အပိုင်း(၄၁)

145 17 0
                                    

yoongi ခြံဝန်းထဲ ကားကို ဒုန်းဆိုင်းမောင်းဝင်ကာ ကားရပ်ပြီး တိုက်ထဲဒေါသတကြီးဝင်လာသည်။အလုပ်သမားများကလည်း သူတို့ဆရာဒေါသထွက်လာမှန်းသိ၍ အလိုက်တသိ ရှောင်ပေးကြသည်။yoongiဧည့်ခန်းထဲရှိ ပစ္စည်းများကို ဒေါသတကြီး ရိုက်ခွဲနေပစ်သည်။
"ဘာလို့လဲ ဘာကိစ္စလာပြီးဆက်သွယ်နေတာလဲ အကုန်လုံးပြီးနေတာ ကြာနေပြီ ငါ့ဘဝကို လာရှုပ်တာ ဒီလောက်နဲ့တင်ရပ်လို့မရဘူးလား”
yoongiဒေါသတကြီးဖြင့် အော်နေမိသည်။ထို့နောက် အရက်တစ်ပုလင်းသွားထုတ်၍ သောက်နေသည်မှာ မူး၍အိပ်ပျော်သွားသည့်အထိပင်။
"hyung…yoongi hyung”
yoongiခေါ်သံနဲ့အတူ ခေါင်းကို လက်ဖြင့်ဖိပြီးထလာသည်။
"ဘယ်သူလဲ ဘယ်နှစ်နာရီရှိပြီလဲ”
"hyung ဂျွန်ပါ အခု ၁၀နာရီတောင်ရှိပြီ မနက် hyung”
ဂျွန် အိပ်ချင်မူးတူးဖြစ်နေသော hyungကိုကြည့်ပြီး စိတ်ရှုပ်ရှုပ်ဖြင့် ဆံပင်ကို လက်ဖြင့်ထိုးဖွာမိသည်။
"hyung ထတော့လို့ hyung အလုပ်မလာလည်းရတယ် ဒီဟာလေးလက်မှတ်အရေးကြီးနေလို့”
yoongiအခုမှ မျက်လုံးပွင့်လာကာ ဂျွန့်ကို yoongiအိပ်ခန်း၌ မြင်လိုက်ရ၍ တအံတသြဖြစ်နေသည်။
"နမ်ဂျွန်”
"ဟုတ် hyung မနေ့ညက အထိပြန်တော့ အရက်သောက်မယ့်ပုံမပေါ်ပါဘူး ဘာလို့ဒီလောက်သောက်ရတာလဲ hyung”
"အာ…အင်း ကိုယ်ကိစ္စလေးပေါ်လာလို့ ကိုယ်ဘယ်ဟာကို လက်မှတ်ထိုးပေးရမလဲပေး”
ဂျွန်ပေးတဲ့ စာရွက်တွေ yoongiလက်မှတ်ထိုးပေးလိုက်သည်။
"hyung အဆင်ပြေရဲ့လား”
ဂျွန့်အမေးကြောင့် yoongiခဏတန့်သွားကာ
"inn ကိုယ်ပြေပါတယ် ရော့ ဒါပဲမလား”
"ဟုတ် hyung တစ်ခုခုဆို ဂျွန့်ကိုပြောလို့ရပါတယ် ဂျွန်အကုန်နားထောင်ပေးမယ် hyung”
ဂျွန် ဖိုင်ကိုယူကာ ပြန်ဖို့လှည့်ထွက်လာခဲ့သည်။
"ဂျွန်”
yoongiခေါ်သံကြောင့် ဂျွန့်ခြေလှမ်းတွေ တုံ့ခနဲရပ်သွားကာ yoongiက ဂျွန့်ရှိရာသို့လျှောက်လာကာ ဂျွန့်ကျောကို နောက်မှသိုင်းဖက်လိုက်သည်။ yoongiရဲ့ အပြုအမူကြောင့် ဂျွန့်ရဲ့ အသက်ရှုသံပင် ရပ်သွားသည်ဟုထင်မိသည်။
"yoon…yoongi hyung”
"ခဏ​လောက် ကိုယ်နဲ့နေပေးပါလား ဂျွန်”
"ဒါ…ဒါပေမယ့် ဒီ…ဒီဖိုင်တွေကျ”
"ကိုယ့်ဒရိုင်ဘာကို hyunaဆီပို့ခိုင်းလိုက်”
"ဟုတ်…ဟုတ်ကဲ့ အခု ဂျွန့်…ဂျွန့်ကို လွှတ်ဦး hyungစားဖို့ တစ်ခုခုချက်ပေးမယ်”
