Ep(10)

233 10 2
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

ဖယောင်း အိမ်ထဲဝင်တော့ အကိုဝတ်ပေးလိုက်တဲ့အပေါ်ဝတ်အက်ျီလေးကို သေးသေးကျစ်ကျစ်လေးဖြစ်အောင်ခေါက်ပြီး မမလေးမမြင်အောင် ပုန်းလျီုးကွယ်လျှိုးနဲ့ သယ်ရင်း အိပ်ခန်းထဲရောက်မှ သက်ပြင်းချနိုင်သည်။

အက်ျီအကွက်လေးကို သေချာလျော်ဖွတ် မီးပူတိုက်ပြီး အိတ်အကြည်လေးနဲ့ ကျကျနနထည့်ပြီး အကိုနဲ့တွေ့တဲ့နေ့ကျ ပြန်ပေးဖို့စဥ်းစားထားသည်။

အကိုက ဖယောင်းအပေါ် တကယ်ကြင်နာတယ်။ ဖယောင်းရဲ့ခံစားချက်တွေ နားလည်ပေးနိုင်သလို ကိုနဲ့အတူရှိနေတဲ့အချိန်တိုင်း လုံခြုံနွေးထွေးမှုကို ခံစားရစေတယ်။အတွေးထဲမှာ အကိုလို့စဥ်းစားလိုက်တာနဲ့ နွေးထွေးခြင်းဆိုတဲ့ ေဝါဟာရလေးက ကပ်ပါလာတာမို့ အကိုပိုင်စိုးသူဟာ ဖယောင်းဘဝကို အလင်းရောင်ဆောင်ကြဥ်းပေးနေတဲ့ နေမင်းကြီးတစင်းလိုပင်။

မမလေးတို့ကို ထမင်းပွဲပြင်ပြီးတာနဲ့ ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်လာပြီး တနေ့တာအတွင်း မှတ်ဉာဏ်ထဲ သိမ်းဆည်းထားတဲ့ ပုံရိပ်တချို့ မပျောက်ပျက်သွားစေရန် ရေးခြစ်ဖို့ ခဲတံလေးကို ကောက်ကိုင်လိုက်သည်။ဒီနေ့လည်း ပန်းချီဆွဲဖို့ စာအုပ်လေးယူသွားခဲ့ပေမယ့် အကိုနဲ့စကားတွေအများကြီးပြောခဲ့ရတော့ ပုံဆွဲဖို့တောင် သတိမေ့နေမိတဲ့သူ့အဖြစ်။

မျက်လုံးခဏမှိတ်ပြီးတာနဲ့ အာရုံမှာထင်ဟပ်နေတဲ့ အကို့ မျက်နှာချောချောကို လက်လေးတစ်လှုပ်လှုပ်နဲ့ ခဲခြစ်ရင်း ပုံဖော်နေမိသည်။မေးရိုးထင်းထင်းနဲ့ယောက်ျားပီသတဲ့မျက်နှာ ထင်ရှားတဲ့ မျက်ခုံးတန်းတွေ။ရယ်လိုက်ရင် ပေါ်လာတတ်တဲ့ သွားစွယ်ချွန်ချွန်လေးနှစ်ဖက်။
ပုခုံးကျယ်ပြီး အရပ်ရှည်တဲ့သူက မျက်လုံးထဲမှာတော့ အားနည်းချက်ဟူ၍ တစိုးတစိတောင်မရှိဘဲ ပြီးပြည့်စုံနေပေသည်။

အချိန်အားဖြင့် ဆယ်မိနစ်ခန့်ကြာပြီးနောက်မှာတော့
ဂရုဏာသက်သော မျက်ဝန်းတစုံဖြင့် စိုက်ကြည့်နေခဲ့တဲ့ ပုံရိပ်ယောင်လေးက စာရွက်ဖြူဖြူထက် ထင်ရှားစွာနေရာယူထားလေသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now