ကိုယ့်နှလုံးသားပိုင်ရှင်
Unicode
"ပိုင်တို့မောင်နှမ ညကျဘုရားသွားရင်လာမယ်မလားဟင်..လာမှလည်းရမှာနော် ရွက်နုတို့က ဒီနေ့ ဘုရားမှာ ကြာဇံကြော်ကြော်ပြီး ဝေဖို့ စီစဥ်ထားတယ်..အဲ့ဒါ ပိုင်တို့ယောက်ျားလေးတွေပဲ အားကိုးရမှာ"
"အင်း လာခဲ့မယ်လေ..ညနေ ခြောက်နာရီလောက် အရောက်လာရင်ရတယ်မလား"
"ရတာပေါ့..ဖြစ်နိုင်ရင် ပိုင်တို့မပြန်ဘဲ ညနေကျမှ ရွက်နုတို့နဲ့တခါတည်း သွားစေချင်တာ..အဲ့လ်ုဆိုရင်ရော အဆင်ပြေလားဟင် ပိုင်"
သော်တာတစ်ယောက် သူ့အစ်ကိုကြီးရဲ့ဘေးနား လက်မောင်းကိုင်လိုက် ပုခုံးမှိလိုက်နဲ့ ပြောနေတဲ့ အစ်မကြီးကို ကြည့်ပြီး စိတ်လေမိတယ်။ကြည့်လေ
အသံက ရုံးပတီသီးပင် ပက်ကျိတက်သလို ချွဲပျစ်နေတာများ မိန်းကလေးချင်းတောင် အမြင်ကပ်စရာကောင်းလောက်သည့်အမျိုး။
ကိုကြီးကတော့ အဲ့ဒီအစ်မကြီးကို ရှိတယ်လို့တောင်ထင်ရဲ့လားမသိ။ဘေးနားကနေ အင်းအဲသာ ဖြေနေတာ စိတ်ကတော့ တနေရာရောက်နေပုံရသည်မို့
ေသာ်တာ ကြိတ်ရယ်နေမိသည်။
"ကိုကြီး..သော်တာတော့ မနေချင်ဘူးနော်..ပြန်မယ်"
"ဟာ..မိသော်တာ နင်ကလည်း အချိန်ကိုလည်း
ကြည့်ဦး..နေ့လည်ပဲ ရောက်တော့မယ်..ဒီမှာပဲနေလိုက်ပြီး ညနေ ငါတို့တစ်အုပ်စုတည်း သွားမယ်လေ ပိုင်စိုးရာ..နော်"
သုတအောင်တို့ ရွက်နုဖူးအနားနေရဖို့ သူတို့မောင်နှမနှစ်ယောက်ကို ခုတုံးထပ်လုပ်နေပြန်သည်။
"သုတ..မင်းဘာသာနေချင်နေခဲ့..ငါတို့တော့ပြန်မှာ နော် ကိုကြီး..သွားမယ် လာ..အရမ်းနေချင်နေတဲ့ကောင်ကို အဲ့မှာပဲထားခဲ့လိုက်"
"အားတော့နာပါတယ် ဖူးဖူး..ကျွန်တော်တို့ အိမ်ပြန်ပြီး ရေမိုးချိုး အဝတ်စားလဲပြီးမှ ဒီကို ညနေစောင်းလောက် ပြန်လာလိုက်ရင်ရော..အဲ့လိုဆိုရင်ရော အဆင်ပြေလားဗျ..အိမ်မှာ မေမေတို့ အမျိုးတွေ ဒီနေ့ လာကန်တော့ကြမယ်ဆိုလို့လေ အဲ့ဒါ..ကျွန်တော်တို့မရှိရင် မျက်နှာပျက်စရာတွေ ဖြစ်မှာစိုးလို့ပါ"
YOU ARE READING
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romanceအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...
