အပိုင်း(၁၁)

133 21 0
                                    

no one pov;
ကော်ဖီဆိုင်မတော်တဆပြီးသည့် နောက်နေ့မှ စ၍ jungkookကို အတန်းချိန်မတူတဲ့အချိန်တွေဆို ဂျွန့်ရဲ့ အခန်းအပြင်ဘက်၌ အမြဲတွေ့ရတော့သည်. ဂျွန်နဲ့jungkookလည်း အရင်ကထက် ပိုရင်းနှီးလာပြီး အမြဲတပူးပူးတတွဲတွဲတွေ့နေရသည်. jinနဲ့hoseokလည်း ဂျွန့်ကို ကူညီတာသိပြီးနောက် jungkookကို canteen၌ အတူတူထိုင်စေကာ ၄ယောက်သားအတူတူ အမြဲစားဖြစ်သည်. jungkookကလည်း ဂျွန့်ကိုတွေ့တိုင်း ခါးဖက်လိုက် ပါးကို ညှစ်လိုက် ဆံပင်ဖွလိုက်နဲ့ တစ်ခုမဟုတ်တစ်ခုလုပ်ရင်း ဂျွန့်ကို စကာ ဂျွန်စိတ်ဆိုးပြီး ဆူပုတ်နေတာကြည့်ရင်း သဘောတွေ့နေတတ်သည်. စာအတူတူလုပ်တိုင်းလည်း ဂျွန့်ကို ခိုးခိုးကြည့်တာ အမော. ထိုသို့ ကြည့်တိုင်းလည်း ဂျွန်ကအမြဲမိပြီး ဂျွန့်ရဲ့မျက်နှာနီက ရှက်သွေးဖြာနေတာကို ကျေနပ်စွာ ထိုင်ကြည့်နေတတ်သည်
"jungkook ပြန်ရအောင်လေ စာတွေလည်းပြီးပြီကို မနက်ဖြန်assignmentsတင်ရမယ့်အချိန်ရောက်ပြီ”
"ဟင် ဟုတ်သားပဲ”
jungkookမျက်နှာ ချက်ခြင်းငြိုးကျသွားသည်ကို မြင်ပြီး
"jungkook ဘာဖြစ်တာလဲ ဘာလို့မျက်နှာက ချက်ခြင်းကြီးဝမ်းနည်းတဲ့ပုံစံပေါက်နေရတာလဲ”
"ဂျွန်ကရော ဝမ်းမနည်းဘူးလား ကိုနဲ့တွေ့ရမယ်အချိန်တွေနည်းသွားတာကို”
jungkookအမေးကြောင့် ဂျွန်တစ်ယောက်ဘာဖြေရမှန်းမသိဖြစ်သွားပြီး စကားတွေပါထစ်ကုန်တော့သည်
"ဟို အဲ့…အဲ့တာက”
"ကိုသိပါတယ် ဂျွန်က ကိုယ်ခင်သလို မခင်ဘူးဆိုတာ”
junkookအပြောကြောင့် ဂျွန်အလျင်အမြန်ပင်ငြင်းလိုက်ကာ
"jungkook အဲ့လိုမဟုတ်ဘူး jungkookကို ဂျွန်တကယ်ခင်တာပါ”
ဂျွန့်အသံက ပုံမှန်ထက်ပိုကျယ်သွားတာကြောင့် ဘေးစားပွဲက လူများက ကွက်ကြည့်ကွက်ကြည့်လုပ်နေတော့ ဂျွန်ရဲ့မျက်နှာရဲလာလေသည်. အားလုံးအကြည့်တွေရှောင်ဖို့အတွက် ခေါင်းကိုငုံ့ကာ လက်ချောင်းတွေကို ဖျစ်ညှစ်ရင်း jungkookအပြောကို စောင့်နေမိသည်
"ဂျွန် တကယ်ပြောတာလား”
"ဟုတ်… ဟုတ်”
"ok လာပြန်ကြရအောင် မနက်ဖြန်ကျောင်းတတ်ရဦးမယ်”
ဂျွန်ရဲ့ လက်ကိုဆွဲကာ ကားဆီသွားရင်း အဆောင်ထိလိုက်ပို့ပေးလေသည်. အဆောင်ရောက်သောအခါ ဂျွန့်အတွက်ကားတံခါးဖွင့်ပေးရင်း အဆောင်လှေကားနားအထိလိုက်ပို့ကာ
