အပိုင်း(၄၅)

147 19 0
                                    

ဂျွန်အလုပ်ကို busကားစီးပြီးစောစောထွက်လာခဲ့သည်။မနေ့က အလုပ်ကနားလိုက်ရသည်ကို အားနာ၍ ဖြစ်သည်။ ဂျွန် busကားပေါ်ကဆင်းတော့
"ဂျွန်”
ဂျွန် နာမည်ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ ဂျွန့်ကို စောင့်နေတဲ့ minsooကို တွေ့လိုက်ရသည်။
"cha minsoo…?”
"ကိုယ့်နာမည် အပြည့်အစုံခေါ်စရာမလိုပါဘူး
minsooလို့ပဲခေါ်ရတယ်”
"ဒါ…ဒါပေမယ့် ဘာလို့ကျွန်တော့ကိုစောင့်နေတာလဲ”
"ကိုယ် ဂျွန်နဲ့ခင်ချင်လို့ပါ ပြီးတော့ မနက်စာလိုက်ကျွေးချင်လို့”
"ကျွန်တော်မအားဘူး အလုပ်ကိစ္စတွေရှိသေးလို့”
ဂျွန်ရှေ့ဆက်သွားမို့ပြင်တော့ minsooက ဂျွန့်ရှေ့ပိတ်ရပ်လိုက်ပြီး
"ဒီနေ့မဟုတ်လည်း နောက်နေ့တွေ တွေ့လည်း ရတယ်ဂျွန်”
"sorry minsoo ကျွန်တော်အလုပ်တွေတကယ်မအားလို့ပါ အိမ်ပြန်ရောက်တော့လည်း ကျွန်တော်အိမ်ကိစ္စတွေရှိသေးလို့ပါ တကယ်တောင်းပန်ပါတယ် ကျွန်တော့်ကို ခွင့်ပြုပါဦး”
ဂျွန်ပြောပြီးတာနဲ့ချက်ခြင်းထွက်လာခဲ့လိုက်သည်။minsooတစ်ယောက်နေရာမှာတင်ကျန်ခဲ့ကာ ဂျွန့်ကို မထိတရိပြုံးပြီးကြည့်နေသည်။
"မင်း ကိုယ့်လက်ထဲက ပြေးမလွတ်အောင်
ကိုယ်ဖမ်းပြမယ်ဂျွန် မင်းစောင့်နေလိုက်”
ဂျွန် စားပွဲ၌ထိုင်ပြီးမကြာခင် yoongiရောက်လာသည်။
"good morning hyung”
yoongiဂျွန့်ကိုပင် နှုတ်မဆက်ပဲရုံးခန်းထဲ
မှုန်ကုတ်ကုတ်ဖြင့် ဝင်သွားသဖြင့် ဂျွန်ကြောင်တောင်တောင်ဖြစ်ကျန်နေခဲ့သည်။ထို့ကြောင့် ဂျွန်နေရာမှထကာ လိုက်လာခဲ့သည်။ဂျွန်အခန်းတံခါးခေါက်သော်လည်း yoongiပြန်မဖြေသောကြောင့်
"hyung ဂျွန်ဝင်လာပြီနော်”
ဂျွန် ရုံးခန်းတံခါးဖွင့်ကာ ဝင်လာခဲ့သည်။
"hyung ဘာဖြစ်လာတာတုန်း ဆူပုတ်ပြီး အိမ်မှာ
ဘာဖြစ်လာလို့တုန်း”
"အိမ်မှာမဟုတ်ဘူး”
yoongiမဖြေချင့်ဖြေချင်ဖြင့် ပြန်ဖြေသည်။
"အဲ့ဒါဆို ရုံးမှာပေါ့ ဘယ်သူကြောင့်တုန်း ဂျွန်ကြောင့်လား”
ထိုအခါမှ yoongiနေရာက ထလာကာ
"ဂျွန် အစောကဘယ်သူနဲ့စကားပြောနေတာတုန်း”