yoongiလွှတ်လိုက်တော့ ဂျွန်က yoongiကိုပင်မကြည့်တော့ပဲ စားသောက်ခန်းဘက် ထွက်လာခဲ့လိုက်သည်။yoongi မြန်မြန်ထွက်သွားသော ဂျွန့်ကိုကြည့်ကာ ရယ်လိုက်မိသည်။ဂျွန့်ကို တွေ့မှပဲ yoongiစိတ်က ပြန်အေးချမ်းလာခဲ့သည်။ဂျွန်က yoongiဘဝမှာ မရှိမဖြစ်ဆိုတာကို ကြာလေပိုသိလာသည်။ yoongiမျက်နှာသစ်ကာ စားသောက်ခန်းဘက်ထွက်လာတော့ ဟင်းချက်နေသည့် ဂျွန့်အား တိတ်တိတ်ဆိတ်ဆိတ်ကြည့်ရင်း ပြုံးလိုက်မိသည်။ဂျွန် ချက်ပြီး စားပွဲပေါ်ချပန်းကန်ချဖို့အလှည့်
"hyung ဘယ်တုန်းကရောက်တာလဲ”
"ကို မကြာသေးပါဘူး ဂျွန်ဘာချက်နေတာတုန်း”
"ဟင်းရည်ပါပဲ hyungအမူးပြေအောင်​ ဟင်းတွေက ချက်ပြီးသားတွေပဲရှိလို့ ပြန်နွေးထားတယ် hyung ဂျွန်ထည့်ပေးမယ်နော်”
"inn ကိုယ်လည်းဗိုက်ဆာနေပြီ”
ဂျွန် yoongiစားဖို့ပြင်ပေးပြီး စားပွဲ၌ ထိုင်ကာ yoongiစားတာပဲ ထိုင်ကြည့်နေလိုက်သည်။
"hyung ဒီအိမ်အကြီးကြီးမှာ hyungတစ်ယောက်ပဲနေတာလား”
"အင်းလေ”
"hyungမပျင်းဘူးလား အိမ်ကြီးက အကျယ်ကြီးပဲ hyung ထမင်းစားတော့လည်း တစ်ယောက်တည်းကြီး ဂျွန်ဆိုပျင်းလို့သေမှာပဲ”
"တစ်ခါတစ်လေတော့လည်း ပျင်းတာပေါ့ အခုဂျွန်ရှိလို့ အပျင်းပြေပါတယ် ဂျွန်အမြဲတမ်းရှိရင်တော့ကောင်းတာပေါ့”
yoongiနောက်ဆုံးစကားကို လေသံတိုးတိုးဖြင့်ပြောလိုက်သည်ကို ဂျွန်ကြားဖြစ်အောင်ကြားလိုက်သေးသည်။ဂျွန့်ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားကာ yoongiပြောသံကို မကြားသလိုပင်ဟန်ဆောင်နေလိုက်သည်။သို့သော် yoongiပြောသောစကားကို ဂျွန်ကြားသည်ဆိုသည်ကို yoongiကြည့်ရုံနဲ့ပင်ပြောနိုင်သည်။yoongiစားပြီးတော့ နှစ်ယောက်သားဧည့်ခန်း၌ထိုင်ကာ tvပဲကြည့်နေလိုက်ကြသည်။
"ဂျွန် ဒီနေ့တော့ အိမ်ပြန်ပြီးပဲ နားလိုက်တော့လေ ကိုအခုအဆင်ပြေပါတယ် ခေါင်းလည်းမကိုက်တော့ဘူး ဂျွန့်ရဲ့ဟင်းရည်က တကယ်စွမ်းတယ်”
"hyung ဂျွန်တကယ်အိမ်ပြန်လို့ရလား”
"ရတယ် ကိုယ့်ဒရိုင်ဘာလိုက်ပို့ခိုင်းပေးမယ် ok”
"ဟုတ် hyung အာ့ဆို ဂျွန်ပြန်ပြီနော်”
ဂျွန်မတ်တပ်ရပ်တော့ yoongiနေရာမှ ထလာကာ ဂျွန့်ကိုဖက်လိုက်ပြီး
"ဒီမနက်အတွက် ကျေးဇူးပဲဂျွန် ဂျွန်ရှိလို့ ကိုယ်အဆင်ပြေတာ နောက်များအတွက်လည်း အကူအညီတောင်းပါတယ်နော်”
