ကိုယ့်နှလုံးသားပိုင်ရှင်
Unicode
"အိမ်ရောက်ရင် ဆေးသောက်ဦးနော် ဖြူ..ပြီးတော့ နွေးနွေးထွေးထွေးနေ..အအေးမိမယ့် အလုပ်တွေ နည်းနည်းလျော့လုပ်ဦး.."
"ဟုတ်..အဲ့ဒါဆို ဖယောင်းကို သွားခွင့်ပြုပါဦး အကို.."
"ဖြူ"
တံခါးဖွင့်ပြီး ဆင်းမယ်ကြံမှ အကိုခေါ်သံကြောင့် နောက်လှည့်ကြည့်လိုက်တော့ ဖယောင်းရဲ့ကိုယ်လေး နွေးထွေးတဲ့ရင်ခွင်ကျယ်တစ်ခုထဲ နစ်မြုပ်လို့သွားသည်။
"ခဏလေး..အကို ခဏလောက် ဒီလိုလေး နေလို့ရမလား"
လုံခြုံနွေးထွေးမှုတွေ အပြည့်ဝပေးနိုင်တဲ့ နေရာကျဥ်းကျဥ်းလေးက အကို့ရဲ့ရင်ခွင်တစ်စုံလို့ ဖယောင်းသတ်မှတ်ထားတယ်။
နေခြည်လိုနွေးထွေးတဲ့အပြုံးတွေသာ စွန့်ကြဲတတ်တဲ့အကို တလောကလုံးမှာ သူ့ဘက်မှာသာရှိနေပေးတဲ့အကို က ဖယောင်းအတွက်တော့ ထပ်ပြီးလောဘတက်လို့မရတဲ့သူတစ်ယောက်ပါပဲ။ဒီနေရာလေးမှာပဲ ရပ်တန့်ပြီး အကိုပျော်နေတာ ငေးကြည့်မယ်။စိတ်ဓာတ်ကျနေရင် ကူညီဖေးမယ်။ဒီလောက်ပါပဲ ဖယောင်းနဲ့အကိုရဲ့ဆက်ဆံရေးက ဒီလိုပဲ ရိုးရှင်းစွာနဲ့ ဖြတ်သန်းရင်း အချိန်တွေကုန်မှန်းမသိ ကုန်လာနေတုန်းပါပဲ။အကို့နောက်ကျောကို ဖယောင်းပြန်ဖက်တွယ်ထားလိုက်ပြီး ပုခုံးပေါ်ကနေတဆင့် ကျီစားနေတဲ့ အကို့ရဲ့ ဝင်သက်ထွက်သက်နွေးနွေးကို ဖယောင်းနှစ်သက်နေမိပြန်သည်။
ခဏနေတော့ အကိုက ကြည်ကြည်ဖြူဖြူပြန်လွှတ်ပေးပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့နဲ့ အကို စိတ်ပူတယ်ဆိုတဲ့အကြောင်းထပ်တလဲလဲမှာပြီးနောက် ဖယောင်းအိမ်ထဲရောက်တဲ့အထိ
ကြည့်ပြီးမှ ပြန်သွားလေသည်။"တောက်!!"
ဖယောင်းဖြူ အထဲပြန်ဝင်သွားတာနဲ့ အုတ်နံရံနဲ့ကွယ်ပြီး ကြည့်နေခဲ့တဲ့ ရွက်နုဖူးတစ်ယောက် အောက်နူတ်ခမ်းကို ခပ်ပြင်းပြင်းဖိချေလျက် ဒေါသတကြီး ဖြစ်နေတော့သည်။
"ဟက်..ဖယောင်းဖြူ နင့်လို အောက်တန်းစားအကောင်ကများ..ငါ့လူကို မတန်မရာ မှန်းရဲတယ်ပေါ့..နင်စောင့်ကြည့်နေလိုက်!!..ဒီတစ်ခါတော့ ပိုင်က ဘယ်သူပိုင်တယ်ဆိုတာ ငါကိုယ်တိုင် သက်သေပြမယ်"
![](https://img.wattpad.com/cover/323679899-288-k394974.jpg)
CZYTASZ
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romansအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...