"အဲ့တာလား cha minsooလေ ဟို့နေက hyungရဲ့ သတို့သမီးလောင်းအကို”
"သူက ကို့ရဲ့သတို့သမီးလောင်းမဟုတ်ဘူး ကိုမေးတာပဲဖြေပါ”
"hyung အဲ့တာ ဘာမှမဟုတ်ဘူး သူက ဂျွန့်ကို  မုန့်လိုက်ကျွေးချင်လို့တဲ့”
"ဂျွန်တို့က အဲ့လောက်ရင်းနှီးတဲ့အဆင့်ထိရောက်နေတာလား”
"hyung အဲ့လိုမဟုတ်…”
ဂျွန်ပြောနေတာနဲ့ yoongiက ဂျွန့်ရှေ့ရပ်နေသည်ကိုပင်သတိမထားမိပေ။ဂျွန့်ရဲ့မျက်နှာက ပန်းရောင်သန်းလာပြီး
"ဂျွန်…ဂျွန်တို့က ဘာမှမဟုတ်ပါဘူး hyung”
နမ်ဂျွန်ခေါင်းငုံ့ပြီး အဖြေပြန်ပေးလိုက်သည်။
ထိုအခါ yoongiက ဂျွန့်ရဲ့မေးကို ကိုင်လိုက်ပြီး ခေါင်းကိုမော့စေကာ ဂျွန့်ရဲ့အညိုရောင် မျက်ဝန်းတွေကိုကြည့်ပြီး
"သေချာရဲ့လား ဂျွန်”
ဂျွန် yoongiနဲ့ အကြည့်မလွှဲပဲ
"ဟုတ်…ဟုတ် hyung သူက နောက်ရက်တွေလည်း တွေ့ချင်တယ်ပြောတယ် ဂျွန်နောက်လည်း မတွေ့အားဘူးပဲ ပြန်ဖြေခဲ့တာ သူနဲ့တွေ့စရာ အကြောင်းမရှိတော့ပါဘူး”
ဂျွန်ဘာလို့ဒီလောက်ရှင်းပြနေမိမှန်း ကိုယ့်ဟာကိုပင်နားမလည်နိုင်ပေ။yoongiက ဘာမှမပြောပဲ ခေါင်းကိုတဖြည်းဖြည့်းငုံကာ ဂျွန့်ရဲ့နီစွေးနေတဲ့နှုတ်ခမ်းလေးပေါ်ကို ဖိနမ်းလိုက်သည်။
ဂျွန်လည်း မငြင်းမိဘဲ yoongiရဲ့အနမ်းကို လက်ခံကာ ပြန်နမ်းလိုက်မိသည်။ထို့နောက် yoongiရဲ့ လက်က ဂျွန့်ရဲ့အင်္ကျီအောက်ကနေဝင်လာပြီး ဂျွန့်ရဲ့ခါးကို လက်ဖြင့် လာကိုင်တော့မှ ဂျွန်အသိဝင်လာကာ yoongiကို မြန်မြန်တွန်းထုတ်လိုက်ပြီး
"hyung…ဂျွန် တောင်းပန်ပါတယ် ဂျွန့်ကို ခွင့်ပြုပါဦး”
ဂျွန် အခန်းထဲမှ မြန်မြန်ပြေးထွက်လာကာ သန့်စင်ခန်းသို့သွားပြီးမျက်နှာသစ်လိုက်သည်။ဂျွန်ကိုယ့်ရဲ့ပါးနှစ်ဖက်ကို လက်ဖြင့်ရိုက်ပြီး
"ဂျွန် အသိစိတ်ဝင်စမ်း yoongi hyungနဲ့နင်နဲ့ အဆင့်အတန်းက အကွာကြီး နောက်တစ်ခါအရင်တုန်းကလိုအဖြစ်မျိုးမကြုံစေရဘူးလို့ သံဓိဋ္ဌာန်ချထားတာလေ အစောနက နင်ခဏစိတ်လွတ်သွားရုံပဲ ကိုယ့်ဟာကိုထိန်းစမ်း”
ဂျွန်တစ်ယောက်တည်း ကိုယ့်ဟာကိုသတိပေးကာ စားပွဲသို့ပြန်လာပြီး အလုပ်ကိုပဲအာရုံစိုက်လုပ်နေတော့သည်။
