ကိုယ့်နှလုံးသားပိုင်ရှင်
Unicode
"ဖူးဖူး နင်ဟာ..လုပ်ချလိုက်ပြန်ပြီ ကျစ်"
ဒီနေ့က သုတအောင်တို့အတွက် ကံဆိုးတဲ့နေ့လို့ပြောရမလားပဲ။ဖူးဖူးကို ဘားအထိ လာခေါ် ရတယ် ၊ ပြီးတော့ ဒင်းလေးက ဖယောင်းတိုင်လေးကို ပြသနာရှာတော့ ပိုင်စိုးနဲ့ထိပ်တိုက်တွေ့တယ်။တော်သေးတယ် ၊ သုတ ကြားကနေ
ဝင်ဖြန် ဖြေလိုက်လို့ ဟိုသကောင့်သားက ဒေါသလျော့သွားတာ။အင်း ဒါနဲ့မပြီးသေးဘူး ကိုယ့်ကားလေး ဝပ်ရှော့လွှတ်ထားရလို့ အိမ်ကကားကို အားကိုးရလားမှတ်တယ်။မာမီက မနက်ကပဲ
မကွေးကို ချောဆွဲသွားတယ်ဆိုတော့ သုတအောင်တို့ အမူးသမားချစ်သူလေးနဲ့ တက္ကစီငှားပြန်ရသည်ပေါ့။အခုလည်း ကားပေါ်မှာ အငြိမ်မနေ ဟိုယိမ်းဒီယိမ်းနဲ့ လမ်းတဝက်ရောက်တော့ အန်ချပစ်လိုက်တာ လူလည်း ချဥ်စော်တူးကုန်ပါရော။
"ဦးလေး..ခုနလိပ်စာအတိုင်းမဟုတ်ဘဲ ဒီနားက ပုလဲကွန်ဒိုကိုပဲ ပို့ပေးပါခင်ဗျ"
ပိုင်စိုးရဲ့ ကွန်ဒိုအခန်းမှာ အက်ျီအရင်ဝင်လဲပီးမှ ဖူးဖူးကို အိမ်လိုက်ပို့ဖို့ ဆုံးဖြတ်လိုက်သည်။မဟုတ်ရင် ဒီအနံနဲ့တင် မသောက်ပဲ မူးနေရမှာ သုတအောင်တို့ဖြစ်တော့မှာ။
"ဂျလောက်"
သော့ဖွင့်ပြီးတာနဲ့ ဖူးဖူးကို ဧည့်ခန်းက ဆိုဖာပေါ်မှာ ခဏမှီထိုင်ခိုင်းပြီး အက်ျီ ဝင်လဲဖို့လုပ်ရသည်။အခန်းက master roomဖြစ်တာမို့ မီးဖိုချောင် အိပ်ခန်း ဧည့်ခန်း အကုန်တွဲရက်ပင် ဖြစ်သည်။အားလပ်ရက်ဆို ဒီမှာ လာနေနေကျမို့ ပိုင်စိုးမပါလည်း ဝင်ဖို့က သူ့ကိုသော့တစ်ချောင်းအပိုပေးပြီးသားမို့ စိတ်ပူစရာတော့သိပ်မရှိ။တံခါးမရှိ ဓားမရှိ ဝင်ထွက်ခွင့်ပြုထားပြီး မင်းကြိုက်တဲ့အချိန် ဝင်နေဆိုပြီး ခွင့်ပေးထားတဲ့ သဘောကောင်းတဲ့ ကောင်ကြီးကို တွေးမိတော့ ပြုံးမိသည်။
ဖယောင်းတိုင်လေးနဲ့ ချစ်သူမဖြစ်ခင်တုန်းကတော့ ဖွင့်ပြောလိုက်ရင် သူ့ကိုမုန်းသွားမှာစိုးလို့ ကြက်ကြီးလည်လိမ်ထားသလို weekendတိုင်း ရင်လာဖွင့်လိုက်ရတာ အမော။
![](https://img.wattpad.com/cover/323679899-288-k394974.jpg)
ESTÁS LEYENDO
ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)
Romanceအရောင်တွေကင်းမဲ့တဲ့ ဖယောင်းတိုင်လေးမှာ တစ်သက်တာထာဝရ ကိုယ့်အချစ်မီးစာလေး ထွန်းညှိလို့ထားချင်သည်... Main character-ပိုင်စိုးသူ❤ဖယောင်းဖြူ A/N:Ukeအလှလေး ပုံစံမျိုးကို သဘောကျလို့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ဒါကြောင့် ukeက Sissy type နဲ့Weak ဖြစ်တာမျိုးကိုမ...