ဂျွန် yoongiရဲ့ကျောကို ပုတ်လိုက်ပြီး
"ရပါတယ် hyungရဲ့ လိုတဲ့အချိန်ဂျွန့်ကိုခေါ်လိုက် hyung”
ဂျွန် yoongiကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့သည်။ခေါင်းထဲမှာတော့ အတွေးပေါင်းများစွာနဲ့ပေါ့။အိမ်ရောက်တော့ ကုတင်ပေါ် ပစ်လှဲလိုက်ပြီး ရင်ဘတ်ပေါ်လက်တင်ကာ စဥ်းစားနေမိသည်။ ဂျွန့်ရဲ့အခုန်မြန်နေသည့်ရင်ဘက်ပေါ်လက်တင်ပြီး ကိုယ့်ဟာကို မယုံနိုင်ဖြစ်နေသည်။ဒီ၅နှစ်ကျော်အတွင်းမှာ ဂျွန်ပထမဆုံးရင်ခုန်မြန်နေခြင်းပင်။jungkookထားခဲ့ပြီးတဲ့နောက် ဂျွန်အတွက်နောက်ထပ်ရင်ခုန်သံဆိုတာ မရှိတော့ဟု ထင်ခဲ့သည်။ဒါပေမယ့် hyungရဲ့အပြုအမူတွေက ဂျွန့်ကို တစ်စထက်တစ်စ hyungဆီကို ဆွဲခေါ်နေသလိုပင်။hyungလည်း ဂျွန့်ကို သဘောကျနေသည်ဟု ဂျွန်ခံစားမိတာ တော်တော်ပင် ကြာနေပြီ။ဒါပေမယ့် ဂျွန် အားလုံးကို ဥပေက္ခာပြုထားသင့်သည်။ ဂျွန် နောက်ထပ် နှလုံးသားနာကျင်တဲ့ဒဏ်ရာကို မခံစားချင်တော့ပေ။ ဂျွန် တစ်ယောက်တည်းတွေးကာ သက်ပြင်းအရှည်ကြီးချမိသည်။နာရီကြည့်လိုက်တော့ သားကျောင်းဆင်းချိန်နီးပြီဖြစ်၍
ဂျွန် ရေချိုးကာ ကျောင်းသို့ထွက်လာခဲ့သည်။
ကျောင်းဆင်းသောအခါ သားက ဂျွန်စောင့်နေသည်ကို တွေ့သဖြင့် မျက်လုံးလေးများဝိုင်းကာ ဂျွန့်ဆီသို့ ဝမ်းသာအားရပြေးလာသည်။
"papa လာကြိုတယ်”
"ဟုတ်တယ် baby ဒီနေ့ရုံးအစောကြီးဆင်းလို့ babyကိုလာကြိုတာ”
"အာ့ဆို တီလေးကရော”
"ဒီအချိန်ဆို အိမ်ရောက်ရောပေါ့ papaဒီနေ့ babyကို လာကြိူမှာလို့ သူ့ပြောထားတာ”
ထိုစဥ် ဆရာမရောက်လာပြီး
"ဒီနေ့ နမ်ဂျွန်လာကြိုတာပေါ့”
"ဟုတ် ဆရာမ ဒီနေ့ ဂျွန် အလုပ်က စောစောပြန်ရလို့ bun bunလေး ဆရာမစကားနားထောင်တယ်မလား”
"bun bunက လိမ္မာပါတယ် သွက်လည်း သွက်တယ် စာလည်း ခဏလေးနားလည်တယ် ဂျွန်
ဒီလိုသားလေးမွေးထားရလို့ ကံကောင်းတယ်”
"ဟုတ်တယ် ဂျွန့်ရဲ့သားလေးက ဂျွန့်အတွက် ကံကောင်းခြင်း လက်ဆောင်လေး”
ဂျွန် ပြောရင်း သားပါးကို နမ်းလိုက်ကာ
"ဆရာမ အဲ့ဒါဆို ဂျွန်တို့ပြန်လိုက်ပါဦးမယ်”
ဆရာမကို နှုတ်ဆက်ပြီး အိမ်သို့ပြန်လာခဲ့သည်။
အိမ်ပြန်ရောက်သောအခါ
"oppa ဒီနေ့စောတယ်နော် အလုပ်က”
"inn oppaကိစ္စလေးရှိလို့”
"အကုန် အဆင်ပြေတယ်မလား”
"ပြေပါတယ် ဘာမှစိတ်ပူစရာမရှိပါဘူး geong minရော”
