အပိုင်း(၇)

150 23 0
                                    

ထိုစဥ် canteenတွင်
no one pov;
"joonie မှန်မှန်ပြောစမ်း အစောက hyungမြင်ခဲ့တာ ဘာလို့ ဘာလို့ joonနဲ့ jungkookနဲ့က တစ်ယောက်ကို တစ်ယောက်အဲ့လိုကြည့်နေကျတာလဲ”
"အဲ့တာလား ဘာမှမဟုတ်ပါဘူး hyungကလည်း ဒီတိုင်းလမ်းသွားရင်း တိုက်ဆိုင်သွားရုံပါ”
ဟုဆိုကာ joon ပါးစပ်ထဲ မုန့်အပြည့်ဖြင့်ပင် ပြန်ဖြေလိုက်သည်
"jinnie ဂျွန့်ကို ဘာတွေပြောနေတာတုန်း”
တစ်ချိန်လုံးဘေးမှာ ထိုင်နေသောhobiက နားမလည်စွာ မေးလိုက်သည်
"hobi မင်းလည်း ဂျွန့်ကို သတိပေးထားဦး jungkookဆိုတဲ့ ဟိုရည်းစားတွေ ထည်လဲတွဲနေတဲ့တစ်ယောက်က ဂျွန့်ကို စိတ်ဝင်စားနေတယ်နဲ့တူတယ်”
ဟိုဘီ မျက်လုံးပြူးပြီး မေးအောက်ကျသွားတဲ့အထိ တအံ့တသြဖြစ်သွားကာ
"ဂျွန် အဲ့တာဟုတ်လား”
ရုတ်တရပ်​မေးလိုက်သောမေးခွန်းကြောင့် ဂျွန့်မျက်မှာ တစ်ခုလုံးရဲတတ်သွားကာ ခေါင်းငုံ့ပြီး လက်ချောင်းတွေကို ဆော့ကစားနေမိသည်. ထို့နောက် hyungတို့ကြားရုံပဲ လေသံတိုးတိုးနဲ့ပဲ ပြန်ဖြေလိုက်သည်
"ဂျွန်လည်း သေချာမသိပါဘူး စကားတောင် တစ်ခါလားပဲပြောဖူးတာ သူကတော့ တွေ့တိုင်းရယ်ရယ်ပြနေလို့ ပြန်ပြုံးပြရုံတင်ပါဘဲ”
"ဘာတုန်း ဂျွန်လည်း သူ့ကို စိတ်ဝင်စားနေတာလား”
"ဟိုဘီ ငါမင်းကို မဖြစ်သင့်တာ မဖြစ်အောင်တားခိုင်းတာလေ ဂျွန့်ကို မြှောက်ပေးဖို့ပြောတာမဟုတ်ဘူး”
ဟိုဘီက jin hyungကို လက်ကာပြပြီး
"hyung ကျွန်တော်တို့ ဂျွန့်ရဲ့ သဘောထားကိုလည်း မေးသင့်တယ်လေ ကျွန်တော်တို့ သဘောထားပဲ ပြောလို့မရဘူးလေ ပြီးတော့ jungkookသာ ပြင်မယ်ဆို ကျွန်တော်တို့ တားစရာ အကြောင်းမရှိဘူးလေ သူသာ တကယ်ချစ်တယ်ဆိုရင် ပြုပြင်မှာပါ ကျွန်တော်တို့၂ယောက်လုံးဘေးကစောင့်ကြည့်နေမှာပဲဟာ”ဟုဆိုကာ j hopeက jinရဲ့ မျက်စောင်းကို မသိချင်ယောင်ဆောင်ပြီးပြောလိုက်သည်
"thank you hobi”
"ပြီးတော့ jin hyung  hyungလည်း ကျွန်တော့်ကိုလည်း hyungအချစ်တွေနဲ့ ပြင်ပေးခဲ့တာပဲလေ မဟုတ်ဘူးလား” ဟိုဘီ အပြောကြောင့် jinရဲ့ မျက်နှာ ရဲတတ်သွားပြီး ဟိုဘီရင်ဘတ်ကို လက်ဖြင့် ခပ်ဖွဖွရိုက်ကာ
