါတယ်နော် ပြီးတော့ကျေးဇူးလည်း တင်ပါတယ်”
ဂျွန်ရှက်စိတ်ကြောင့် ထိုသူရဲ့မျက်နှာကိုပင်မကြည့်နိုင်ပဲ လှည့်ထွက်ခဲ့သည်.ထိုအခါ ထိုသူက ဂျွန့်ရဲ့ လက်ထဲကို လက်ကိုင်ပဝါတစ်ထည်ထည့်ပေးကာ
"ဒါနဲ့ မျက်နှာသုတ်လိုက်”
ပြောပြီး ထိုသူလည်း ချက်ခြင်းနေရာမှထွက်သွားလေသည်. ဂျွန်ထိုသူ၏ ကျောပြင်ကို ကြည့်ရင်း
"ကူညီပေးတဲ့သူရဲ့ နာမည်လည်း မမေးလိုက်ရဘူး ထားပါလေ ဘာပဲဖြစ်ဖြစ်တွေ့မှာမှ မဟုတ်တာ"
ဂျွန်တီးတိုးရေရွတ်နေတုန်း busကားရောက်လာသည်.ဂျွန်ကားပေါ်၌ မှန်တံခါးကို မှီရင်း ဂျွန့်ရဲ့ဗိုက်ကို ကိုင်ကာရေရွတ်လိုက်မိသည်
"bun bun မင်းကို papaတစ်ယောက်တည်းပင်မဲ့ ပျော်ရွင်အောင်ထားမယ်လို့ papaကတိပေးပါတယ်”

ဂျွန် Where stories live. Discover now