jk pov;
jungkookမနက်ခင်းကို ခေါင်းများကိုက်ကာ နိုးလာခဲ့သည်။ဘေးဘီကြည့်လိုက်တော့ အခန်းထဲရောက်နေခြင်းပင်။
"ငါ မနေ့ညက ဘယ်အချိန်ပြန်ရောက်တာလဲ ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ”
jungkookတစ်ယောက် ဇဝေဇဝါဖြစ်နေတုန်း jiminအခန်းထဲဝင်လာပြီး
"taeလိုက်ပို့တာလေ မနေ့က ဘယ်လိုဖြစ်လို့ဒီလောက်သောက်လာတာလဲ kookie”
jiminအမေးကြောင့် jungkookမျက်နှာပျက်သွားကာ
"ကိုယ် အလုပ်အဆင်ပြေတဲ့အနေနဲ့သောက်တာပါ sorry ကို နည်းနည်းများသွားတယ် ကိုမနေ့ကတစ်ခုခုပြောခဲ့သေးလား”
"ဘာမှမပြောပါဘူး”
jiminက တည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေ၍ jungkookစိတ်အေးသွားသည်။
"နောက် ဒီလောက်ကြီးမသောက်နဲ့နော် သားက ထမင်းအတူတူစားဖို့စောင့်နေတာ jungkookက တအားမူးနေတာနဲ့ သားကို ထမင်းချော့ကျွေးပြီး သိပ်လိုက်ရတယ်”
"ဟုတ်လား ကိုယ်တောင်းပန်ပါတယ်ကွာ
သားရောဘယ်မှာလဲ”
"ဧည့်ခန်းထဲမှာ tvကြည့်နေတယ် ကိုယ်သားဆီသွားလိုက်ဦးမယ်”
jungkookဧည့်ခန်းဘက်ထွက်လာခဲ့ပြီး
"baby”
"daddy နိုးပြီးလား”
"မနေ့က baby ထမင်းစားဖို့ daddyကိုစောင့်နေတာဆို”
"ဟုတ် daddyက အရမ်းမူးလာတာကိုး”
"daddyတောင်းပန်ပါတယ်ကွာ နောက်ကို ဒီလိုမဖြစ်စေရဘူး ဟုတ်ပြီလား”
beomgyuလေးက ခေါင်းငြိမ့်ပြတော့
"ညကျ daddyတို့မိသားစု အတူတူအပြင်ထွက်စားမယ် ဟုတ်ပြီလား”
"daddy တကယ်ပြောတာလား”
"တကယ်ပေါ့”
"promise”
"အင်း promise”
"yay”
သားက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ခုပ်ထတီးတော့ jungkookသားကို အသည်းယားစွာ ဖက်ပြီးနမ်းလိုက်သည်။
"daddy ညစ်ပတ်တယ် မျက်နှာလည်း မသစ်ရသေးဘဲနဲ့”
jungkookက ရယ်ကျဲကျဲဖြင့်
"သားက ချစ်စရာကောင်းနေတာကိုး daddyသွားပြီးမျက်နှာသစ်လိုက်ဦးမယ်”
jungkookသားကို နောက်တစ်ခါမြန်မြန်နမ်းပြီးနေရာမှ ထွက်ပြေးလာခဲ့သည်။လှေကားထိပ်ကျ သူတို့သားအဖကို ပြုံးပြီးကြည့်နေတဲ့ jiminကိုတွေ့လိုက်ရသည်။

ဂျွန် Where stories live. Discover now