"hoseok အဲ့လိုသူများကြားအောင်မပြောနဲ့လေ
ရှက်စရာကောင်းအောင်” ဟိုဘီက ဂျင်ရဲ့ လက်နှစ်ဖက်ကို ဖွဖွလေး ဖမ်းဆုပ်လိုက်ပြီး
"ဟုတ်တယ်လေ ကိုအမှန်အတိုင်းပြောတာပဲကို”
ပြောရင်း ဟိုဘီမျက်နှာက တစ်ဖြည်းဖြည်း ဂျင်ရဲ့မျက်နှာနားကပ်လာသောအခါ
"အဟမ်း အဟမ်း hyungတို့နှစ်ယောက်လုံးဂျွန့်ကိုမေ့နေတာလားလို့” နမ်ဂျွန်သူ့ရဲ့သမင်မျက်လုံးလေးကို လက်နှစ်ဖက်နဲ့ အုပ်ပြီး မေးလိုက်သည်. hobiရော jinရော နှစ်ယောက်လုံးရှက်ရှက်နဲ့ ရယ်လိုက်မိသည်
"sorry joonie”
"ရပါတယ် နှောင့်ယှက်လိုက်တဲ့အတွက် တောင်းပန်ပါတယ် ကျန်တာတော့ အိမ်ကျမှပဲဆက်ကြပေါ့ အခုတော့ စာသင်ချိန်ရောက်ပြီ သွားကြရအောင်”ဟုဆိုကာ ဂျွန်တစ်ယောက် လျှာထုတ်ပြပြီး အရင်ပြေးထွက်လာခဲ့သည်
စာသင်ခန်းထဲတွင်
"ကလေးတို့ လကုန်ရင် ဆရာကို assignmentထပ်ရမယ်နော် assignmentလုပ်ဖို့ ဆရာ ၂ယောက်တစ်တွဲတွဲပေးထားတယ် ဆရာအခုနာမည်ခေါ်တဲ့သူတွေက အတူတူစာလုပ်ရမယ့်အတွဲနော် သေချာနားထောင်
jin,hoseok
jimin,jackson
chanyeol,baekhyun
namjoon pov;
အာ အခုထိဂျွန့်နာမည်မခေါ်သေးလို့ ဂျွန်တစ်ယောက်စိတ်လှုပ်ရှားစွာ စောင့်နေမိသည်.ပုံမှန်ဆို ဒီလိုမျိုး စိတ်မလှုပ်ရှားပါဘူး အခုဟာက ဆရာက jungkookနာမည်လည်း မခေါ်သေးဘူးလေ
"namjoon,jungkook”
ဂျွန်တစ်ယောက် စာလုပ်ရမယ့်သူ နာမည်လည်း ကြားရော အသက်ရှုသံတွေ ခဏရပ်သွားသလိုခံစားလိုက်ရပြီး ရင်ခုန်သံတွေက တဖြည်းဖြည်းမြန်လာတော့သည် omg omg ဂျွန်တကယ်ကြီး jungkookနဲ့ စာအတူတူလုပ်ရမှာပေါ့ သူနဲ့စာလုပ်ဖို့ အဆင်ပြေပါ့မလား ဂျွန်နဲ့စကားပြောပြီးလို့ သူက စာအတူတူမလုပ်ဘူးပြောလာရင် ဘယ်လိုလုပ်ရမလဲ သူ့နာမည်ကြားရုံနဲ့တင် ဂျွန့်ရင်ခုန်သံတွေက မြန်လာတာ ၂ပတ်ကြီး တွေ့ဖို့က အဆင်ပြေပါ့မလား ဂျွန်တကယ်ကြီး သူများတွေပြောပြောနေတဲ့ အချစ်ဆိုတာကို တွေ့နေတာလား ဂျွန်တစ်ယောက်တည်း အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ နစ်မြောနေလိုက်တာ ဆရာအပြင်ထွက်သွားတာကိုပင် မသိလိုက်တော့.ထိုအပြင် jungkookတစ်ယောက် နမ်ဂျွန့်ရှေ့တည့်တည့်ရောက်လာတာကိုပင် မသိလိုက်.