"ညီမက အမြဲအဆင်ပြေပါတယ်”
ထိုစဥ် ဂျွန့်ရဲ့ဖုန်းမြည်လာပြီး
"geong min သားနဲ့နေလိုက်ဦးနော် oppaဖုန်းပြောလိုက်ဦးမယ်”
"ဟုတ် oppa”
ဂျွန်အခန်းထဲဝင်လာပြီး
"ဟယ်လို jin hyung”
"ဂျွန် ဒီနေ့ရုံးက စောပြန်သွားတယ်ဆို”
"hyungက ဘယ်လိုလုပ်သိလဲ ဂျွန်စောပြန်တာကို”
"hyuna noonaက ပြောလို့လေ”
"oh hyungတို့က ဖုန်းပြောတဲ့အထိတောင် ခင်နေကြပြီပေါ့ yoongi hyungက သူ့အိမ်မှာခဏနေဦးဆိုလို့ ဂျွန်နေနေတာပါ ပြီးတော့ ဒီနေ့အိမ်ပြန်နားလိုက်ဆိုလို့ ဂျွန်ပြန်လာခဲ့လိုက်တာ သားကိုလည်း ကျောင်းသွားကြိုချင်လို့ မကြိုတာကြာပြီလေ”
"သူရော အဆင်ပြေလား”
"ဟုတ် ဂျွန်ပြန်လာတော့ တော်တော်ပြေနေပါပြီ”
"ဂျွန်နဲ့yoongi hyungအခြေအနေကရော”
"hyung ဘာပြောချင်တာလဲ”
"ဂျွန် hyungဆိုလိုတာ နားလည်တယ်မလား yoongi hyungကြည့်ရတာ ဂျွန့်ကို သဘောကျနေတာ အသိသာကြီးကို”
"ဂျွန်လည်း သတိတော့ ထားမိပါတယ် ဒါ…ဒါပေမယ့် ဂျွန်ဘာမှ မစဥ်းစားချင်သေးဘူး ဂျွန်သားကိုပဲ စိတ်ထဲထည့်ထားချင်တယ်”
"ဒါပေမယ့် ဂျွန် yoongi hyungက လူကောင်းတစ်ယောက်ပါ သူ့နယ်ပယ်မှာလည်း သူ့ကောင်းသတင်းကြီးပဲ ဂျွန့်တို့နှစ်ယောက်လိုက်ဖက်တယ်လို့ hyungတော့ထင်တယ် သူက ဂျွန်အားကိုးထိုက်တဲ့သူတစ်ယောက်ပါ”
"yoongi hyungကဖြင့် ဘာမှတောင်မပြောသေးဘူး hyungကရှေ့နေလိုက်ပေးနေတယ်”
"ဂျွန် hyungတို့က ဘေးကနေမြင်နေတာ အသိသာကြီး ဂျွန့်ကို သူဖွင့်ပြောမှာလည်း အနှေးနဲ့အမြန်ပဲ hyungသဘောက ဂျွန် သူ့ကိုစဥ်းစားပေးချင်တာပါ bun bunမျက်နှာလည်း ငဲ့ရဦးမယ်လေ”
"ဂျွန် စဥ်းစားလိုက်ဦးမယ် hyung ဂျွန်လည်း ခေါင်းရှုပ်တယ်အဲ့ကိစ္စတွေစဥ်းစားရင်”
"အင်းပါ ဂျွန် hyungတစ်ခုမေးဦးမယ် မှန်မှန်ဖြေနော် ဂျွန် yoongi hyungပေါ် ဘာစိတ်မှမရှိဘူးလား”
ဂျွန် မရှိဘူးလို့ပြောချင်သော်လည်း jin hyungကို မလိမ်ချင်။ထို့ကြောင့် ဂျွန်တိတ်တိတ်ပဲနေလိုက်မိသည်။
"ဒါဆို ဂျွန် တိတ်တိတ်နေခြင်းသည် ဝန်ခံခြင်းပဲတဲ့ hyung ဖုန်းချလိုက်ပြီနော် hobiကလည်း ဂျွန့်ကိုချစ်တယ်တဲ့”
jinဖုန်းချသွားသည့်တိုင် ဂျွန်ဖုန်းကို ကိုင်ထားကာ အတွေးနယ်ချဲ့နေမိတော့သည်။

ဂျွန် Место, где живут истории. Откройте их для себя