Ep(2)

427 21 2
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဖယောင်းလေး"

သူခေါ်လိုက်တာနဲ့ တုန်တက်သွားတဲ့ နောက်ကျောလေးကိုကြည့်ပြီး မင်းထိုက်တစ်ယောက် အကြံကြီးတဲ့ ပုံစံနဲ့ ဟန်ပါပါပြုံးလိုက်သည်။ဖယောင်းဆိုတဲ့ဟာလေးက ယောက်ျားလေးသာဆိုတယ်။
နုနုနယ်နုယ်ပျော့ဖတ်ဖတ်လေးနဲ့ မင်းထိုက်ကိုတွေ့ရင် အရမ်းကြောက်ပြီး သူလုပ်သမျှကို တခွန်းမှပြန်မပြောတဲ့သူ။အဲဒီတော့ ကောင်ငယ်လေးတွေ အပျော်တွဲတတ်တဲ့ မင်းထိုက်လို လူမျိုးအတွက်တော့ ရေကန်အသင့်ကြာအသင့်ပေါ့။ကိုယ့်စားကျက်မှာတင် သားကောင်ကရှိနေတာ ဘယ်လောက်ကုသိုလ်ကံကောင်းလိုက်သလဲ။

"ပန်းကန်တွေဆေးနေတာလား ဖယောင်းလေး"

ဘေးကနေ သူ့ပုခုံးသာသာရှိတဲ့ ယောက်ျားမကျ မိန်းမမကျ ပုံရိပ်လေးကို ငုံ့ ကြည့်ပြီး မေးလိုက်တော့ ရေသေလိုတည်ငြိမ်နေသည့် မျက်နှာသွယ်သွယ်လေးက ခဏအတွင်း ပြိုတော့မယ့်မိုးလို မျက်ရည်တွေဝဲတက်လာသည်။

"အိုး..ဖယောင်းလေးကလည်းကွယ်..ကိုယ့်ကိုမြင်တာနဲ့ မင်းလေးက သရဲသဘက်တွေ့သလို ကြောက်နေတော့တာပဲ..ကိုယ်က မင်းကိုဘာမှမလုပ်ပါဘူး..အဲ့တော့မကြောက်နဲ့နော်..တစ်ခုခုပြန်ပြောပါဦး ဖယောင်းလေးရဲ့ ဟင်.."

ပုခုံးအောက်ထိရှည်နေတဲ့ ဆံနွယ်လေးတွေကို သိမ်းဖွဲ့ထုံးထားတာကြောင့် လည်တိုင်ဖြူဖြူလေးက ကြော့ရှင်းလို့နေသည်။ဘေးစောင်းကြည့်နေရာကနေ မင်းထိုက်မှာ စကားတစ်ခွန်းမှမဆိုလာသူကို လက်လှမ်း၍ နဖူးပေါ်က ဆံပင်လေးတွေကို အသာသပ်တင်ပေးလိုက်မိသည်။

"မ..မထိပါနဲ့..ဖယောင်း မကြိုက်..ဘူး"

"ဟမ်..ဘာပြောတာလဲ..မင်းပြောတာ ကိုယ်မကြားရဘူး..ကျယ်ကျယ်ပြောပါလား..ဟင်..ဖယောင်းလေး"

"မကြိုက်ဘူး..မထိ..ပါနဲ့"

"ဟား..ဟား..မင်းလေးက မကြိုက်ဘူး ဟုတ်ရဲ့လား..အရင်ဆို ကိုယ်လုပ်သမျှ ငြိမ်ခံနေကျပါ..အခုဘယ်လို ဖြစ်တာလဲ..ကဲပါ ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် မင်းလေးသိထားဖို့က..
..ဖယောင်းဖြူဆိုတဲ့ ကောင်လေးက ဒီက မင်းထိုက်ရဲ အပိုင်ပဲ ဖြစ်လာရမှာ..မင်းကြိုက်သလောက် ငြင်း..ကိုယ့်လက်ကလွတ်အောင် ဝေးနိုင်သမျှဝေးဝေးကို ပြေးလည်း..ကိုယ်က မင်းကိုမတွေ့တွေ့အောင်လိုက်ရှာပြီး အပိုင်သိမ်းပစ်မှာ ဟား..ဟား..
ပြောနေတာတောင်ကြာတယ်..အခုတောင် မင်းကိုယူပစ်လိုက်ချင်ပြီ..အဲ့ဒီကျရင် မာနကြီးပါတဲ့ဆိုတဲ့ ဖယောင်းဖြူကလေ..ကိုယ့်အောက်မှာဖြစ်ပျက်နေ့မယ့် ပုံစံလေးတွေးကြည့်လိုက်ရင်.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now