Ep(29)

159 16 3
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"သော်တာက ညနေငါးနာရီလောက် ကားကထွက်မှာဆိုတော့ အခုသွားမှ အချိန်မီမှာ ဖယောင်းရယ်..သော်တာ အဒေါ်ကြီးကို ပြောပေးခဲ့မယ်နော်..ဖယောင်း​နေရ မယ့်အခန်းနဲ့ အမေ့အခန်းကို လိုက်ပြပေးလိမ့်မယ်"

Luggageကြီး မနိုင်တနိုင်ဆွဲပြီး အိမ်အပေါက်ဝမှာ တန်းဆုံတဲ့ သော်တာက ဖယောင်းကိုအားနာလို့ထင်သည်။အကို့အမေဘာပြောပြော နားလည်ပေးဖို့ရယ် သူ့အကိုကို ထားမသွားဖို့ရယ် အတန်တန်မှာပြီး မှ သူ့သူငယ်ချင်းတွေနဲ့ ခရီးထွက်သွားလေသည်။

အခန်းထဲရောက်တာနဲ့ ပါလာတဲ့အဝတ်ထုတ်လေးကိုနေရာချပြီးတာနဲ့ ဘေးချင်းကပ်ရပ်က အကို့အမေအခန်းဆီကူးဖို့ပြင်ရသည်။ကိုယ့်အိမ်ဟုတ်မနေသောကြောင့် နည်းနည်းတော့အနေရခက်ပေမယ့် ဒီမှာလာနေရတဲ့ အဓိကရည်ရွယ်ချက်က အကို့အမေကို ပြုစုပေးဖို့ဖြစ်တာကြောင့် စိတ်ကိုတင်းထားလိုက်သည်။

"ဒေါက်..ဒေါက်"

တံခါးပွင့်လာပြီး လာဖွင့်ပေးသူက ထမင်းချက်တဲ့အဒေါ်ကြီး ဖြစ်နေသည်။လက်ထဲမှာ ဗန်းတစ်ခုနဲ့ ထွက်လာသည်မို့ ​ကြည့်ရတာ အခုလေးတင် အန်တီ့ကိုဆေးတိုက်ပြီးခဲ့ပုံရသည်။

"ဝင်သွားလိုက်နော်...သားလေး..လိုအပ်တာတစ်ခုခုရှိ ကြီးမေကို ပြောပေါ့..အခုတော့ နေ့လည်စာလေး သွားစီစဥ်လိုက်ဦးမယ်"

"ဟုတ်ကဲ့..ကြီးမေ"

တံခါးကို အသာလေး ပြန်ပိတ်ပြီးတာနဲ့ အန်တီ့ခုတင်ဘေးက ခုံမှာအသာလေးဝင်ထိုင်လိုက်တော့ မျက်လုံးတွေမှေးမှတ်ထားသူက ဖယောင်းကို စောင်းငဲ့ကြည့်လာသည်။

"အော်..သားရောက်နေတာပဲ..ကြည့်ရတာ သော်တာက သားကိုအပူကပ်လိုက်ပြန်ပြီထင်တယ်..မခေါ်ပါနဲ့ အမေနေရအဆင်ပြေတယ် ပြောတဲ့ဟာကို.."

"ရပါတယ်..အန်တီ..ဖယောင်းလည်း ဘာအလုပ်မှမရှိပါဘူး..အားမနာပါနဲ့..အန်တီ အခုရော ခေါင်းမူးနေသေးလား..ဖယောင်း ဘာလုပ်ပေးရမလဲဟင်.."

"နေနေ..ရတယ်..မနေ့က ဒေါက်တာ ဆေးတစ်လုံးထိုးပေးလိုက်တာနဲ့ ရောဂါတစ်ဝက်လောက် သက်သာနေပါပြီ..တကယ်လို့ သားဒီမှာအနေရကြပ်နေရင် ပြန်ချင်ပြန်လို့ရတယ်..အန်တီ့ကိုစိတ်မပူပါနဲ့..
အဒေါ်ကြီးလည်းရှိသလို..ညကျရင် ကိုသန့်စင်လည်းရှိနေတော့ ထွေထွေထူးထူး ဘာမှလုပ်ပေးစရာမလိုပါဘူး"

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now