Ep(6)

214 11 0
                                    

ကိုယ့်နှလုံးသားပိုင်ရှင်

Unicode

ပိုင်စိုးတို့ ကားပါကင်ထိုးလိုက်တော့ သုတတို့ကားက အရင်ရောက်နှင့်နေပြီး ရွက်နုဖူးက ပိုင်စိုးတို့ကားကို စောင့်နေပုံရသည်။သီတင်းကျွတ်လပြည့်နေမို့ ထုံးစံအတိုင်း လူအရမ်းစည်ပြီး ပိုင်စိုးတို့လို အလှူရှင်တွေလည်း ပေါ်များသည်။

"ပိုင့်ကို တို့စိတ်ဆိုးတယ်သိလား..ရွက်နုကလေ ပိုင်နဲ့တွေ့တဲ့အချိန်လေးကို အရမ်းတန်ဖိုးထားတယ်..ဒါပေမယ့် ပိုင်ကတော့ အဲ့လိုမဟုတ်ပါဘူး..ရွက်နုက ဘယ်လောက် လိုက်လျောလိုက်လျော ပိုင်ကတော့ ရေခဲတုံးကြီးအတိုင်းပဲ..မတုန်မလှုပ်နဲ့ ပိုင့်ကိုတကယ်အားမရဘူး!"

ကားပေါ်ကဆင်းတာနဲ့ ပိုင်စိုးအရှေ့မှာ လက်ကိုပိုက် မျက်စောင်းကိုချိတ်ထိုးပြီး ဟန်နဲ့ပန်နဲ့ ပြောနေတဲ့ ရွက်နုဖူး။

"ကိုယ်က အရင်ကတည်းက အဲ့လိုပဲ ရွက်နု..ပြီးတော့ အခုမှသိတဲ့လူတစ်ယောက်အတွက်နဲ့ အရာရာ လိုက်ညှိတတ်တာ ကိုယ့်စတိုင်မဟုတ်ဘူး..
မေးကြည့်ပါ.. သုတလို နှစ်ရှည်လများသိလာတဲ့သူဆို ကိုယ့်အကြောင်းကောင်းကောင်းသိတယ်.."

"တောက်!"

ပြောပြီးတာနဲ့ ချာကနဲ လှည့်ထွက်သွားသူကို ရွက်နု တကယ်စိတ်တိုတယ် ၊ အရင် သူ့ကိုလာflirtတဲ့ ကောင်လေးတွေဆို ပိုင့်လိုမဟုတ်ဘူး။နည်းနည်းလေး အရောဝင်လိုက်တာနဲ့ ကိုယ့်ရှေ့ဒူးထောက်ခစားပြီး အသက်ပါပေးပါ့မယ်ဆိုတဲ့ သူတွေကြီးပဲ။

အခု ဒီတစ်ယောက်နဲ့ကျမှ ဘာလို့အဲ့လောက်တောင်
ခက်ခဲနေရသလဲဆိုတာ ရွက်နုအဖြေရှာမရဘူး။
စောင့်ကြည့်နေပါ ရွက်နုရဲ့ မိန်းမမာယာကို ပိုင်ဘယ်အချိန်ထိတောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။

"ဖြိုးဖြိုးရယ်..သုတရယ်..ဖယောင်းနဲ့ ပိုင့်ညီမလေး
တို့က အထုပ်တွေဆွဲပြီး အနောက်ကလိုက်ခဲ့နော်..
ငါနဲ့ပိုင်နဲ့က ဘုရားပေါ်အရင်တက်နှင့်မယ်...လာ..ပိုင် သွားရအောင်"

ရွက်နုဖူးက ပိုင်စိုးကို လက်မောင်းအတင်းချိတ်ကာ ဓာတ်လှေကားအနား ဆွဲခေါ်လာတာကြောင့် အနောက်မှာကျန်ခဲ့တဲ့ အဖြူရိပ်လေးကို စိုးရိမ်စိတ်နဲ့ လှည့်ကြည့်တော့ လူအုပ်ကအရမ်းများနေကာ လူကောင်သေးသေးလေးက မြင်ကွင်းထဲ ပျောက်ကွယ်သွားသည်။

ကိုယ့်နှလုံးသားပိုင်ရှင်(Hiatus)Where stories live. Discover now