"ဂျွန် တကယ်ကလေ ကိုမင်းနဲ့ စာအတူကျက်ရုံတင်မဟုတ်ဘူး ကိုမင်းအနားမှာ အမြဲရှိချင်တာ မင်းကို အမြဲကာကွယ်ပေးချင်တာ မင်းရဲ့သေးငယ်တဲ့အရာလေးတွေထိ ကိုယ်အကုန်ကူညီချင်တယ် ဂျွန် ကိုယ်ဒီလိုပြောတာ စောတယ်ဆိုပေမယ့် ကိုယ်မင်းကို ချစ်နေမိပြီ မင်းကိုယ့်ရဲ့ ချစ်သူဖြစ်​ပေးမယ်မလားဂျွန်”
jungkookရဲ့ ရုတ်တရက် ချစ်ရေးဆိုမှုကြောင့် ဂျွန်တစ်ယောက် အသက်ရှုဖို့ပင် မေ့ကာ jungkookအား စိုက်ကြည့်နေမိသည်. ထို့နောက် jungkookက အင်္ကျီအိတ်ကပ်ထဲက ဘူးလေးတစ်ခုထုတ်ကာ ဆွဲကြိုးလေးယူလိုက်ပြီး ဂျွန့်ရဲ့ကိုယ်နဲ့ ထိသည်အထိ တိုးကပ်လာပြီး ဆွဲကြိုးလေးဆွဲပေးလေသည်. ဆွဲပြီးသောအခါ နောက်ကိုနည်းနည်းပြန်ဆုတ်ကာ jungkookက သူရဲ့မျက်နှာကို ဂျွန့်ရဲ့မျက်နှာနားထိငုံ့ကာ ဖြည်းဖြည်းချင်းတိုးကပ်လာပြီး ဂျွန်ရဲ့ နှုတ်ခမ်းအိအိလေးပေါ်ကို နမ်းလေသည်. ထိုအနမ်းသည် ရမ္မက်မပါ ချစ်ခြင်းတရားတို့နှင့်ပြည့်နေသော အနမ်းတစ်ပွင့်သာဖြစ်သည်. ထို့နောက် ဂျွန်ရဲ့ မျက်ဝန်းဆီကနေ မျက်ရည်များစီးကျလာသည်ကို jungkookတစ်ယောက် မြင်လိုက်သောအခါ
"အို့ god ဂျွန် ကိုယ်တောင်းပန်ပါတယ် ကိုယ်နမ်းလိုက်တာ အဆင့်ကျော်သလိုဖြစ်သွားလို့ တောင်းပန်ပါတယ်နော် မငိုတော့နဲ့နော် တိတ်တိတ် ကိုယ်တကယ်တောင်းပန်ပါတယ်ကွာ”
jungkookတစ်ယောက် ပါးစပ်က တစ်ဖွဖွတောင်းပန်ရင်း ဂျွန့်ရဲ့ပါးမှ မျက်ရည်တွေကို ခပ်ဖွဖွလေးသုတ်ပေးနေမိသည်. ဂျွန် jungkookလက်ကို ဆုတ်ကိုင်လိုက်ပြီး
"jungkook ရတယ်လို့ ဒီမျက်ရည်တွေက စိတ်ဆိုးလို့လည်း မဟုတ်ဘူး ဝမ်းနည်းလို့လဲ မဟုတ်ပါဘူး”
"အာ့ဆို ဘာ…ဘာလို့”
ဂျွန်တစ်ယောက် jungkookရဲ့ရူးကြောင်ကြောင်မေးခွန်းကြောင့် jungkookအား မယုံကြည်နိုင်စွာကြည့်ရင်း
"အဲ့တာက ဘာလဲဆိုတော့ ဂျွန်လည်း kookကို ချစ်တယ်လို့"ဂျွန်ပြောပြောဆိုဆို ကြောင်ပြီးရပ်နေတဲ့ jungkookရဲ့ ပါးကို ဖျတ်ခနဲနမ်းပြီး လှေကားထစ်အတိုင်း ပြေးတတ်သွားတော့သည်
jungkookလည်း ကိုယ့်ပါးကိုပြန်စမ်းရင်း
"ကိုလည်း မင်းကို သိပ်ချစ်တယ် ဂျွန် bye မနက်ဖြန်မှတွေ့မယ်နော်” ဟုဆိုကာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲအော်လိုက်လေသည်.ဂျွန်ရော jungkookရော နှုတ်ခမ်းမှာ အပြုံးပန်းတွေဝေဆာရင်း အသစ်စက်စက်ချစ်သူနှစ်ယောက်ရဲ့ ညက အိမ်မက်လှလှလေးတွေစောင့်ကြိုနေမှာ အမှန်ပါပဲ

ဂျွန် حيث تعيش القصص. اكتشف الآن