"joon”
”namjoon”
jungkookလည်း ဂျွန်ပါးကို ကိုင်ပြီး
"kim namjoon”
ပါးကိုထိလာတဲ့ အေးစက်တဲ့အထိအတွေ့ကြောင့် ဂျွန်ကြက်သီးထလာပြီး လန့်သွားကာ
"အို့…အချစ်”ရုတ်တရက်ထွက်လာတဲ့ ဂျွန့်အသံကြောင့် jungkookတစ်ယောက်မျက်လုံးပြူးသွားပြီး namjoonလည်း ကိုယ်ဘာပြောလိုက်လဲဆိုတာ အမှတ်ရပြီး ပါးစပ်ကို လက်နဲ့မြန်မြန်ပိတ်လိုက်သော်လည်း ပါးကနီရဲလာပြီး နားတွေပါ နီလာကာ ရှက်နေမိသည်. ဂျွန့်ပုံစံကို မြင်သော jungkookတစ်ယောက် မထိတထိပြုံးကာ
"ဂျွန် အစောက ဘာပြောလိုက်တယ်”
"အာ ဘာမှမဟုတ်ပါဘူး”
"ကိုယ်တော့ အချစ်ဆိုတာ ကြားလိုက်သလိုပဲ”
"မနေ့ညက ဖတ်နေတဲ့စာအုပ်ကို ပြန်တွေးနေလို့ပါ ဒါနဲ့ ဘာပြောမလို့လဲ” ဂျွန်မြန်မြန်စကားလမ်းကြောင်းပြောင်းပြီးမေးလိုက်သည်.
"သြော် မနက်ဖြန် စာလုပ်ကြမှာလေ ဘယ်အချိန်တွေ့မလဲလို့ လာမေးတာ”
"inn စာသင်ချိန်ပြီးရင် ကျောင်းရှေ့က ကော်ဖီဆိုင်မှာပဲ တွေ့ကြမယ်နော့”
"အိုကေ ဒါနဲ့ ဂျွန်ဖုန်းနံပါတ်ပေးထားဦးလေ”
ရုတ်တရက်ဖုန်းနံပါတ်တောင်းလိုက်သောကြောင့် ဂျွန့်ရဲ့ မျက်လုံးများဝိုင်းသွားကာ စကားများပင်ထစ်ကုန်တော့သည်
"ဘာ…ဘာလုပ်မှာလဲ ဖုန်းနံပါတ်က”
"သြော် ဂျွန်ကလည်း စာလုပ်မယ့်အချိန်ကိစ္စတစ်ခုခုရှိရင် ညှိရအောင်လို့ပေါ့”
"အင်း အဲ့တာလည်း ဟုတ်သားပဲ ပေး ဖုန်းပေး”
junkookဖုန်းထဲ ဖုန်းနံပါတ်ရိုက်ထည့်ပေးကာ
"အခုပြောစရာပြီးပြီမလား သွားတော့မယ်နော် မနက်ဖြန်တွေ့မယ်”
ဂျွန်လှည့်ပြီး သွားမယ့်အလုပ် jungkookက ဂျွန့်ရဲ့လက်ကို ဆွဲလိုက်ပြီး နှုတ်ခမ်းက ဂျွန့်ရဲ့ နားရွက်နားထိသည်အထိ ကပ်လာပြီး သြဇာအပြည့်နဲ့အသံက ဂျွန့်နားထဲ တိုးတိုးနဲ့ဝင်လာသည်
"ဒါနဲ့ ကိုက ဘယ်အချိန်ချိန်ဖုန်းဆက်ဆက်ကိုင်နော် ညဆိုရင်တောင်မှပေါ့ ဟုတ်ပြီလား”
ဂျွန့်ရဲ့ ရင်ခုန်သံတွေတစ်ဖြည်းဖြည်း မြန်လာပြီး jungkookကြားမှာပင်ကြောက်သည့်အလား ခေါင်းမြန်မြန်ငြိမ့်ပြီး စာသင်ခန်းထဲမှပြေးထွက်လာလိုက်သည်.ဂျွန့်ကို ဒေါသရောင်တောက်နေသော မျက်လုံးဖြင့်စိုက်ကြည့်နေသည့် jiminကိုပင် မမြင်လိုက်ပေ.

ဂျွန် Où les histoires vivent. Découvrez maintenant