Ep(7)

204 15 4
                                    

ကိုယ့်နှလုံးသားပိုင်ရှင်..

Unicode

သီတင်းကျွတ်ပိတ်ရက်နောက်ပိုင်း ပိုင်စိုးမှာ ခါတိုင်းလိုပဲ ဒီဇိုင်းဌာနက အလုပ်ပေါင်းသောင်းခြောက်ထောင်နဲ့ ရှုပ်နေသည့်အပြင် Swan local Brand Pgကနေ သူ့ရဲ့ productကို တင်လိုက်ပြီမို့ အမှာစာတွေ ဆက်တိုက်တက်တာကြောင့် သော်တာ့ကို pg aminခန့်ပြီး လွှဲထားရသည်။ဒီကြားထဲ weekendတိုင်း online zoomသင်တန်းက ရှိနေတော့ ပိုင်စိုးမှာ ပိတ်ရက်လည်း အနားယူဖို့ အချိန်မရှိသလောက်ဖြစ်​ နေသည်။

"ပိုင်စိုးရေ..ဥက္ကဌက ရုံးခန်းခဏလာခဲ့ပါတဲ့"

"ဟုတ်ကဲ့..ကျွန်တော်သွားလိုက်မယ် မနီလာ"

အဖေ့ရုံးခန်းက အပေါ်ဆုံးထပ် 7လွှာဖြစ်ပြီး ပိုင်စိုးတို့ဒီဇိုင်းဌာနက လေးထပ်မြောက်မို့ ဓာတ်လှေကားနဲ့
ခဏဆိုရင်ရောက်ပြီ။ဓာတ်လှေကားဆိုလို့ လွန်ခဲ့တဲ့ နှစ်လက ဘုရားက အဖြစ်ပျက်လေးတွေသွားသတိရပြီး အဖြူရိပ်လေးကို အခုချက်ချင်းပြေးတွေ့ချင်စိတ်တွေ ဖြစ်လာသည်။ဒါပေမယ့်လည်း ရွက်နုဖူးက အဖြူရိပ်လေးကို ဧည့်သည်တွေနဲ့မပက်သက်ရဘူးဆိုတဲ့ အမိန့်ထုတ်ထားတော့ ပိုင်စိုးမှာ တွေ့ချင်တာတောင် သွားတွေ့လို့မရသည့်အဖြစ်။

အခုတလော ရွက်နုဖူးက ပိုဆိုးလာတယ် ၊ ဖုန်းခဏခဏဆက်ပြီး တွေ့ဖို့ခဏခဏချိန်းတာတွေ လုပ်တဲ့အခါမျိုးမှာ ပိုင်စိုးဘက်က
အလုပ်မအားတာကို ဆင်ခြေလုပ်ပြီးရှောင်နေရသည်။

အခုပိုင်စိုးအဖြစ်က သူ့ဘက်ကနေ အလိုက်သင့်နေပေးနေရင် တစ်ဖက်သားကို မျှော်လင့်ချက်ပေးသလို ဖြစ်နေမှာလည်း စိုးတာနဲ့ ရှောင်နေရတာတကြောင်း ဖြူ့အကြောင်းလေးများ အနည်းငယ်သိရနိုးနဲ့ ဆက်ပြီးသည်းခံနေရတာကတမျိုးနဲ့ ပိုင်စိုးမှာ စိတ်ကနှစ်ဖက်လွန်ဆွဲလို့နေသည်။ပြောရရင်တော့ ဆုပ်လည်းစူး စားလည်ရူးဆိုတာ ပိုင်စိုးရဲ့အဖြစ်နဲ့ ကွက်တိပင် ဖြစ်သည်။

ပိုင်စိုးဝင်သွားတော့ ရင်းနှိးနေသည့် မျက်နှာနဲ့ အဖေ့အရွယ် အဝတ်စားသပ်သပ်ရပ်ရပ်ဝတ်ထားသည့် လူတစ်ယောက်က ဆိုဖာရဲ့ တစ်ဖက်မှာထိုင်ရင်း စကားလက်ဆုံကျနေသည်မို့ ပိုင်စိုးလည်းအသာဝင်ထိုင်လိုက်သည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now