အပိုင်း(၁၀)

144 20 0
                                    

"jung…kook လက်…လက်က သွေးထွက်နေတယ်”
"ဟင် ဒါလား ဒါကဘာမှ မဖြစ်ပါဘူး ပွန်းရုံပါ”
"ဘယ်ဖြစ်မလဲ အနာထဲပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ jungkookက ဒီကစောင့် ဂျွန်ဟိုဘက်ကဆေးဆိုင်မှာ ဆေးဝယ်ပြီးပြန်လာခဲ့မယ်”
ဂျွန်လည်း jungkookအဖြေကို မစောင့်တော့ဘဲ ပြေးထွက်ခဲ့သည်.တအောင့်ကြာသောအခါ ဂျွန်လက်ထဲမှာ ဆေးတွေကိုင်ကာ ပြန်ရောက်လာသည်
"လက် ဒီကိုပေး”
jungkookလည်း လက်ဆန့်ထုတ်ပေးလိုက်သောအခါ ဂျွန်က ပိုးသတ်ဆေးဖြန်းပြီး အနာကိုသန့်ပေးနေသည်
"အာ့”
jungkookလည်း ဂျွန့်ကိုစချင်တာနဲ့ နာချင်ယောင်ဆောင်ပြီး အော်လိုက်တော့ ဂျွန့်မျက်လုံးလေးတွေဝိုင်းသွားကာ
"jungkook လက်က အရမ်းနာလို့လား”
"အာ မဟုတ်ဘူး ပိုးသတ်ဆေးကြောင့် စပ်လို့”
jungkookအပြောကြောင့် ဂျွန်တစ်ယောက် jungkookလက်ကို
"ဖူး…ဖူး…ဖူး”
လေဖြင့်မှုတ်ကာ အစပ်သက်သာအောင် လုပ်ပေးလိုက်သည်.ဂျွန့်ရဲ့ နှုတ်ခမ်းဖူးဖူးလေးကို မြင်ရသောအခါ ဂျွန့်ရဲ့ နှုတ်ခမ်းလေးကို နမ်းချင်သော်လည်း စိတ်ကိုထိန်းကာ နဖူးကိုပဲ နမ်းလိုက်မိသည်.
"အို့”
jungkookရုတ်တရက်အနမ်းကြောင့် ဂျွန်လန့်သွားပြီး မျက်နှာလေးရဲတတ်သွားပြီး
"jung…jungkook ဒါကဘာလုပ်တာလဲ”
"ဂျွန်က အရမ်းချစ်ဖို့ကောင်းနေလို့ ကိုနမ်းလိုက်တာ ဂျွန့်ရဲ့နှုတ်ခမ်းကို အဲ့လိုစူမထားနဲ့  နောက်တစ်ခါဆို ကိုနှုတ်ခမ်းကို နမ်းမှာနော်”
jungkookအပြောကြောင့် ဂျွန်နှုတ်ခမ်းကို လက်ဖြင့် အမြန်အုပ်လိုက်ပြီး မျက်လုံးလေးများဝိုင်းနေသောပုံက ပိုပြီးချစ်ဖို့ကောင်းနေသေးတယ်.
မင်းတော့ ကိုယ့်ကိုပြုစားဖို့မွေးလာသလားပဲ ဂျွန်
ဂျွန်ဘာစကားမှမပြောပဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ jungkookလက်ကို ဆေးထည့်ကာ ပတ်တီးစီးပေးသည်.ထို့နောက်
"jungkook ဒီနေ့တော့နောက်ကျနေပြီ အိမ်ပြန်လိုက်တော့နော့ မနက်ဖြန်မှပဲ စာလုပ်တာပေါ့”
ဂျွန်ပြောပြီး လှည့်ပြန်ဖို့အလုပ် jungkookက
ဂျွန့်ရဲ့လက်ကို ဆွဲလိုက်ပြီး
"ဂျွန် ခဏလေး ကိုယ်လိုက်ပို့ပေးမယ်”
"ရပါတယ် အဆောင်က ဒီနားတင်ကို အလုပ်ရှုပ် နေပါ့မယ် လိုက်ပို့မနေနဲ့နော် ကိုယ့်ဟာကိုပဲ ပြန်လိုက်မယ်”
"နီးလည်း ကိုစိတ်မချဘူး လာ ကိုလိုက်ပို့မယ်”
ဂျွန့်ရဲ့ လက်ကိုဆွဲရင်း ကားဆီခေါ်လာကာ ကားရှေ့တံခါးဖွင့်ပေးရင်း ရှေ့ခန်း၌ ထိုင်စေသည်.
ထိုနောက် jungkookက ဘေးတွင်ဝင်ထိုင်ကာ
ဂျွန်ရဲ့အဆောင်ရှိရာသို့ မောင်းလာခဲ့သည်. အဆောင်ရှေ့ရောက်သောအခါ
"jungkook အဆောင်လိုက်ပို့ပေးလို့ကျေးဇူးပဲနော် ပြီးတော့ ကော်ဖီဆိုင်တုန်းက အတွက်ရောပဲ”
"ကိုယ်က ဂျွန့်အတွက်ဆို အမြဲဘေးမှာ အဆင်သင့်ရှိနေမှာ အဲ့တာကြောင့် ကျေးဇူးတင်စရာမလိုပါဘူး ပြီးတော့ နောက်နေ့ကစပြီး ကော်ဖီဆိုင်ကို ကိုယ်နဲ့ပဲအတူတူသွားမယ် အတန်းချိန်မတူခဲ့ရင်လည်း စောပြီးတဲ့သူက စောင့်တာပေါ့ ဟုတ်ပြီလား”
ဂျွန်ငြင်းဖို့အလုပ် jungkookက သူရဲ့လက်ညှိုးကို ဂျွန့်နှုတ်ခမ်းပေါ်တင်လိုက်ပြီး စကားမပြောစေဘဲ
"ငြင်းမနေနဲ့တော့ဂျွန် ကိုဆုံးဖြတ်ပြီးသွားပြီ ok”
"ဟုတ်”
ထို့နောက် jungkookက ဂျွန့်ရဲ့ပါးကို ဖြတ်ခနဲနမ်းလိုက်ပြီး
"good night ဂျွန် မင်းရဲ့အိမ်မက်လှလှထဲမှာ ကိုယ့်ကိုပါထည့်မက်နော်”
ဂျွန့်ရဲ့နားနားကပ်ကာ လေသံတိုးတိုးဖြင့်် ပြောပြီး ဂျွန့်ရဲ့နားကို လေဖြင့်မှုတ်ကာ ဂျွန်ရဲ့ နီရဲနေသောမျက်နှာကို ကြည့်ပြီး ရယ်ကျဲကျဲလုပ်နေ တော့သည်. ဂျွန်လည်း နားကို လက်ဖြင့်အုပ်ကာ
ကားထဲမှ ပြေးထွက်ခဲ့တော့သည်. jungkookလည်း ဂျွန်အခန်းထဲဝင်တာ ကြည့်ပြီးမှ အိမ်သို့ပြန်ခဲ့တော့သည်
"မင်းရဲ့ အိမ်မက်ထဲမှာ ကိုယ့်ကို ထည့်မက်ပေးပါ ဂျွန်”

ဂျွန် Où les histoires vivent. Découvrez maintenant