Ep(19)

194 12 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"အကို ဖယောင်းကို စနေတာလားဟင်..တကယ်မဟုတ်ဘူးမလား..ဟုတ်ပါတယ်..အကို ဖယောင်းကိုနောက်နေတာပဲဖြစ်မှာပါ..အကို့လို အရာရာ ပြီးပြည့်စုံနေတဲ့သူတစ်ယောက်က..ဖယောင်းလို ယောက်ျားမကျ မိန်းမမကျဖြစ်နေတဲ့သူကို ချစ်စရာအကြောင်းမှမရှိတာလေ နော်"

"ကိုယ်အခု မင်းနဲ့ပက်သက်တဲ့အရာရာတိုင်းကို..အလေးနက်ထားပြီး ပြောနေတာပါ ဖြူ..ဒါတွေက ကိုယ့်ရင်ထဲက လာတဲ့စကားလုံးအစစ်အမှန်တွေပါ..စနောက်ခြင်းဆိုတာနဲ့ တန်ဖိုးဖြတ်မရအောင် ဖြူက ကိုယ့်အတွက် အနိူင်းမဲ့ပါပဲ..ဒါကြောင့် ဖြူ အကို့ကိုယုံစေချင်တယ်.."

"..."

ကိုယ် ဖြူ့ကို စတွေ့တဲ့အချိန်ကတည်းက ချစ်နေခဲ့တာ..အဲ့ဒီနောက်ပိုင်း ဖယောင်းဖြူဆိုတဲ့ ကောင်လေးအကြောင်းကို ကိုယ်များများသိခွင့်ရအောင် ကြိုးစားခဲ့တယ်..ဖြူ့အနားကို နီးနိုင်သမျှ နီးစပ်အောင် ကိုယ်ရှိနေခဲ့တာတွေက တိုက်ဆိုင်လို့မဟုတ်ဘူး ဖြူ..ရည်ရွယ်ချက်ရှိရှိနဲ့ ဖြူ့အချစ်ကို ပိုင်ဆိုင်ချင်လို့ အကိုဖန်တီးခဲ့တာတွေပဲ..အဲ့လိုလုပ်ခဲ့တဲ့အတွက် ကိုယ် ဖြူ့ကိုတောင်းပန်ပါတယ်..ဒါပေမယ့် ကိုယ့်အပေါ်တော့ စိတ်မငြိုငြင်လိုက်ပါနဲ့..ကိုယ့်နှလုံးသားက ဖယောင်းဖြူဆိုတဲ့ ကောင်လေးရှိမှ အနာဂတ်ကိုဆက်လှမ်းနိုင်မှာမို့ပါ"

ဖယောင်း အကိုအခုပြောသွားတဲ့စကားတွေကို အိပ်မက်မက်နေသလိုဖြစ်ပြီး ဘာတခွန်းမှမပြောပဲ အကို့ကိုပဲ မတုန်မလှုပ်ရပ်ကြည့်နေမိသည်။

လူတကာအားကျရလောက်အောင် ထက်မြတ်တဲ့အကို အသိုင်းဝိုင်းကောင်းကနေ ပေါက်ဖွားလာတဲ့ အကို့လိုလူမျိုး က သူ့လိုမိန်းကလေးဆန်တဲ့ ယောက်ျားတစ်ယောက်ကိုချစ်တယ်တဲ့လား။

"ဟင့်အင်း..မဖြစ်နိုင်ဘူး အကို.. အကိုက ဖယောင်းလိုလူကို ချစ်လို့မရဘူး...အကိုက မိသားစုဖန်တီးပေးနိုင်တဲ့..အကို့ဘဝကို ပါရမီဖြည့်ပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်ကိုပဲ အကိုချစ်သင့်တာ.."

"ဘာလို့မဖြစ်နိုင်ရမှာလဲ ဖြူရယ်..ကိုယ်မေးပါရစေ.. ဖြူက ဘာတွေချို့ယွင်းချက်ရှိနေလို့လဲ..ဟင် အကို့ကိုပြောပါဦး..​ကိုယ်လည်း လူတစ်ယောက်..ဖြူလည်း သာမန်လူတစ်ယောက်ပဲလေ..လူတစ်ယောက်က တစ်ယောက်ကို ချစ်တာ အပြစ်ရှိနေသလား..ဖြူ...​"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Nơi câu chuyện tồn tại. Hãy khám phá bây giờ