Ep(15)

378 14 0
                                        

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဒယ်ဒီ..သမီး ခဏဝင်လာမယ်နော်"

ပထမအကြံစည်လွဲခဲ့ ​ကတည်းက ဒုတိယအစီ
စဥ်ကို လုပ်ဆောင်ဖို့ ရွက်နုဖူး ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။အစကတော့ ရှင့်ကိုချစ်လို့ ပိုင်ဆိုင်ချင်တာ။အခုတော့  ကျွနိမကို ရွံရှာသလို စက်ဆုပ်သလို ဖြစ်နေတဲ့ ရှင့်ရဲ့မာနကို ချိုးချင်လို့။စောင့်ကြည့်နေလိုက် ရှင်အရမ်းမုန်းပါတယ်ဆိုတဲ့ မိန်းမက တနေ့ ရှင့်ဘဝကိုခြယ်လှယ်နိုင်တဲ့ သူတစ်ယောက်ဖြစ်လာစေရမယ်။

"ကဲ..ဆိုပါဦး..ဘာတွေ ပူဆာဦးမလို့လဲ..မီးငယ်..ကျွန်မတော့ အနံ့တွေရနေတယ် ယောက်ျားရေ"

"မာမီကလည်း ရှိတာမှ ဒီသမီးလေးတစ်ယောက်တည်း..စိတ်ညစ်သလိုပြောနေတယ်..ဘာလဲ သမီးကိုမချစ်တော့ဘူးလား"

"မချစ်ပဲနေမလား..ကဲပါ..ညကြီးမင်းကြီး အခန်းထဲထိလာရတယ်ဆိုတော့..ဒီတစ်ခါ ငါ့သမီးတောင်းဆိုမှာက ကြီးကြီးမားမားအရာတစ်ခုဖြစ်ရမယ်..ဒယ်ဒီခန့်မှန်းတာ မှန်လား သမီး"

"ခစ်..ခစ်..ဒယ်ဒီကလေ သမီးရဲ့ဒယ်ဒီပီသတယ်သိလား..အကင်းပါးတာလည်း ပြောမနေနဲ့..ဒီလို ဒယ်ဒီရဲ့..ဟိုတနေ့က ဒယ်ဒီနဲ့အတူသွားတဲ့ ​company သိတယ်မလား..အဲ့ဒီမှာလေ ဥက္ကဌရဲ့သား ပိုင်စိုးသူလေ ဒယ်ဒီမှတ်မိမှာပါ သမီးနဲ့တောင် စကားပြောဖြစ်ကြသေးတယ်"

"အင်း..သိတယ်လေ..အဲ့ဒီကလေးက ရည်ရည်မွန်မွန်လေးနဲ့ တော်လွန်းလို့ သားသမီးရကံကောင်းတယ်လို့တောင် ကို..ကိုချီးကျူးခဲ့သေးတယ်..အဲ့ဒါဘာဖြစ်လို့လဲ သမီး"

မာမီက ဖုန်းကြည့်နေရာကနေ ယောက်ျားလေးတစ်ယောက်နာမည်လည်းကြားရော ရွက်နုနဲ့ဒယ်ဒီပြောနေတဲ့ ဆိုဖာခုံ အဝိုင်းဘေးမှာ နေရာလာယူသည်။

"အင်း..သူနဲ့သမီးက ချစ်သူတွေ ဒယ်ဒီ"

"ဘယ်လို..ချစ်သူတွေ..ဟုတ်လား သမီး..မြန်လိုက်ကြတာ...အခုခေတ်လူငယ်တွေများ.."

"မီးငယ်..သူက ဥက္ကဠသားဆိုတာ သေချာရဲ့လား..ကုမ္ပဏီကရော မာမီတို့လောက် အင်အားတောင့်လို့လား.."

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Dove le storie prendono vita. Scoprilo ora