Ep(33)

350 14 4
                                        


ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

"ဟယ်လို..ဖြိုးဖြိုး ပြောနေပါတယ်ရှင်"

"အကို ပိုင်စိုးသူပါ ညီမလေး.."

"ဟယ်..ကိုလေးပဲ..ကြည့်ပါဦး..ကိုလေးတို့ကလေ ​ချစ်သူလေးအနားရောက်သွားတာနဲ့ပဲ ဖြိုးဖြိုးတို့ကိုမေ့နေလိုက်တာ..အခုမှပဲ ဖုန်းဆက်တော့တယ်..ဟွန့်..ဖြိုးဖြိုးမှာတော့ မနက်က
ကြီးနုနဲ့တောင်ပြောနေသေးတာသိလား"

"ဆောရီးပါ ညီမလေးရယ်..အကိုလည်း ဒီကြား
ထဲ အလုပ်ကိစ္စနဲ့ ဘန်ကောက်ရောက်သွားပြီး.. ​ဒီဘက်ကို တော်တော်လစ်ဟင်းသွားတယ်..အကိုတောင်းပန်တယ်နော် ညီမလေး.."

"အယ်..တောင်ပန်စရာလားလို့နော်..ဒီက ညီမလေးက နောက်နေတာပါ ကိုလေးရဲ့..ဖြိုးဖြိုးကလေ ကိုလေးတို့ ချစ်သူနှစ်ဦး အဆင်ပြေနေတယ် ပျော်ရွင်နေတယ်ဆိုရင်ပဲ ရပြီ..ကျန်တာဘာမှမလိုဘူးသိလား..ကိုလေးသိပါတယ်..
ဖြိုးဖြိုးက ကိုလေးကိုစတွေ့ကတည်းက ဖယောင်းလေးနဲ့ ကြိတ်သဘောတူခဲ့တာလေ..အဟင်း.."

"အဟား..မှတ်မိပါတယ်ကွာ..အခုလည်း ညီမလေးတို့ကို အကိုတို့ကိစ္စနဲ့ပက်သက်ပြီး အကူညီလေးတစ်ခုလောက် ထပ် တောင်းစရာလေးရှိနေလို့ ညီမလေး..အဲ့ဒါ မနက်ဖန် မနက်ပိုင်း စျေးသွားတဲ့အချိန်လေး ခဏလောက် အကို ကြီးနုနဲ့ ညီမလေးကို လာတွေ့မယ်လေ..ရမလား"

"အိုး..ရတာပေါ့..ရတယ်..ကိုလေး..ရတယ်..​ဖြိုးဖြိုးတို့က မနက်ဖန် စျေးတပတ်စာလောက် ဝယ်မှာဆိုတော့ အချိန်ရတယ်..အတော်ပဲ..ဖြုးဖြိုးလည်း ဖယောင်းလေးကို မတွေ့ရတာကြာလို့ တွေ့ချင်နေတာ"

"ဟုတ်ပြီ..အဲ့ဒါဆို ကိုလေး မနက်လာခဲ့မယ်..ဖြိုးဖြိုးတို့ မနက်စာမစားထားနဲ့သိလား..စကားလည်း​ပြောရင်း မနက်စာလည်း အပြင်မှာ စားကြမလားလို့"

"ဟာ..ပျော်စရာကြီးပေါ့..အဟီး.."

ဖုန်းချပြီးတာနဲ့ ဖြူ့ကိုလိုက်ရှာတော့ မီးဖိုချောင်ထဲမှာ အဒေါ်ကြီးနဲ့အတူ တကုပ်ကုပ် အလုပ်ရှုပ်လို့နေသည်။နောက်ကျောလေးကို ကြည့်ရင်း ခုနက ခရီးရောက်မဆိုက် မြင်လိုက်ရတဲ့ မျက်နှာလေးကို ပြန်မြင်ယောင်လာတာကြောင့် လက်သီးကို ခပ်တင်းတင်းဆုပ်မိသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Место, где живут истории. Откройте их для себя